Skip to main content

သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုး ကျစေမည့် နည်းလမ်း (၅) ခု

သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုး ကျစေမည့် နည်းလမ်း (၅) ခု

မကြာခဏ ခေါင်းကိုက် တတ် တယ် ၊ မောပန်း လွယ်တယ် ၊ ရင်ဘတ် အောင့်တတ် တယ် ဒါတွေ အပြင် သွေးတိုး တတ် တယ် ဆို ရင် အဲ့ဒါ တွေ ဟာ အိပ်ရေး ပျက်တာ များ လို့ ၊ စိတ် ဖိစီးမှု များ လို့ ၊ ကိုယ် အ လေးချိန် များ နေ လို့ စသဖြင့် ဖြစ် နိုင် ပါ တယ် ။ ဘာကြောင့်ပဲဖြစ် ဖြစ် ကိုယ်တိုင် လည်း သွေးတိုး တတ် တယ် ၊ အိမ်က လူကြီးတွေ သွေးတိုး တတ် တယ် ဆိုရင် ဒီ နည်း လမ်း လေး တွေ က ဆယ်မိနစ် အတွင်း သွေးတိုး ကျ စေ ပြီး သွေးတိုး ကြောင့် ဖြစ် တဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ကို သက်သာ စေ နိုင် ပါ တယ် ။

( ၁ ) နားရွက် အ နောက် နဲ့ လည်ပင်းကို နှိပ်ပေးပါ

နားရွက် အ နောက် က နေ ညှပ်ရိုး နေရာ အထိ ဖြည်း ဖြည်း လေး နှိပ် ပေး တာ က သွေးလှည့်ပတ်မှု ကောင်း စေ ပြီး သွေးဖိအား များ နေ တာ ကို လျှော့ချ ပေး နိုင် ပါ တယ် ။ ပြီးရင် ပုံမှာ ပြ ထား တဲ့ နံပါတ် ၃ နေရာကို လက်ချောင်း ထိပ်လေး တွေ နဲ့ ဖွ ဖွ လေး နှိပ်ပေးတာ က သွေးတိုးပြီး ခေါင်းမူး နေ တာ ကို အမြန်ဆုံး သက်သာ စေ နိုင် ပါတယ်။

( ၂ ) ဘယ်ဘက် နှာခေါင်းနဲ့ပဲ အသက်ရှူပါ

သွေးတိုး နေ တာ ကို အမြန်ဆုံး ကျ စေ မယ့် နောက် တစ်နည်း က တော့ ညာဘက်နှာခေါင်းကို ပိတ် ထား ပြီး ဘယ်ဘက် နှာခေါင်း နဲ့ ပဲ အသက်ရှူ တာ ပါ ။ ခန္ဓာကိုယ်ကို မတ်မတ် ထိုင်ပြီး လည်ပင်းကို ဖြောင့်ဖြောင့် ထား ပါ ။ ညာဘက် လက်မ နဲ့ ညာဘက် နှာခေါင်းကို ပိတ် ပြီး ဘယ်ဘက် နှာခေါင်း နဲ့ အသက်ရှူ ပေးလိုက် မယ် ဆို ရင် သွေးဖိအားတိုး နေ တာ ကို ၁၀ မိနစ် အတွင်း ကျသွား စေ ပါ တယ် ။

( ၃ ) ရေ တစ်ဖန်ခွက် သောက်ပါ

တခါ တလေ ခန္ဓာကိုယ်မှာ ရေဓာတ် လိုအပ် နေတဲ့ အခါ မှာ လည်း သွေး တိုးတတ် ပါ တယ် ။ ဒီတော့ သွေးတိုး တဲ့ အခါမှာ အသက် ပြင်း ပြင်း ရှူလိုက်ပြီး ရေ တစ်ဖန် ခွက်သောက် ပေး လိုက် ပါ ။

( ၄ ) ပက်လက်လဲပြီး ကြွက်သားတွေကို ဖြေ လျှော့ပေးပါ

သွေးတိုးတဲ့ အခါ ကြမ်းပြင် ပေါ် မှာ လဲ အိပ် ပြီး ခန္ဓာကိုယ်ကို ဖြေ လျှော့ ထား ပါ ။ မျက်လုံး မှိတ်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူပေးတာက သွေးလှည့်ပတ်မှုကို ပုံမှန် ဖြစ်စေ ပြီး သွေးဖိအား တိုးနေ တာ ကို ဖြည်းဖြည်းချင်း လျော့ သွား စေ ပါ တယ် ။

( ၅ ) ခြေ ထောက် ရေ နွေးစိမ် ပေးပါ

သွေးတိုး နေ တဲ့ အခါ လည်ပင်းနဲ့ ဦးခေါင်းကို အေး နေ အောင် ထား ပေး ဖို့ လို ပါ တယ် ။ ပြီးတော့ ရေဇလုံ ထဲမှာ ရေ နွေး ထည့်ပြီး ခြေ ထောက်ကို ၁၅ မိနစ် လောက် စိမ်ပေး မယ် ဆိုရင် သွေး လှည့်ပတ်မှု ကို ပုံမှန် ဖြစ် စေ ပြီး ချက်ချင်း သွေးတိုး ကျစေ ပါတယ် ။

Credit : MAY THAZIN HTOO