ထိကရုံးပင်များဟာ ဆူးဖြူမျိုးရင်း၀င်ဖြစ် ဖြစ်ပါတယ်။ (အပင်၏ ပုံသဏ္ဌာန်) အပင်ပျော့ငယ်မျိုး ဖြစ်ပါတယ်။ အရိုင်းပေါက်ပင်ဖြစ်၍ ဆူးများပါရှိကြပါတယ်။ အခက်အလက် များပေါ်တွင် အမွှေးကြမ်းများ ပါရှိနေကြပြီး ရိုးတံမှာ အနီရောင် ဖြစ်ပါတယ်။ (အရွက်၏ပုံသဏ္ဌာန်) ရှားရွက်ကဲ့သို့ သေးငယ်ပါတယ်။ ခါငှက်မွှေး ရွက်ပေါင်းဖြစ်၍ ၎င်းအရွက်များကို ထိမိပါက အိပ်နေသကဲ့သို့ တွန့်ရှုံ့ကပ်သွားပြီးသောအံ့ဖွယ် အပင်တစ်မျိုး ဖြစ်ပါတယ်။ ရွက်ညှာ မရှိသလောက် ဖြစ်ပါတယ်။ ရွက်မြွှာများမှာ ကျဉ်းမြောင်း၍ ရှည်မျောမျောပုံဖြစ်ပြီး ရွက်ပြားကာ ပြောင်ချောလို့နေပါတယ်။ (အပွင့်၏ ပုံသဏ္ဌာန်) အပွင့်သေး၍ ပန်းရောင် ဖြစ်ပါတယ်။ ပန်းခိုင်မှာ ထီးတည်း ထွက်လေ့ရှိပြီး၊ ၎င်းပန်းခိုင်ထိပ်တွင် ပန်းပွင့်လေးများက ဘောလုံး သဏ္ဌာန်စုပြုံ ပွင့်ကြပါတယ်။ နန်းလုံးကြိုင် ပန်းပွင့်နှင့် ဆင်တူပါတယ်။ ဝါခေါင်၊ တော်သလင်းလများတွင် ပန်းပွင့်လေ့ ရှိပါတယ်။ (အသီး၏ ပုံသဏ္ဌာန်) လက်မ၀က် (၁/၂ လက်မ) ခန့်ရှည်၍ ပြားပါတယ်။ အပေါ်ဘက်သို့အနည်းငယ်ကွေးပါတယ်။ အသီးထဲတွင် အစေ့ ၃ - ၄ စေ့ ပါရှိကြပါတယ်။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် အသီးသီးလေ့ရှိပါတယ်။ ထိကရုံးပင်နှင့် ကျန်းမာရေး ထိကရုံးဟု ဆိုရာတွ...