အနှစ် (၂၀) ကျော်မှ ရေကျလို့ တရွာလုံးနီးပါ ပြန်ပေါ်လာတဲ့ အင်ဒိုင်းရွာဟောင်းကို ဒီနေ့ အင်းဒိုင်းရွာက လူများနဲ့အတူ ရောက်ရှိခဲ့ပါတယ်။ အင်ဒိုင်းရွာဟောင်းဟာ ရေတွင်းများ အုတ်ဂူများ စာသင်ကျောင်း အုတ်ခုံများ လမ်းမကြီးများနှင့် အခြားသော အမှတ်အသားများဟာ အထင်းသာပေါ်လို့နေပါတယ်။ ရေက အတော်ကို ကျနေတော့ ရွာသူရွာသားတွေကတော့ သစ်ငုတ်တွေကြည့် ခြံစည်းရိုးတွေကြည့်ပြီး သူတို့အိမ်နေရာကို အတိအကျသိရတယ်လို ပြောပါတယ်။ ၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည် တည်ဆောက်ခြင်းကြောင့် ကျွန်းလှမြို့ နှင့်အတူ ပြောင်းရွှေ့ခံ (၇၃) ရွာထဲမှာ အင်ဒိုင်းရွာလည်း တရွာအပါအ၀င်ဖြစ်ခဲ့ရပါတယ်။ အရင်က အင်ဒိုင်းရွာဟာ စားတော်ပဲ အလွန်ထွက်သဖြင့် စာဝတ်နေရေး ပြေလည်ကြောင်း ဆည်တည်ဆောက်လို့ ရွာနေရာပြောင်းပေးရတာကို ကျေနပ်ပါတယ် ဒါပေမဲ့ ပြောင်းရွှေ့ပြီးတော့ ပြည်သူကို ပြည်သူလို့ မသက်မှတ်ပဲ ကျွဲ နွားလို့သက်မှတ်ပြီး ဂရုမစိုက် မသိကျိုးကျွံပြုတာကတော့ အဲ့ဒီတုန်းက အစိုးရဟာ အင်မတန်မှ ရက်စက်လွန်းရာ ကျကြောင်း ရွာခံများက ပြောပါသည်။ ရွာသစ်ရွှေ့ရတော့ မယ်မယ်ရရ ဘာမှစိုက်ပျိုးလို့မရသဖြင့် အခတ်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ရွာထဲမှာလဲ လူငယ်ဆိုတာ မရှိသလောက်ပဲ အပြင်ထွက် အလုပ် လ...