ထိကရုံးပင်များဟာ ဆူးဖြူမျိုးရင်း၀င်ဖြစ် ဖြစ်ပါတယ်။ (အပင်၏ ပုံသဏ္ဌာန်) အပင်ပျော့ငယ်မျိုး ဖြစ်ပါတယ်။ အရိုင်းပေါက်ပင်ဖြစ်၍ ဆူးများပါရှိကြပါတယ်။ အခက်အလက် များပေါ်တွင် အမွှေးကြမ်းများ ပါရှိနေကြပြီး ရိုးတံမှာ အနီရောင် ဖြစ်ပါတယ်။ (အရွက်၏ပုံသဏ္ဌာန်) ရှားရွက်ကဲ့သို့ သေးငယ်ပါတယ်။ ခါငှက်မွှေး ရွက်ပေါင်းဖြစ်၍ ၎င်းအရွက်များကို ထိမိပါက အိပ်နေသကဲ့သို့ တွန့်ရှုံ့ကပ်သွားပြီးသောအံ့ဖွယ် အပင်တစ်မျိုး ဖြစ်ပါတယ်။
ရွက်ညှာ မရှိသလောက် ဖြစ်ပါတယ်။ ရွက်မြွှာများမှာ ကျဉ်းမြောင်း၍ ရှည်မျောမျောပုံဖြစ်ပြီး ရွက်ပြားကာ ပြောင်ချောလို့နေပါတယ်။ (အပွင့်၏ ပုံသဏ္ဌာန်) အပွင့်သေး၍ ပန်းရောင် ဖြစ်ပါတယ်။
ပန်းခိုင်မှာ ထီးတည်း ထွက်လေ့ရှိပြီး၊ ၎င်းပန်းခိုင်ထိပ်တွင် ပန်းပွင့်လေးများက ဘောလုံး သဏ္ဌာန်စုပြုံ ပွင့်ကြပါတယ်။ နန်းလုံးကြိုင် ပန်းပွင့်နှင့် ဆင်တူပါတယ်။ ဝါခေါင်၊ တော်သလင်းလများတွင် ပန်းပွင့်လေ့ ရှိပါတယ်။
(အသီး၏ ပုံသဏ္ဌာန်) လက်မ၀က် (၁/၂ လက်မ) ခန့်ရှည်၍ ပြားပါတယ်။ အပေါ်ဘက်သို့အနည်းငယ်ကွေးပါတယ်။ အသီးထဲတွင် အစေ့ ၃ - ၄ စေ့ ပါရှိကြပါတယ်။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် အသီးသီးလေ့ရှိပါတယ်။

ထိကရုံးပင်နှင့် ကျန်းမာရေး
ထိကရုံးဟု ဆိုရာတွင် ကုန်းထိကရုံးနှင့် ရေထိကရုံးဟူ၍ နှစ်မျိုးရှိပါတယ်။ ကုန်းထိကရုံးကို ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပါတယ်။
ထိကရုံးပင်များဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ သဘာ၀အလျောက် ပေါက်ရောက်လေ့ရှိပြီး၊ အရွက်၊ အမြစ်၊ ပဉ္စငါးပါးလုံး ဆေးဖက်၀င်ပါတယ်။
မြန်မာ့ ဆေးကျမ်းများ အလိုအရ ကုန်းထိကရုံးသည် ခါး-ဖန်သော အရသာရှိ၏။ အေးသောသတ္တိရှိ၏။ သလိပ်သည်းခြေတို့ကို ငြိမ်းစေ၏ဟု ဖော်ပြထားပါတယ်။

အရွက်၏ အသုံး၀င်ပုံ
အရွက်ကို ကြိတ်၍ ဆီးခုံပေါ်အုံပေးပါက ဆီးလွန်၊ ဆီးများခြင်း ရောဂါကို ပျောက်စေပါတယ်။ လိပ်ခေါင်း ရောဂါအတွက် ထိကရုံးပင်အရွက်ကို နွားနို့နှင့် ကြိုသောက်ပါ။
လတ်ဆတ်သော ထိကရုံး အရွက်နုနုများကို သန့်စင်စေရန် ဆေးကြော၍ ငါးမြွေထိုးခြောက်နှင့် ကြော်စားပေးခြင်း အားဖြင့် အင်္ဂါဇာတ်များ အောင့်ခြင်း၊ ကိုက်ခဲခြင်း၊ တုတ်ကောင်ရှိသောရောဂါ၊ ဒူလာသွေး ၀မ်းရောဂါတို့ကို ပျောက်ကင်း သက်သာစေပါတယ်။
လတ်လတ်သော အရွက်များကို ရေနှင့် သန့်စင်စွာဆေးကြောပြီးနောက် အခြောက်လှန်းကာ အမှုန့်ပြုလုပ်၍ လေ့လုံအောင် ပုလင်းနှင့်ထည့်ထားပါ။ အသုံးပြုလိုသောအခါတွင် ကျွဲနို့နှင့်ဖြစ်စေ၊ နွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ၊ နို့တစ်ခွက်ကို အပူပေးကာ လက်ဖက်ခြောက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ထည့်ပြီး သောက်ပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက် ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
ဤဆေးလက်ဖက်ရည်ကို ဝေဒနာရှင်များအနေဖြင့် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးရပါ့မယ်။ ခန္ဓာကိုယ်ယားယံခြင်း၊ ဝဲရောဂါနှင့် နူနာရောဂါဖြစ်ခါစများ အတွက်ကိုလည်း လတ်ဆတ်ပြီး ရေနှင့်သန့်စင်ထားသော ထိကရုံးရွက်ကို ကန့်မှုန့်အနည်းငယ်မျှ ရောစပ်၍ လိမ်းဆေးအဖြစ် ဖော်စပ်ကာ လိမ်းပေးနိုင်ပါတယ်။
အရွက်နှင့်ပင်စည်တို့ကို သကြားနှင့် ပြုတ်သောက်ပေးပါက ဆီးရောဂါများကို ကာကွယ်နိုင်ပါတယ်။ ဒါ့ပြင် ဆီးအောင့်ခြင်း၊ ဆီးပုပ်ခြင်း၊ ဆီးအနီသွေးကျခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးနီဥ နည်းပါးခြင်း၊ အင်္ဂါဇာတ်တွင် အနာအဆာဖြစ်ခြင်း တို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
အသားဝါရောဂါ ဖျားနာခြင်းအတွက် ထိကရုံးပင်၏ အရွက်လတ်လတ်ဆတ်ဆတ်ကို ကြိတ်ချေ၍ ဖျော်ရည်အဖြစ် သောက်ပေးပါ။
ခုနစ်ရက် အတွင်းမှာပင် အဖျားသိသိသာသာ ကျသွားပြီး၊ ရက်သတ္တ နှစ်ပတ်အတွင်းမှာပင် အသားဝါ ရောဂါလုံး၀ ပျောက်ကင်းသွား
ပါလိမ့်မယ်။
အဆုတ်တီဘီနာ ရောဂါအတွက်ကိုလည်း ထိကရုံးအရွက်ကို ကြိတ်ချေ၍ ရလာသော ဖျော်ရည် ၄၀ မီလီဂရမ်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။ အစာမကျေခြင်း (သို့) မကြာခဏ လေချဉ်တက်ခြင်းအတွက် ကိုတော့အရွက်ဖျော်ရည် ၃၀ မီလီဂရမ် သောက်ပေးနိုင်ပါတယ်။
အမြစ်၏ အသုံး၀င်ပုံ
အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာအမျိုးမျိုးမှ အမြစ်များ ထွက်လာစေပါတယ်။ အမြစ်ကိုပြုတ်၍ တစ်နေ့သုံးကြိမ် တိတိ သောက်သုံးပါက ဆီးအိမ်၌တည်သော ကျောက်ကို ကွဲကျစေပြီး ဆီးကောင်းစေပါတယ်။
လိပ်ခေါင်းရောဂါအတွက် ထိကရုံးပင် အမြစ်ကို သွေး၍ လိမ်းပေးပါ။ (သို့) အပင်၏အမြစ်ကို အခြောက်ခံ အမှုန့်ကြိတ်၍ ၎င်းဆေးမှုန့် လက်ဖက်ရည် ဇွန်းတစ်ဇွန်းစာ ပမာဏကို နွားနို့ဖြင့်သောက်ပါ။
ဤနည်းအတိုင်း တစ်နေ့ သုံးကြိမ်သောက်ပါ။ အအေးမိ၍ ချောင်းဆိုးခြင်းအတွက် အပင်၏အမြစ်ကို လက်တစ်ဆစ်ခန့် ဖြတ်တောက်ပြီးနောက် လည်ပင်းတွင် လက်ကိုင်ပုဝါဖြင့် ချည်နှောင်ပတ်ထားပေးခြင်းဖြင့် ချောင်းဆိုးခြင်းဝေဒနာကို ပျောက်ကင်းနိုင်ပါတယ်။
သွေး၀မ်း သွားခြင်းအတွက် အပင်၏ အမြစ်မှုန့်ကို ရေဖြင့်သောက်ပါ။ (သို့) သန့်စင်ဆေးကြောထားသော အပင်၏အမြစ်ကိုသောက်ရေဖန်ခွက်ထဲမှာ စိမ်၍ ၎င်းဆေးရည်ကို သောက်ပေးပါ။
(အမြစ်ကို ဝါးစားရန် မလိုအပ်ပေ) အမျိုးသမီးများ ရင်သားပျော့အိတွဲကျခြင်း အတွက် ထိကရုံးပင်၏ အမြစ်(အစို)ကို ချယ်ရီသီးပင်၏ အမြစ်(အစို) ဖြင့် ဆတူရော ကျိတ်၍ရလာသောအနှစ်ကို ရင်သားပေါ်သို့ တစ်နေ့ တစ်ကြိမ် လိမ်းကျံပေးပါ။
ဤနည်းအတိုင်း ရက်သတ္တပတ်ခန့် လိမ်းကျံပေးခြင်းဖြင့် ရင်သားများ သိသိသာသာ တင်းရင်း လာပါလိမ့်မယ်။ ဆီးချိုရောဂါသည်များ အတွက် သတင်းကောင်းလေးပါ။ အပင်၏အမြစ်ကို ပြုတ်၍ ရလာသော ဆေးရည် ၁၀၀ မီလီလီတာကို နေ့စဉ်သောက် သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ သကြားပမာဏ မျှတသွားစေပါလိမ့်မယ်။
ပဉ္စငါးပါး အသုံး၀င်ပုံ
ထိကရုံး တစ်ပင်လုံး အမြစ်ပါမကျန် ပဉ္စငါးပါးကို ကြိတ်၍ ရေနှင့်ဖျော်လူးပါက ခန္ဓာကိုယ် ဖောရောင်ခြင်းကို ကျစေပါတယ်။ ရောင်အမ်းသော အနာအမျိုးမျိုး အတွက် ထိကရုံးပဉ္စငါးပါးကို ကြိတ်၍ရလာသော အရည်ဖြင့် ၎င်းင်းအနာပေါ်သို့ သုတ်လိမ်းပေးခြင်းဖြင့်သက်သာ ပျောက်ကင်းနိုင်ပါတယ်။
ပဉ္စငါးပါးကို ကျို၍ သကြားနှင့်သောက်ပါက သွေးအန်၊ သွေးကျ၊ ၀မ်းသက်ရောဂါတို့ကို ပျောက်ကင်းစေပါတယ်။ ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ်လည်း ဤနည်းအတိုင်း ဖော်စပ် အသုံးပြုနိုင်ပါတယ်။
ဆီးရောဂါသည်များအတွက် သတင်းကောင်းလေးပါ။ ထိကရုံးတစ်ပင်လုံးကို ထန်းလျက်နှင့်ပြုတ်ပြီး ဆေးရည်ကို လူကြီးဆေးတစ်ခွက်စာ ပမာဏအတွက် ဟင်းစားဇွန်းဖြင့် တစ်ဇွန်းတိတိကို တစ်နေ့ နှစ်ကြိမ် တိုက်ကျွေးပေးပါ။
နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ကျွေးပေးခြင်းဖြင့် ဆီးအောင့်ခြင်း၊ ဆီးဝါခြင်း၊ ဆီးနီခြင်းတို့ကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ သည်းခြေဖောက်ပြန်ခြင်းကြောင့် ရူးတတ်သောရောဂါ၊ စိတ်ရောဂါအဖြစ် ငိုလိုက်၊ ရယ်လိုက် ဖြစ်တတ်သော ရောဂါများကိုလည်း ဤနည်းအတိုင်း ကုသနိုင်ပါတယ်။
ပေါက်ပေါက် (မြန်မာတောင်သူကြီးများ ဂျာနယ်)