Skip to main content

သရက်သီး အမြန်သီးအောင် စိုက်ပျိုးနည်း

သရက်သီး အမြန်သီးအောင် စိုက်ပျိုးနည်း

1) သရက်အစေ့ကို ပလပ်စတိတ်အိပ်မှာ အရင်ပျိုးပါ။

2) 45 ရက်လောက်အကြာပျိုးပင်ကို ပုံကအတိုင်း ဖြတ်ပါ။

3) ပျိုးပင်ငုတ်တို အလည်တည့်တည့်ကို နှစ်လက်မ လောက် ဓါးနဲ့ခွဲပါ။ (ပင်ပျိုအသေးအကြီးပေါ်မူတည်ပြီး ပျိုးပင်ငုတ်တိုကိုခွဲပါ)

4) အသီးသီးနေတဲ့ အပင်အရင့်က ကိုင်းဖျားကို ဖြတ်ယူပါ။ (ပျိုးပင်ငှတ်တိုင်လုံးပတ်နဲ့အရွယ်တူတဲ့ ကိုင်းဖျားကို ယူပါ)

5) ပင်ရင့်ကိုင်းဖျား ဖြတ်ထားနေရာကို V ပုံစံ တူရွင်းပြားလို ချွန်ပါ။

6) ပျိုးပင်ငုတ်တို ဓါးနဲ့ခွဲထားတဲ့နေရာမှာထိုးသွင်းပါ။

7) အဲ့အဆက်နေရာကို ပတ်တီးစီးသလို ပလပ်စတစ်နဲ့စည်းပါ။ (ပလပ်စတိအိတ်အကြည်ကို ပတ်တီးပုံစုံဖြတ်ပြီးစည်းပါ)

8) ဆက်ရာအောက်နားအထိ ပလပ်စတစ်အိတ်စွတ်ပြီး အ၀ကို ချည်ထားပါ။ (အဆက်နေရာကို ပိုးမ၀င်အောင်နဲ့ အစိုဓါတ်ကိုထိန်းထားဖို့ဖြစ်ပါတယ်)

9) အရိပ်မှာ ထားပါ၊ 45 ရက်လောက်အကြာမှာ ဆက်ရာလည်း စေ့လာလိမ့်မယ်၊ ရွက်နုထွက်လာမယ့်မယ်၊ အဲ့ဒီအခါမှာ စွတ်ထားတဲ့ ပလပ်စတစ်အိတ်ကို ဖယ်ရှားလိုက်ပါ။

10) နေရောင်မပြင်းတဲ့နေရာမှာ ဆက်လက်ပျိုးထားပါ။

11) အပင်သန်မာလာပြီးနောက် စိုက်ခင်းထဲကို ပြောင်းစိုက်နိုင်ပါပြီ။

ကိုင်းကူးရန်အသင့်တော်ဆုံးကာလ

အဖူးကိုင်းနှင့် အောက်ခံပင် နိုးကြားတဲ့ ကာလတွေဖြစ်တဲ့ မေလ မှ အောက်တိုဘာလအတွင်းနဲ့ ဇူလိုင်လ မှ မတ်လအတွင်းကိုင်းကူးတာ အကောင်းဆုံး ဖြစ်မှာပါခင်ဗျာ။

မှတ်ချက်။ ။ကိုင်းကူးပင်များအမြန်အသီးရသည်မှန်သော်မှာလည်း အစေ့စိုက် အပင်များကဲ့သို့သက်တမ်း ကြာရှည်ခြင်း မရှိကြောင်းကိုမူ အားနည်းချက် အနေဖြင့် တွေ့ရသည်။ သို့သော်ဝင်ငွေ လျှင်မြန်စွာရသည်။

နောက်အားနည်းချက် အနေဖြင့် ရောဂါဓါတ် ခံနိုင်ရည် အားနည်းသည်။ ကိုင်းကူး အောက်ခံပင်အား စိတ်ကြိုက် ရွေးချယ်နိုင်သဖြင့် အစေ့စိုက် ထက်အသီးတင် အားကောင်းသည်။ အသီးတင် အားကောင်းသလို မြေသြဇာလည်း နိုင်နိုင် ထည့်သွင်းပေးရမည်။

အောက်ခံ အရိုင်းပင်များတွင် အကောင်းဆုံး အကြမ်းပင်များမှာ ရင်ကွဲ၊ ဖိုးထော်၊ အောင်ဒင်၊ ဗျက် တို့ ဖြစ်ပါသည်။

Credit : Ye Naing Win