Skip to main content

Posts

မိဘကို လုပ်ကျွေးရခြင်း အကျိုး (၁၃) ပါး

မိဘကို လုပ်ကျွေးရခြင်း အကျိုး (၁၃) ပါး ၁။ မိဘ နှစ်ပါး လုပ်လုပ်းငြာ သွားလေရာဝယ် မညှိုးငယ်။ ၂။ မိဘနှစ်ပါး လုပ်ကျွေးငြာ လူသားလည်းချစ် နတ်လည်းချစ်။ ၃။ မိဘနှစ်ပါး လုပ်ကျွေးငြာ သုံးပါကပ်နှင်း ကျော်နိူင်ခြင်း။ ၄။ မိဘနှစ်ပါး လုပ်ကျွေးငြာ သားရဲ ဘီလူး စားဝံ့ဘူး။ ၅။ မိခင် ဖခင်လုပ်ကျွေးလျှ လှေပင် မှောက်မှောက် မသေပျောက်။ ၆။ မိဘကျွေးမှု ဝတ်ပြုစု တောင်းစုပိုင်ပိုင် ပြည့်စုံနိူင်။ ၇။ မိဘနှစ်ပြင် လုပ်ကျွေးလျှင် ပညာရှင်ချစ် နတ်လည်းချစ်။ ၈။ မိဘနှစ်တန် လုပ်ကျွေးပြန် ကြံကြံသမျှ ပြီးကိစ္စ။ ၉။ မိဘနှစ်အင် လုပ်ကျွေးလျှင် ဂုဏ်အင်စုဝေး ပန်းလိုမွှေး။ ၁၀။ မိဘနှစ်ထွေ လုပ်ကျွေးပေ ကျက်သရေမျိုး နေ့စဉ်တိုး။ ၁၁။ မိဘနှစ်ဆူ လုပ်ကျွေးမှု နိဗ္ဗူ ပြည်ကြီး ရောက်လုနီး။ ၁၂။ မိဘနှစ်ဆူ လုပ်ကျွေးသူ ဖုန်းမူကြီးမား သက်ရှည်လျား။ ၁၃။ မိဘဝတ်မှန် ပြု ကြရန် ဘေးရန်အများ ဝေးကရှား။ မိဘကျေးဇူး သိတတ်သော သားသမီးကောင်း ရတနာလေးများ ဖြစ်နိူင်ကြပါစေ။ Credit : မူရင်းရေးသားသူ

သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုး ကျစေမည့် နည်းလမ်း (၅) ခု

သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုး ကျစေမည့် နည်းလမ်း (၅) ခု မကြာခဏ ခေါင်းကိုက် တတ် တယ် ၊ မောပန်း လွယ်တယ် ၊ ရင်ဘတ် အောင့်တတ် တယ် ဒါတွေ အပြင် သွေးတိုး တတ် တယ် ဆို ရင် အဲ့ဒါ တွေ ဟာ အိပ်ရေး ပျက်တာ များ လို့ ၊ စိတ် ဖိစီးမှု များ လို့ ၊ ကိုယ် အ လေးချိန် များ နေ လို့ စသဖြင့် ဖြစ် နိုင် ပါ တယ် ။ ဘာကြောင့်ပဲဖြစ် ဖြစ် ကိုယ်တိုင် လည်း သွေးတိုး တတ် တယ် ၊ အိမ်က လူကြီးတွေ သွေးတိုး တတ် တယ် ဆိုရင် ဒီ နည်း လမ်း လေး တွေ က ဆယ်မိနစ် အတွင်း သွေးတိုး ကျ စေ ပြီး သွေးတိုး ကြောင့် ဖြစ် တဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ကို သက်သာ စေ နိုင် ပါ တယ် ။ ( ၁ ) နားရွက် အ နောက် နဲ့ လည်ပင်းကို နှိပ်ပေးပါ နားရွက် အ နောက် က နေ ညှပ်ရိုး နေရာ အထိ ဖြည်း ဖြည်း လေး နှိပ် ပေး တာ က သွေးလှည့်ပတ်မှု ကောင်း စေ ပြီး သွေးဖိအား များ နေ တာ ကို လျှော့ချ ပေး နိုင် ပါ တယ် ။ ပြီးရင် ပုံမှာ ပြ ထား တဲ့ နံပါတ် ၃ နေရာကို လက်ချောင်း ထိပ်လေး တွေ နဲ့ ဖွ ဖွ လေး နှိပ်ပေးတာ က သွေးတိုးပြီး ခေါင်းမူး နေ တာ ကို အမြန်ဆုံး သက်သာ စေ နိုင် ပါတယ်။ ( ၂ ) ဘယ်ဘက် နှာခေါင်းနဲ့ပဲ အသက်ရှူပါ သွေးတိုး နေ တာ ကို အမြန်ဆုံး ကျ စေ မယ့် နောက် တစ်နည်း က တော့ ညာ...

ဆံပင်ကျွတ်ပြီး ထိပ်ပြောင် နေသူတွေအတွက် ဆံပင်ပေါက်နည်း

ဆံပင်ကျွတ်ပြီး ထိပ်ပြောင် နေသူတွေအတွက် ဆံပင်ပေါက်နည်း ဆံပင်ကျွတ်သူ ၊ ဆံပင်ပါးသူ ၊ထိပ်ပြောင်သူတွေအတွက် အလွန် ထိရောက်တဲ့ နည်းလမ်းကောင်းလေးပါ။ နည်းလမ်းကောင်းလေးကတော့ ကြက်သွန်ဖြူကို အခွန်ခွာပြီး ထက်ခြမ်း ခြမ်းလိုက်ပါ။ ခြမ်းထားတဲ့ အပိုင်းကို ဦးရေပြား ဆံပင်ပါးသော နေရာတွေကို လိုက်ပွတ်ပေးပါ။ နာရီ၀က်လောက်ထားပြီး သံလွင်ဆီထဲသို့ VitaminE Oil လေး အနဲငယ် ထည့်ပြီး ဦးရေသားကနေပြီး ဆံပင်အဖျားထိ လိမ်းပေးပါ။ ဦးရေသားကို အနဲငယ် နှိပ်နယ်ပေးပါ။ ကြက်သွန်ဖြူနံ မခံနိုင်သူတွေ အတွက်တော့နာရီ၀က်လောက်ကြာရင် မ်ိမိကြိုက်နှစ်သက်ရာ Shampoo ဖြင့် ပြန်လည် လျှော်ပေးလို့ရပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ ဓာတ်တစ်မျိူးက ဆံသားများအား ခိုင်ခန့်စေပြီး ဆံပင်ပြန်ပေါက်စေပါတယ်။ဦးရေသားရှိ ဗောက်များကို သက်သာစေပြီး ၊ ဆံပင် ကျွတ်ခြင်းကိုလဲ ကာကွယ်ပေးပါတယ်။ တစ်ပတ်ကိုသုံးခါလောက် အသုံးပြုပေးခြင်းဖြင့် အချိန်တိုတွင်းမှာ ဆံပင်တွေ ပြန်ပေါက်လာမှာ အသေချာပါပဲ။ နည်းလမ်းကောင်းလေးကို စမ်းပြီး အသုံးပြုကြည့်လိုက်တော့နော်။ Credit : Original Writer

သရက်သီး အမြန်သီးအောင် စိုက်ပျိုးနည်း

သရက်သီး အမြန်သီးအောင် စိုက်ပျိုးနည်း 1) သရက်အစေ့ကို ပလပ်စတိတ်အိပ်မှာ အရင်ပျိုးပါ။ 2) 45 ရက်လောက်အကြာပျိုးပင်ကို ပုံကအတိုင်း ဖြတ်ပါ။ 3) ပျိုးပင်ငုတ်တို အလည်တည့်တည့်ကို နှစ်လက်မ လောက် ဓါးနဲ့ခွဲပါ။ (ပင်ပျိုအသေးအကြီးပေါ်မူတည်ပြီး ပျိုးပင်ငုတ်တိုကိုခွဲပါ) 4) အသီးသီးနေတဲ့ အပင်အရင့်က ကိုင်းဖျားကို ဖြတ်ယူပါ။ (ပျိုးပင်ငှတ်တိုင်လုံးပတ်နဲ့အရွယ်တူတဲ့ ကိုင်းဖျားကို ယူပါ) 5) ပင်ရင့်ကိုင်းဖျား ဖြတ်ထားနေရာကို V ပုံစံ တူရွင်းပြားလို ချွန်ပါ။ 6) ပျိုးပင်ငုတ်တို ဓါးနဲ့ခွဲထားတဲ့နေရာမှာထိုးသွင်းပါ။ 7) အဲ့အဆက်နေရာကို ပတ်တီးစီးသလို ပလပ်စတစ်နဲ့စည်းပါ။ (ပလပ်စတိအိတ်အကြည်ကို ပတ်တီးပုံစုံဖြတ်ပြီးစည်းပါ) 8) ဆက်ရာအောက်နားအထိ ပလပ်စတစ်အိတ်စွတ်ပြီး အ၀ကို ချည်ထားပါ။ (အဆက်နေရာကို ပိုးမ၀င်အောင်နဲ့ အစိုဓါတ်ကိုထိန်းထားဖို့ဖြစ်ပါတယ်) 9) အရိပ်မှာ ထားပါ၊ 45 ရက်လောက်အကြာမှာ ဆက်ရာလည်း စေ့လာလိမ့်မယ်၊ ရွက်နုထွက်လာမယ့်မယ်၊ အဲ့ဒီအခါမှာ စွတ်ထားတဲ့ ပလပ်စတစ်အိတ်ကို ဖယ်ရှားလိုက်ပါ။ 10) နေရောင်မပြင်းတဲ့နေရာမှာ ဆက်လက်ပျိုးထားပါ။ 11) အပင်သန်မာလာပြီးနောက် စိုက်ခင်းထဲကို ပြောင်းစိုက်နိုင်ပါပြီ။ ကိုင်းကူးရန်အသင့်တော်ဆုံးကာလ အဖူးကိုင်းနှင့် အ...

အင်းယားလိပ် လမ်းပေါ်တွင် လုံးပတ်(၁)ပေခန့်၊ အရှည်(၁၅)ပေခန့်ရှိ စပါးအုံးမြွေ တစ်ကောင် တွေ့ရှိ

အင်းယားလိပ် လမ်းပေါ်တွင် လုံးပတ်(၁)ပေခန့်၊ အရှည်(၁၅)ပေခန့်ရှိ စပါးအုံးမြွေ တစ်ကောင် တွေ့ရှိ ၁၇.၁၁.၂၀၂၀ ရက်နေ့ ၊ ၀၈:၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်းယားလိပ်လမ်းပေါ်တွင် လုံးပတ်(၁)ပေခန့်၊ အရှည်(၁၅)ပေခန့်ရှိ စပါးအုံးမြွေ(၁)ကောင်တွေ့ရှိသဖြင့် လမ်းသွားလမ်းလာများမှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံလာသည့်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ သွားရောက် ဖမ်းဆီးပေးခဲ့ပြီး စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်းသို့ သွားရောက် လွှတ်ပေးခဲ့ပါသည်။ Myanmar Fire Services Department

မန္တလေး မြောက်ပြင်ထားဝယ်ရပ်ရဲ့ ချစ်စရာ ရိုးရာဓလေ့ တစ်ခု

မန္တလေး မြောက်ပြင်ထားဝယ်ရပ်ရဲ့ ချစ်စရာ ရိုးရာဓလေ့ တစ်ခု ကျွန်တော်တို့ မန္တလေးမြို့မှာ မြောက်ပြင်ထားဝယ်ရပ်ဆိုတာ မြောက်ဘက်ကျုံး၁၂ လမ်းနဲ့၇၇ လမ်း မှာတည်ရှိတာပါ ဒီထားဝယ်ရပ်ဆိုတာမန္တလေးမြို့နန်းတည်ကတည်းက မြောက်ထားဝယ်ဆောင်မင်းမှု့ထမ်းများကိုနေထိုင်ဖို့ပေးခဲ့တဲ့ရပ်ကွက်လို့အဆိုရှိပါတယ် မန္တလေးရွှေနန်းတော်ကြီးမှာ တောင်ထားဝယ် ဆောင် နဲ့မြောက်ထားဝယ်ဆောင်ဆိုပြီး နန်းဆောင်နစ်ဆောင်ရှိပါတယ်။ ထားဝယ် ဆောင်ဆိုတာ ဟံသာဝတီဆင်ဖြူရှင်မင်းလက်ထက် ထားဝယ်မြို့ပါ သူရဲကောင်းများကို ရွေးချယ်ပြီးထိုအဆောင်နစ်ဆောင်မှာ စွဲမြဲ စေသည်ဖြစ်လို့ထားဝယ်ဆောင်လို့ခေါ်ကြောင်း မှတိသားရပါတယ် တောင်ထားဝယ်အမှု့ထမ်း များကို ယခုဆေးရုံကြီးတောင်ဘက်မှာ နေရာချထားခဲ့လို့တောင်ထားဝယ်စုလို့ခေါ်ပြီး မြောက်ထားဝယ် အမှု့ထမ်းများကိုတော့ အခု မြောက်ပြင် ၁၂လမ်းနဲ့၇၇ လမ်းမှာနေရာချထားလို့မြောက်ထားဝယ်စုလို့ခေါ်ပါတယ်။ ကျနော်တို့မန္တလေးသားများကတော့မြောက်ပြင်ထားဝယ်ရပ်လို့ခေါ်ကြပါတယ် ဒါက ထားဝယ်ရပ်ရဲ့သမိုင်းပါ။ ဒီထားဝယ်ရပ်မှာ ရိုးရာအစဉ်အလာလေးတခုရှိလေရဲ့ဒါကတော့သိတဲ့သူလည်း သိတယ် တချို့လည်းမသိဘူးပေါ့ ကျနော်တို့မန္တလေးသူ မန္တလေးသားတွေတောင်တချို့မသိကြပါဘူး။ ဒါကဘာလဲဆ...

ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်

ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက် ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ထည့်ထားတာတုန်း။ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာနော်.. ဘုရားထဲမှာ ဌာပနာတယ်၊ `ဌာပနာ´ဆိုတာ `ထည့်သွင်းခြင်း တည်ထားခြင်း´ လို့ အဓိပ္ပါယ်ရတယ်.. အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း? နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး။ ပြောမှာပေါ့နော်..ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း.. ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေ ထည့်တယ်..အခုခေတ်လည်း ထည့်တာပဲ။ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။ ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိတယ်.. သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်..။ မြတ်စွာဘုရား ပရိနိဗ္ဗာန်‌စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။ ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားတယ်။ ဒီဓာတ်တော်အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်။ အဲဒီလို စုထည့်ထားပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်...