မန္တလေး မြောက်ပြင်ထားဝယ်ရပ်ရဲ့ ချစ်စရာ ရိုးရာဓလေ့ တစ်ခု
ကျွန်တော်တို့ မန္တလေးမြို့မှာ မြောက်ပြင်ထားဝယ်ရပ်ဆိုတာ မြောက်ဘက်ကျုံး၁၂ လမ်းနဲ့၇၇ လမ်း မှာတည်ရှိတာပါ ဒီထားဝယ်ရပ်ဆိုတာမန္တလေးမြို့နန်းတည်ကတည်းက မြောက်ထားဝယ်ဆောင်မင်းမှု့ထမ်းများကိုနေထိုင်ဖို့ပေးခဲ့တဲ့ရပ်ကွက်လို့အဆိုရှိပါတယ် မန္တလေးရွှေနန်းတော်ကြီးမှာ တောင်ထားဝယ် ဆောင် နဲ့မြောက်ထားဝယ်ဆောင်ဆိုပြီး နန်းဆောင်နစ်ဆောင်ရှိပါတယ်။
ထားဝယ် ဆောင်ဆိုတာ ဟံသာဝတီဆင်ဖြူရှင်မင်းလက်ထက် ထားဝယ်မြို့ပါ သူရဲကောင်းများကို ရွေးချယ်ပြီးထိုအဆောင်နစ်ဆောင်မှာ စွဲမြဲ စေသည်ဖြစ်လို့ထားဝယ်ဆောင်လို့ခေါ်ကြောင်း မှတိသားရပါတယ် တောင်ထားဝယ်အမှု့ထမ်း များကို ယခုဆေးရုံကြီးတောင်ဘက်မှာ နေရာချထားခဲ့လို့တောင်ထားဝယ်စုလို့ခေါ်ပြီး မြောက်ထားဝယ် အမှု့ထမ်းများကိုတော့ အခု မြောက်ပြင် ၁၂လမ်းနဲ့၇၇ လမ်းမှာနေရာချထားလို့မြောက်ထားဝယ်စုလို့ခေါ်ပါတယ်။ ကျနော်တို့မန္တလေးသားများကတော့မြောက်ပြင်ထားဝယ်ရပ်လို့ခေါ်ကြပါတယ် ဒါက ထားဝယ်ရပ်ရဲ့သမိုင်းပါ။

ဒီထားဝယ်ရပ်မှာ ရိုးရာအစဉ်အလာလေးတခုရှိလေရဲ့ဒါကတော့သိတဲ့သူလည်း သိတယ် တချို့လည်းမသိဘူးပေါ့ ကျနော်တို့မန္တလေးသူ မန္တလေးသားတွေတောင်တချို့မသိကြပါဘူး။ ဒါကဘာလဲဆိုတော့ တန်ဆောင်မုန်း လပြည့်နေရဲ့ထားဝယ်ရပ်စတုဒီသာအလှုလေးပါ။

ကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးနဲ့အပြိုင် ကျနော်တို့မန္တလေးမှာတော့ အများစုက မုန့်လုံးလုံးကြပါတယ် ဒီအထဲမှာထူးထူးခြားခြား ထားဝယ်ရပ်က အိမ်တိုင်းအိမ်တိုင်းရှေ့မှာ အိုးကင်းလေးတွေ မုန့်ရည်အိုးလေးတွေ မီးဖိုလေးတွေ စာတော်ပဲပြုတ်လင်ပန်းလေးတွေကိုယ်စီနဲ့မုန့်ပျားသလက်စတုဒီသာလုပ်ပါတယ် တကယ်ပျော်စရာကောင်းပါတယ် မန္တလေးမြောက်ပြင်ထားဝယ်ရပ်ရဲ့ရိုးရာချစ်စရာဓလေ့ လေးတခုပါ။

တန်ဆောင်တိုင် လပြည့်ရောက်တော့မယ် အဖိတ်နေ့လိုနေ့တွေမှာ မူန့်လုပ်ဖို့ထားဝယ်ရပ် ကအိမ်တွေက မုန့်ကြိတ်ကျ ပြင်ကြဆင်ကြပေါ့။ တန်ဆောင်တိုင် လပြည့်ညလည်း ရောက်ရော ညနေစောင်းတာတဲ့ ကိုယ့်အိမ်ရှေ့တွေကိုယ်မှာ အိုးကင်းလေးတွေ မုန့်ရည်အိုးလေးတွေ စားတော်ပဲပြုတ် လင်ပန်းလေးတွေကိုယ်စီနဲ့မုန့်ပျားသလက်လုပ်တော့တာပဲ။

မခေါ် မုန့်လူံးလုံးသလိုဘဲ ဘယ်သူကမှ စားသွားပါယူသွားပါဆိုပြီး ခေါ်နေမှာမဟုတ်ဘူး။ မုန့်ပျားသလက် လုပ်နေတဲ့ ကြိုက်တဲ့ အိမ်ရှေ့အယုတ်အလတ်အမြတ်မရွေး ကြိုက်သလို ဝင်စားကြတာပါ။ ကျနော်တို့ဆို မြောက်ပြင်ထားဝယ်ရပ် က မိတ်ဆွေများဖြစ်ကြတဲ့ဦးလှကို တို့ဦးချိုတို့အိမ် တွေဆီ နှစ်တိုင်းသွားနေကြ။
လွန်ခဲ့တဲ့ ၅ နှစ်လောက် ကစပြီး မြောက်ပြင်ထားဝယ်ရပ်မှာ ဒီအစဉ်အလာလေး ကွယ်ပျောက်သလောက်ဖြစ်လာပါတယ်။ အရင်ကလို မုန့်ပျားသလက်လုပ်ကြတဲ့အိမ်တွေမရှိကြတော့ဘူး ဒီခေတ်ကလေးတွေက စိတ်မဝင်စားကြတာရယ် လပြည့်နေ့ညမူးရူးသောင်းကျန်းကြတဲ့ဒါဏ်တွေမခံနိင်ကြတော့လို့မလုပ်ဖြစ်ကြတာလို့ထားဝယ်ရပ် ဒေသခံများက ပြောကြပါတယ်။
မန္တလေးတမြို့လုံးမှာ ဒီမြောက်ပြင်ထားဝယ်ရပ်ကဘဲ ထူးခြားတဲ့ တန်ဆောင်တိုင် လပြည့်နေ့ည မခေါ်မုန့်ပျားသလက် အလှုလေး ရှိတာမို့ မပြောက်မပျက်ဘဲ ရေရှည် တည်တံ့နိင်ပါစေလို့ ဆန္တပြု ရေးးသားလိုက်ပါတယ်။
Credit : Min Swe Swe