ကိုဗစ်ကာလ သက်တမ်းလွန် ယာဉ်လိုင်စင် ယာဉ်မောင်း လိုင်စင်တွေ ဘယ်လို လုပ်ရမလဲ
အခုကာလမှာ သက်တမ်းလွန်နေတဲ့ ယာဉ်လိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်တွေ အများကြီးရှိနေမှာပါ။ ကညနတွေ ပိတ်ထားတာမို့ သက်တမ်းတိုးလို့ကလည်းမရ၊ သက်တမ်းကုန်နေတာဖြစ်တဲ့အတွက် အသုံးပြုပြန်ရင်လည်း စစ်ဆေးတာတွေနဲ့တွေ့ရင် ပြဿနာဖြစ်မှာလဲစိုးရိမ်ကြရ အဲဒီလိုမျိုးတွေ တော်တော်များများရှိနေကြမှာပါ။
ယာဉ်ပိုင်ရှင်များအားလုံး၊ ယာဉ်မောင်းလိုင်စင်ရှိသူများအားလုံးကတော့ သူသူကိုကို မိမိရဲယာဉ်လိုင်စင်၊ယာဥ်မောင်လိုင်စင်တွေကို သက်တမ်းရှိနေတာကိုပဲ လိုချင်ကြတာ။ မိမိဟာ အခုရော နောင်ရော စည်းကမ်းပြည့်ဝတယ်ဆိုတဲ့စံချိန်ကို အမြဲတည်ရှိနေချင်တာ။ ယာဉ်နဲ့ပတ်သက်တာအားလုံး ပြည့်စုံနေပါမှ သွားရလာရတာ စိတ်သန့်သန့်နဲ့ နေရတာ။ အခုတော့ မိမိက စည်းကမ်းတွေအားလုံး ပြည့်ဝနေချင်ပါသော်လည်း ကိုဗစ်ကြောင့် ရုံးတွေပိတ်ထားတာမို့ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေဟာ မိမိလက်ထဲမှာ သက်တမ်းကုန်ဆုံးတဲ့အတိုင်း ကိုင်ထားနေရပါတယ်။

ဒီတော့ ကျွန်တော်ကတော့ ဒီလိုလေးအကြံပြုပေးချင်ပါတယ်။ ယာဉ်လိုင်စင်၊ယာဉ်မောင်းစင်တွေဟာ ရုံးတွေပိတ်ထားတာမို့ သက်တမ်းတိုးခွင့်မရလို့ သက်တမ်းကုန်ဆုံးရတယ်ဆိုတာ မိမိကိုယ်တိုင်လဲသိသလို စစ်ဆေးတဲ့ တာဝန်ရှိသူတွေလည်း အားလုံးသိကြမှာပါ။ ဒီတော့ သက်တမ်းကုန်ဆုံးနေတာကြီးကို အပြစ်တစ်ခုရယ်လို့ မှတ်ယူလို့မရတော့ပါ။ စည်းကမ်းနဲ့မညီဘူးရယ်လို့လည်း ပြောလို့မရပါ။ တစ်ခုပဲရှိပါတယ် သတိမေ့နေမှာစိုးလို့ သတိပေးပါရစေ။ သက်တမ်းကုန်သည်ဖြစ်စေ မကုန်သည်ဖြစ်စေ ယာဉ်အသုံးပြုမယ်ဆိုတိုင်း လိုင်းစင်တွေကိုတော့ ယာဉ်နှင့်အတူ မိမိနှင့်အတူ တပါထဲပါရှိအောင် ဂရုစိုက်ပါ။
နောက်တခုက ယာဉ်လိုင်စင်၊ယာဉ်မောင်းစင်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားရင် စောစောက ပြောသလို ရုံးတွေပိတ်ထားတာမို့ အသစ်ပြန်လျှောက်လို့လည်း မရဖြစ်နေမှာပါ။ သည်အတွက်လည်း အကြံပြုပေးပါရစေ။
ပျောက်ဆုံးသွားကြောင်း ထောက်ခံစာ ဒါမှမဟုတ် အပျောက်ပြန်လျှောက်ဖို့ ထောက်ခံစာကို သက်ဆိုင်ရာ ယာဥ်ထိန်းရုံးကနေ ယူထားပါ။ ထောက်ခံစာနဲ့ ယာဥ်မောင်းနှင်ခွင့် မရှိပေမဲ့ အခု ကာလမှာတော့ အထောက်အထား တစ်ခုအဖြစ် ပြသလို့ ရနိုင်ပါတယ်။
(ကညနရုံးတွေ ပြန်ဖွင့်လျှင် ပြောပေးပါမယ်။ ကိုဗစ်ကာလ ရန်ကုန်မန္တလေး လမ်းဟောင်းပေါ် အဆင်မပြေဖြစ်နေသော ကုန်ကားဆရာများ အတွက် ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်)
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (5.10.2020)