ကျန်းမာရေးအတွက် သင်္ဘောပင်ရဲ့ အစေးကို အသုံးပြုနည်းနဲ့ အသုံးဝင်ပုံလေးများ
အခုတလော အရမ်းပူတော့ ရေခဲရေတွေ အအေးတွေ သောက်ကြတယ် ။ ရာသီဥတုကလဲ မိုးရွာလိုက်နေပူလိုက်ဆိုတော့ လည်ပင်းနာတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက် ဆေးနည်းလေးပါ။ ပုံမှာပြထားတဲ့အတိုင်း ဓါးဖျားလေးနဲ့ သဘောၤသီးအစိမ်းရဲ့ အစေးကိုယူပါ အစေး ၁၀ စက် ၁၅ စက်လောက်ရရင် သဘောၤအစေးကိုရေနွေးနွေးလေးနဲ့ဖျော်ပြီးသောက်လိုက်ပါ။
ညသောက်ရင် နောက်နေ့နံနက်ဆို ပျောက်ပါပြီ ။ရေနွေးကအရမ်းပူစရာမလိုဘူးနော် ပိုက်ဆံအကုန်အကျလဲသက်သာတယ် ။ ကျွန်တော်ကိုယ်တိုင်လည်ပင်းနာပျောက်သွားလို့ စေတနာနဲ့ မျှဝေလိုက်တာပါ
Credit : မူရင်းရေးသားသူ
သဘောၤသီးနှင့် ကျန်းမာရေး သိကောင်စရာ
သဘောၤသီးနှင့် ပတ်သတ်၍ နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသလို အိန္ဒိယအာယုဗေဒ ဆေးကျမ်းများတွင်လည်း သဘောၤသီးသည် စားကောင်းရုံတင်မက ဆေးဖက်မဝင်ကြောင်းကို တခမ်းတနား ဖော်ပြခဲ့ကြပါသည်။ သဘောၤသီးသည် အသီးသာမက အစေံ ၊အခွံ ၊အစေး ၊အရွက်၊ ပင်စည် ၊ အမြစ်အားလုံး သင်္ဘောသီးထဲတွင် ဗီတာမင်အေ (၁၇၅၀) ၊ဗီတာမင်ဘီ (ဝ.၀၃) မီလီဂရမ်၊ ရီဘိုဖလာဗင် (ဝ.၀၄)မီလီဂရမ် ၊နီအာစင် (ဝ.၀၃) မီလီဂရမ် ၊ ဗီတာမင်စီ (၅၆)မီလီဂရမ် ၊ ကယ်စီယမ် ်(၂၀)မီလီဂရမ်၊ သံဓာတ်(ဝ.၃)မီလီဂရမ် ၊ ဖော့စပရပ် (၁၆)မီလီဂရမ် ၊ ပိုတက်စီယမ်(၄၇၀)မီလီဂရမ် ၊ အဆီဓာတ်(ဝ.၁)မီလီဂရမ် ၊ ကစီဓာတ်(၁၀)မီလီဂရမ်၊ ပရိုတင်း(ဝ.၆)မီလီဂရမ် ၊ ကယ်လိုရီ(၃၉) ဂရမ် တို့ ပါဝင်ကြသည်။
ထို့အပြင် သစ်သီးထဲတွင် ရှားရှားပါးပါး တွေ့ရသော Papim ဓာတ်တို့ဖောဖောသီသီ ပါရှိသည့်အပြင်မဂ္ဂနီ(စ်)၊ သွပ်၊ ထုံးဓာတ်များသည် အလိုအလျှောက် ပါရှိကြသည်ကို လေ့လာသိရှိပါသည်။ သဘောၤသီးသည် ချေဖျက်လွယ်သော အမျှင်များ ကြွယ်ဝစွာပါရှိကာ ကိုလက်စထရောကို လျှော့ချပေးနိုင်စွမ်းရှိသည့်အပြင် ၎င်း၏ချိုမွှေးအေးသော အရသာက အနည်းငယ်စားရုံ မျှဖြင့် ဆာလောင်မှုကို နှစ်သိမ့်စေသောကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန် ထိန်းသိမ်း လိုသူများ အတွက် အထူးသင့်တော်၏။
ဆီးချိုရောဂါသည်များအတွက် သဘောၤသီးအစိမ်းအနေတော်(၁)လုံးအား ဇွန်းဖြင့်ခြစ်ထုတ်ပါ။ ထို့နောက် သဘောၤသီး၏အဝကို စောစောက လှီးဖြတ်ထားသော အသီးအညှာဖြင့် ပြန်ပတ်၍ (၅) မိနစ်ခန့်ထားပါ။ ယင်းအသီးထဲမှ ရေနွေားအား တစ်နေ့(၃)ကြိမ် နှုန်းဖြင့်(၁)လခန့်ဆက်တိုက် သောက်ပါက ဆီးချိုရောဂါကို သက်သာသွားစေပြီး
(၃)လခန့်နေ့စဉ်သောက်ပေးပါက ဆီးချိုရောဂါ ပျောက်ကင်းသွားသည်ဟု ဆီးချိုရောဂါနှင့်ပတ်သတ်၍ ကိုယ်တွေ့ကြုံသူ တစ်ဦးမှ ပြောပြချက်အရ သိရသည်။
သင်္ဘောသီအမှည့်သည် ဆီးကိုရွှင်စေပြီ ဆီးရောဂါနှင့် ကျောက်တည်ခြင်းများကို ပယ်ဖျောက်ပေးသည်ဟု ဆိုသည်။ အဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါအတွက် သင်္ဘောသီးနုနုကို အခြောက်လှန်း၍ အမှုန့်ကြိတ်ကာ အနည်းငယ်လျှက်ပေးရုံဖြင့် သက်သာပျောက်ကင်းစေနိုင်သည်ဟု သိရသည်။
သင်္ဘောသီး အစိမ်းကို ဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သောဒဏ်ရာသို့ လိမ်းပေးပါကအဆိပ်ပြေစေသည်။ သင်္ဘောသီးနုနုကို ဆားနှင့် တို့ပါက ဆုံဆို့နာ ပျောက်ကင်းသည်။အသီးထဲတွင် ပါသော Rhodopsia ဗီတာမင်အေဓာတ်ပေါင်းတို့နှင့် ဗီတာမင်စီ တို့သည် မျက်စိအမြင်အာရုံတက်ပြီး မျက်စိ အားကောင်းစေကာ ကြက်မျက်သင့်ရောဂါ၊ အတွင်းတိမ် နှင့် အသက်အရွယ်ကြီးရင့်၍ မျက်စိကွယ်ခြင်း တို့ကို ကာကွယ်ပေး နိုင်သည်ဟု သိရသည်။
သင်္ဘောသီးသည် အမျိုးသမီး တစ်ယောက်အတွက် တစ်နေ့ သံဓာတ် လိုအပ်မှု ပမာဏမှာ (၄၀၀)ဂရမ်ဖြစ်၍ နို့တိုက်နေ့စဉ် (၅၀၀)ဂရမ် လိုအပ်ပြီး ကိုယ်ဝန်ဆောင်စဉ် (၆၀၀) ဂရမ် နေ့စဉ် လိုအပ်သဖြင့် ဖောလစ်အက်စစ်ကြွယ်ဝသော သင်္ဘောသီးကို မှန်မှန်စားသုံးသင့်သည်။ နို့တိုက် မိခင်များ နို့လှိုင်လှိုင်ထွက်နေရန် အတွက် သင်္ဘောသီးအစိမ်းရင့်ရင့်များကို ဟင်းချက်စား သုံးသင့်သည်။ ထို့အပြင် အသီးထဲတွင် ပါရှိသော ဗီတာမင်ဘီက အမျိုးသားရော၊ အမျိုးသမီးပါ မျိုးအောင်သော သုတ်ကောင် အရေအတွက် ရှိမှုကို အားပေးသဖြင့် သားသမီးယူရန် အစီစဉ်ရှိသည့် မိဘလောင်းများ မဖြစ်မနေ သင်္ဘောသီးကို စားသုံးသင့်သည်။
သင်္ဘောစေးသည် သင်္ဘောသီးစိမ်းမှ ထွက်သော အစေးဖြင့် ယားနာ ၊ပွေးနာနှင့် အရေပြားရောဂါများကို လိမ်းပေးပါက ပျောက်ကင်းသည်။ အစေးကို ထန်းညှက်နှင့် နှယ်စားသော် သံကောင်ကျပြီး အစေးကိုခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုး၊ အခြင်၊ ကြွက်သား စသည့် အစိတ်ပိုင်းများကို ပြုပြင်ရန်နှင့်အစာအိမ်၊ အူသိမ်တို့၏ အတွင်းဆုံးအားမျှင်များ ပျက်စီးချို့ယွင်းသည့် အနာအဆာကြောင့်ဖြစ်သော ဗိုက်နာ၊ အူနာစသော ရောဂါများကိုလည်း ပျောက်ကင်းစေသည်ဟု ဆိုပါသည်။
သင်္ဘောရွက်သည် သင်္ဘောရွက်ကြိတ် ညှစ်ရာတွင် ဘိန်းအနည်းငယ်ရောလိမ်းပါက အကြောတက်ခြင်း ပျောက်ကင်း၏။ သကျည်းကိုက်သော် သင်္ဘောရွက်ကို ရေနွေးဖျော၍ (သို့မဟုတ်)မီးကင်၍ ကပ်ပေးသော် ပျောက်ကင်းနိုင်ပြီး အရွက်ကို မီးအုံ၍ စားခြင်း၊ လက်ဖက်ထဲထည့်စားခြင်းဖြင့် နားအူလေထွက် ရောဂါများ ပျောက်ကင်းပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။
Credit : ဗဟုသုတ အဖြာဖြာ