Skip to main content

Posts

Showing posts from November, 2020

အင်းယားလိပ် လမ်းပေါ်တွင် လုံးပတ်(၁)ပေခန့်၊ အရှည်(၁၅)ပေခန့်ရှိ စပါးအုံးမြွေ တစ်ကောင် တွေ့ရှိ

အင်းယားလိပ် လမ်းပေါ်တွင် လုံးပတ်(၁)ပေခန့်၊ အရှည်(၁၅)ပေခန့်ရှိ စပါးအုံးမြွေ တစ်ကောင် တွေ့ရှိ ၁၇.၁၁.၂၀၂၀ ရက်နေ့ ၊ ၀၈:၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်းယားလိပ်လမ်းပေါ်တွင် လုံးပတ်(၁)ပေခန့်၊ အရှည်(၁၅)ပေခန့်ရှိ စပါးအုံးမြွေ(၁)ကောင်တွေ့ရှိသဖြင့် လမ်းသွားလမ်းလာများမှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံလာသည့်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ သွားရောက် ဖမ်းဆီးပေးခဲ့ပြီး စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်းသို့ သွားရောက် လွှတ်ပေးခဲ့ပါသည်။ Myanmar Fire Services Department

မန္တလေး မြောက်ပြင်ထားဝယ်ရပ်ရဲ့ ချစ်စရာ ရိုးရာဓလေ့ တစ်ခု

မန္တလေး မြောက်ပြင်ထားဝယ်ရပ်ရဲ့ ချစ်စရာ ရိုးရာဓလေ့ တစ်ခု ကျွန်တော်တို့ မန္တလေးမြို့မှာ မြောက်ပြင်ထားဝယ်ရပ်ဆိုတာ မြောက်ဘက်ကျုံး၁၂ လမ်းနဲ့၇၇ လမ်း မှာတည်ရှိတာပါ ဒီထားဝယ်ရပ်ဆိုတာမန္တလေးမြို့နန်းတည်ကတည်းက မြောက်ထားဝယ်ဆောင်မင်းမှု့ထမ်းများကိုနေထိုင်ဖို့ပေးခဲ့တဲ့ရပ်ကွက်လို့အဆိုရှိပါတယ် မန္တလေးရွှေနန်းတော်ကြီးမှာ တောင်ထားဝယ် ဆောင် နဲ့မြောက်ထားဝယ်ဆောင်ဆိုပြီး နန်းဆောင်နစ်ဆောင်ရှိပါတယ်။ ထားဝယ် ဆောင်ဆိုတာ ဟံသာဝတီဆင်ဖြူရှင်မင်းလက်ထက် ထားဝယ်မြို့ပါ သူရဲကောင်းများကို ရွေးချယ်ပြီးထိုအဆောင်နစ်ဆောင်မှာ စွဲမြဲ စေသည်ဖြစ်လို့ထားဝယ်ဆောင်လို့ခေါ်ကြောင်း မှတိသားရပါတယ် တောင်ထားဝယ်အမှု့ထမ်း များကို ယခုဆေးရုံကြီးတောင်ဘက်မှာ နေရာချထားခဲ့လို့တောင်ထားဝယ်စုလို့ခေါ်ပြီး မြောက်ထားဝယ် အမှု့ထမ်းများကိုတော့ အခု မြောက်ပြင် ၁၂လမ်းနဲ့၇၇ လမ်းမှာနေရာချထားလို့မြောက်ထားဝယ်စုလို့ခေါ်ပါတယ်။ ကျနော်တို့မန္တလေးသားများကတော့မြောက်ပြင်ထားဝယ်ရပ်လို့ခေါ်ကြပါတယ် ဒါက ထားဝယ်ရပ်ရဲ့သမိုင်းပါ။ ဒီထားဝယ်ရပ်မှာ ရိုးရာအစဉ်အလာလေးတခုရှိလေရဲ့ဒါကတော့သိတဲ့သူလည်း သိတယ် တချို့လည်းမသိဘူးပေါ့ ကျနော်တို့မန္တလေးသူ မန္တလေးသားတွေတောင်တချို့မသိကြပါဘူး။ ဒါကဘာလဲဆ...

ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်

ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက် ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ထည့်ထားတာတုန်း။ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာနော်.. ဘုရားထဲမှာ ဌာပနာတယ်၊ `ဌာပနာ´ဆိုတာ `ထည့်သွင်းခြင်း တည်ထားခြင်း´ လို့ အဓိပ္ပါယ်ရတယ်.. အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း? နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး။ ပြောမှာပေါ့နော်..ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း.. ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေ ထည့်တယ်..အခုခေတ်လည်း ထည့်တာပဲ။ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။ ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိတယ်.. သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်..။ မြတ်စွာဘုရား ပရိနိဗ္ဗာန်‌စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။ ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားတယ်။ ဒီဓာတ်တော်အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်။ အဲဒီလို စုထည့်ထားပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်...

ကျန်းမာရေးအတွက် သင်္ဘောပင်ရဲ့ အစေးကို အသုံးပြုနည်းနဲ့ အသုံးဝင်ပုံလေးများ

ကျန်းမာရေးအတွက် သင်္ဘောပင်ရဲ့ အစေးကို အသုံးပြုနည်းနဲ့ အသုံးဝင်ပုံလေးများ အခုတလော အရမ်းပူတော့ ရေခဲရေတွေ အအေးတွေ သောက်ကြတယ် ။ ရာသီဥတုကလဲ မိုးရွာလိုက်နေပူလိုက်ဆိုတော့ လည်ပင်းနာတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက် ဆေးနည်းလေးပါ။ ပုံမှာပြထားတဲ့အတိုင်း ဓါးဖျားလေးနဲ့ သဘောၤသီးအစိမ်းရဲ့ အစေးကိုယူပါ အစေး ၁၀ စက် ၁၅ စက်လောက်ရရင် သဘောၤအစေးကိုရေနွေးနွေးလေးနဲ့ဖျော်ပြီးသောက်လိုက်ပါ။ ညသောက်ရင် နောက်နေ့နံနက်ဆို ပျောက်ပါပြီ ။ရေနွေးကအရမ်းပူစရာမလိုဘူးနော် ပိုက်ဆံအကုန်အကျလဲသက်သာတယ် ။ ကျွန်တော်ကိုယ်တိုင်လည်ပင်းနာပျောက်သွားလို့ စေတနာနဲ့ မျှဝေလိုက်တာပါ Credit : မူရင်းရေးသားသူ သဘောၤသီးနှင့် ကျန်းမာရေး သိကောင်စရာ သဘောၤသီးနှင့် ပတ်သတ်၍ နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသလို အိန္ဒိယအာယုဗေဒ ဆေးကျမ်းများတွင်လည်း သဘောၤသီးသည် စားကောင်းရုံတင်မက ဆေးဖက်မဝင်ကြောင်းကို တခမ်းတနား ဖော်ပြခဲ့ကြပါသည်။ သဘောၤသီးသည် အသီးသာမက အစေံ ၊အခွံ ၊အစေး ၊အရွက်၊ ပင်စည် ၊ အမြစ်အားလုံး သင်္ဘောသီးထဲတွင် ဗီတာမင်အေ (၁၇၅၀) ၊ဗီတာမင်ဘီ (ဝ.၀၃) မီလီဂရမ်၊ ရီဘိုဖလာဗင် (ဝ.၀၄)မီလီဂရမ် ၊နီအာစင် (ဝ.၀၃) မီလီဂရမ် ၊ ဗီတာမင်စီ (၅၆)မီလီဂရမ် ၊ ကယ်စီယမ် ်(၂၀)မီလီဂရမ...

ခေါင်းအုံး မွေ့ယာ ဖက်လုံး စတာတွေကို မကြာမကြာ လဲပေးသင့်သည့် အကြောင်းအရင်း

ကျွန်မတို့ မြန်မာလူမျိုးအတော်များများဟာ ခေါင်းအုံး၊ မွေ့ယာ ၊ ဖက်လုံး စတာတွေကို လဲမှို့ များနဲ့ပြုလုပ်ပြီးတော့ ခေါင်းအုံးတစ်လုံး၊ ဖက်လုံးတစ်လုံးကို အချိန်အတော်အကြာ အသုံးပြုလေ့ရှိကြပါတယ် မှို့ နဲ့မှ အေးတာ ဆိုတဲ့ အစွဲ ၊ ငါ က ခေါင်းအုံးပြောင်းရင် မအိပ်တတ်ဘူး ဆိုတဲ့အစွဲတွေကြောင့် ခေါင်းအုံးတစ်လုံးကို နှစ်ပေါင်းများစွာ အသုံးပြုကြတာ ကိုတွေ့ဖူးပါတယ်။ နယ်မှာတော့ ခေါင်းအုံးတွေကို နေလှန်းပေးတာ၊ အုံးတာကြာလို့ အိသွားတဲ့ခေါင်းအုံးတွေကို မှို့အသစ်ထည့် ပြီး ပြန်ချုပ်တာမျိုးတွေ လုပ်ကြတာ မြင်ဖူးပေမဲ့ ကျွန်မနေတဲ့ ရန်ကုန်မြို့လိုမျိုး အလင်းရောင်နဲ့ လေကောင်းလေသန့် သိပ်မရတဲ့ တိုက်ခန်း​ေနသူတွေအဖို့ ခေါင်းအုံးနဲ့ မွေ့ယာတွေကို နေပြဖို့ဆိုတာ မလွယ်ကူလှပါဘူး အိပ်နေတုန်းမှာ ခေါင်းကထွက်တဲ့ချွေးနဲ့ သွားရေဟာ ကြာလာတဲ့အခါ ခေါင်းအုံးတွေမှာ ဝါကျင့်ကျင့် အကွက်လိုက်တွေ ဖြစ်နေတတ်ပါတယ်။ ခေါင်းအုံးတွေ ဖက်လုံးတွေမှာ အဲသလို ဝါကျင့်ကျင့် နှင့် အကွက်တွေပေါ်နေပြီဆိုရင်တော့ မသုံးသင့်တော့ပါဘူး။ ကျွန်မရဲ့အမေမှာ ရင်ကြပ်တဲ့ဝေဒနာနဲ့ ချောင်းဆိုးနေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ။ လွန်ခဲ့တဲ့ လကဆိုရင် ရာသီဥတုကလည်း နေပူလိုက် မိုးရွာလိုက်မို့ Hum...