ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်
ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ထည့်ထားတာတုန်း။ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာနော်.. ဘုရားထဲမှာ ဌာပနာတယ်၊ `ဌာပနာ´ဆိုတာ `ထည့်သွင်းခြင်း တည်ထားခြင်း´ လို့ အဓိပ္ပါယ်ရတယ်..
အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း?
နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး။ ပြောမှာပေါ့နော်..ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း.. ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေ ထည့်တယ်..အခုခေတ်လည်း ထည့်တာပဲ။
ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။ ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိတယ်.. သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်..။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို
ခွဲဝေပြီး ပေးလိုက်တယ်။ ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားတယ်။ ဒီဓာတ်တော်အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်။
အဲဒီလို စုထည့်ထားပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့်ထားပြီး စာရေးထားတယ် `နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး ပျက်စီးလို့ ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုလို့ရှိရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။
အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျရင် ပျက်စီးမှာပဲ။ maintenance လိုတယ်လေ၊ maintenance အတွက် ထည့်ခဲ့တာ။ ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့။ maintenance အတွက် deposit လုပ်ထားခဲ့တာ။
ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့..အဲဒီရည်ရွယ်ချက်ပဲ နောက်ကျတော့ ဒီရည်ရွယ်ချက်က တစ်ဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲနော်။
ဒေါက်တာနန္ဒမာလာဘိဝံသ