ကိုဗစ်ကာလ သက်တမ်းလွန် ယာဉ်လိုင်စင် ယာဉ်မောင်း လိုင်စင်တွေ ဘယ်လို လုပ်ရမလဲ အခုကာလမှာ သက်တမ်းလွန်နေတဲ့ ယာဉ်လိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်တွေ အများကြီးရှိနေမှာပါ။ ကညနတွေ ပိတ်ထားတာမို့ သက်တမ်းတိုးလို့ကလည်းမရ၊ သက်တမ်းကုန်နေတာဖြစ်တဲ့အတွက် အသုံးပြုပြန်ရင်လည်း စစ်ဆေးတာတွေနဲ့တွေ့ရင် ပြဿနာဖြစ်မှာလဲစိုးရိမ်ကြရ အဲဒီလိုမျိုးတွေ တော်တော်များများရှိနေကြမှာပါ။ ယာဉ်ပိုင်ရှင်များအားလုံး၊ ယာဉ်မောင်းလိုင်စင်ရှိသူများအားလုံးကတော့ သူသူကိုကို မိမိရဲယာဉ်လိုင်စင်၊ယာဥ်မောင်လိုင်စင်တွေကို သက်တမ်းရှိနေတာကိုပဲ လိုချင်ကြတာ။ မိမိဟာ အခုရော နောင်ရော စည်းကမ်းပြည့်ဝတယ်ဆိုတဲ့စံချိန်ကို အမြဲတည်ရှိနေချင်တာ။ ယာဉ်နဲ့ပတ်သက်တာအားလုံး ပြည့်စုံနေပါမှ သွားရလာရတာ စိတ်သန့်သန့်နဲ့ နေရတာ။ အခုတော့ မိမိက စည်းကမ်းတွေအားလုံး ပြည့်ဝနေချင်ပါသော်လည်း ကိုဗစ်ကြောင့် ရုံးတွေပိတ်ထားတာမို့ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေဟာ မိမိလက်ထဲမှာ သက်တမ်းကုန်ဆုံးတဲ့အတိုင်း ကိုင်ထားနေရပါတယ်။ ဒီတော့ ကျွန်တော်ကတော့ ဒီလိုလေးအကြံပြုပေးချင်ပါတယ်။ ယာဉ်လိုင်စင်၊ယာဉ်မောင်းစင်တွေဟာ ရုံးတွေပိတ်ထားတာမို့ သက်တမ်းတိုးခွင့်မရလို့ သက်တမ်းကုန်ဆုံးရတယ်ဆိုတာ မိမိကိုယ်တို...