Skip to main content

Posts

Showing posts from May, 2020

လုပ်စား ဂိုဏ်း များ အကြောင်း သိစေရန် (ကိုယ်တွေ့ ဖြစ်ရပ်)

ကိုယ်တွေ့ဖြစ်ရပ် အများသိအောင် Share ပေးကြပါ လုပ်စားဂိုဏ်းများ အကြောင်း သိစေရန်။ အရင်ကတည်းက လူနဲနဲပြတ်ပြီး ကားနဲနဲရှင်းတဲ့နေရာတွေမှာ ဒီလိုလူတွေ ဂိုဏ်းဖွဲ့ပြီး လုပ်စားနေကြပါတယ်။ လက်ရှိ ကိုဗစ်ကာလ မှာနေ့လည်ပိုင်းတောင် လူရောကားပါ ရှင်းတဲ့နေရာ တော်တော်များလာတော့ ဒီလိုလုပ်စားဂိုဏ်းတွေအတွက် ခွင်ပိုကောင်းလာတယ် ဆိုရပါမယ်။ ကျနော်က ဗဟန်းမှာနေသာပါ။ မေ ... ရက်နေ့က အိမ်အပြန် မှန်းခြေ နေ့လယ်ပိုင်းပဲ ရှိပါသေးတယ်။ ရွှေဂုံတိုင် ဂုံးကျော်တံတားအောက်ကနေ SSCဘက်ကိုသွားတဲ့ လမ်းက နဲနဲလေးတော့ ကျဉ်းတယ်။ ဒါနဲ့ တံတားအောက်ခြေမှာ ဘောလုံးကန်တဲ့ လူငယ်လေးတွေလည်း ရှိပါတယ်။ အဲ့ဒီနားလည်းရောက်တော့ ဓါတ်ပုံထဲက လူက ကျနော့်ကားဘက်ကြည့်မှန်ကို တံတောင်နဲ့ တစ်အားရိုက်ချိုးပြိး(ပုံပါအတိုင်း) ကျနော်ကပဲ သူ့ကိုကားနဲ့ တိုက်မိ သလိုဖြစ်ပြီး အဲ့ဒီမှာ လူလိမ့်ပြီး အော်တော့ တာပဲဗျာ ။ ကျနော်လည်း ကားကိုချက်ချင်းရပ်ပြီး အဲ့ဒီလူနားသွားတော့ မလှမ်းမကမ်းမှာ ( ဗီဒီယိုဖိုင် ကြည့်ရန် ) စောင့်နေတဲ့ လူ၃ ယောက်ချက်ချင်းပြေးလာပြီး " လုပ်ကြပါ အုံး , ဘယ်လိုလုပ်လိုက်တာလဲ " အော်ပြောပြီး ဆေးခန်းသွားမယ်ချည်း လုပ်တာပဲ ။ ကျနော်လည်း ရုတ်တရက် ကြောင်ပြီး ဘော...

လေးစားစရာ လုပ်ရပ်နဲ့ စိတ်ဓာတ်ကြောင့် အွန်လိုင်းမှာ လူကြိုက် များနေတဲ့ အုပ်ချုပ်ရေးမှူး

ယခု သတင်းကို ( ကိုအေးမင်း ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကံတင်+ ဒေါ်ဝင်းရီ၊ သားကိုဆန်း+မမြမြသင်း၊ ကိုထွန်း+မသီတာစန်း မိသားစုမှ ကျွန်းဖိုပင်ရွာရှိ အိမ်ခြေပေါင်း ၂၀၀ ကျော်ကို တစ်အိမ်လျှင်ဆန် တစ်တင်းစီ လှူဒါန်းပါသည် (5-5-2020)။ အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ အခုလို မွန်မြတ်လှတဲ့ လုပ်ရပ်ကြောင့် အွန်လိုင်းမှာလည်း လူအများက ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ သာဓုသာဓုသာဓုပါဗျာ။ ကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်နေသော ယခုလိုကာလမှာ ယခုကဲ့သို့ လိုအပ်သော အလှူဒါန ပြုလုပ်လူဒါန်းသော စေတနာရှင် မိသားစု ဒီထက်မက ဆထက်ထမ်းပိုး တိုး၍ လှူဒါန်းနိုင်ပြီး ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ကျတော်များ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ယခုကဲ့သို့ ဂုဏ်ယူလေးစားဖွယ် လူဒါန်းမှုအစုစုကိုလဲ အများပြည်သူ သာဓုခေါ်နိုင်ကြစေဖို့ ယခုကဲ့သို့ ထပ်ဆင့်ဖော်ပြ ဂုဏ်ပြုအပ်ပါသည်။

ကိုဗစ်ရောဂါ ရှာဖွေစစ်ဆေးတဲ့ နည်းပညာမြင့် စက်နှစ်လုံးကို လှူဒါန်းလိုက်တဲ့ ဆရာတော်အရှင်ဆန္ဒာဓိက

ယခု သတင်းကို ( CaptHtay Myint ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ ရွှေပါရမီ ဆရာတော်အရှင်ဆန္ဒာဓိက မှ ဦးဆောင်သော ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း မှ Covid -19 ဆေး စစ် စက် သိန်း ၄၀၀တန် စက် ၂ လုံးအား ကိုရီးယား နိုင်ငံမှ မှာယူပြီး မနေ့ညက ရောက်ရှိ လာပါတယ်။ ယနေ့ NHL တွင် စစ်ဆေးရာ ၄၅ မိနစ် ကို ၁၆ ယောက်စစ်လို့ရပါတယ်။ ၁ ယောက်ကို ၃ သောင်း ဝန်း ကျင်လောက် ကြနိုင်ပြီး ဆေးစစ် ဌာန တစ်ခုလုံး ဝမ်းသာပျော်ရွှင်နေကြပါသည်။ မြန်မာနိုင်ငံအတွက် လိုက်လျောညီထွေမှု ရှိလျှင် ၁၀ လုံး ထိ လှူရန် ရည်ရွယ်ထားပါသည်။ မနက်ဖြန် ၁၀နာရီ ၄င်းဌာန တွင် (ရွှေတိဂုံဘုရားအနီးဇီဝက လမ်း ရှိ NHL သွေးစစ်ဌာန)တွင် စာနယ်စင်းများနှင့်အတူ စက်အပ်ပွဲအလှူငွေ ပေးအပ်ပွဲ လုပ်ပါမည်။ ထို့နောက် ရွှေပါရမီဖောင်ဒေးရှင်းအနေဖြင့် ဆေးရုံ ဝန်ထမ်း ၆၀ အား Vitamin D3 အပါအဝင် အားဆေး များကို ဥက္ကဌ ကြီးမှ လှူဒါန်းမည်ဖြစ်ပါသည်။ ထို့နောက် ၎င်းဆေးစစ်ဌာန ဝန်ထမ်း ၆၀ အတွက် လစာ တစ်လစာ သိန်း ၁၇၇ သိန်း အား အောက်ပါရွှေပါရမီ Ec များက လှူဒါန်းပါသည်။ ၁။ ဦးရှိန်ဝင်း (တက်လမ်း Group)မှ သိန်း ၃၀ ၂။ ဦးမျိုးမြင့် (စိန်မျှားပဲခူး)မိသားစုမှ သိန်း ၂၀ ၃။ ဦးက...

Mask တပ်ဖို့ ပြောတာ ရန်အတွေ့ခံရတာ ရှိသလို အိမ်မှာရှိတယ် မေ့လာလို့ဆိုပြီးလဲ ရန်အတွေ့ခံရတယ်

Mask တပ်ဖို့ ပြောတာ ရန်အတွေ့ခံရတာ ရှိသလို အိမ်မှာရှိတယ် မေ့လာလို့ဆိုပြီးလဲ ရန်အတွေ့ခံရတယ် Mask တပ်ဆို အိတ်ထဲ လက်နှိုက်သလို လုပ်ပြီး ဆိုင်ကယ် မောင်းပြေးတဲ့ လူလဲရှိတယ်။ ပြောရင်အပေါက်ဆိုးတယ် ဖြစ်ကျမယ်။ Maskမတပ်ရင် မ၀င်ပါနဲ့ ပြောရင် ဘုကြည့်ကြည့်လဲ ခံရတယ်။ မင်းတို့နဲ့ တွေ့မယ်ဆိုပြီး ကြိမ်းဝါးလဲ ခံရတယ်။ ခင်ဗျားတို့ သေမှာဆိုးလို့ ပြောနေရတာကို။ ရှင်းရှင်းပြောရရင် မသေချင်ရင် Mask တပ်ကျပါနော်။ ရဲရင့်ထွန်း

မြင်ရ တွေ့ရတာတွေ စိတ်ပျက်မိတယ် ကူညီမှုတွေ လက်လျှော့ ရတော့မလား

မြင်ရ တွေ့ရတာတွေ စိတ်ပျက်မိတယ် ကူညီမှုတွေ လက်လျှော့ ရတော့မလား တကယ်ဆို စျေးတွေ၊ ဘဏ်တွေက မူလအချိန်အတိုင်းဖွင့်ထားရမှာပါ။ ခုတော့ စျေးဖွင့်ချိန်တွေလျှော့ချတော့ စျေးဖွင့်တာနဲ့ လူပြုံတိုး၊ ဘဏ်ဖွင့်ချိန်တွေလျှော့ချတော့ ဘဏ်ဖွင့်တာနဲ့ လူပြုံတိုးနေကြတာပါပဲ။ အင်မတန် စိတ်ပျက်ဖွယ်ကောင်းတဲ့ စီမံခန့်ခွဲမှုပဲ။ အမိန့်တွေထုတ်ပြီးရင် ပြန်လှည့်မကြည့်ကြတာ ဆိုးလွန်းတယ်။ ကျန်းမာရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေအတွက်က ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပါပဲ။ ဘယ်လို လုပ်ကြမလဲ။ ဖြစ်လာရင် အားလုံးသေဖို့သာ ပြင်ထားကြပါတော့။ အဝေးကပဲ သရဏဂုံတင်ပေးတော့မယ်။ ကိုယ်တိုင် မပါသွားခဲ့ဘူး ဆိုရင်ပေါ့။ Photo : မော်လမြိုင်စျေးကြီး Ashin Sanda Zawti

Covid-19 ရောဂါ အတွက် Remdesivir ဆေးကို အရေးပေါ် ကုသဆေး အဖြစ် အမေရိကန် FDA အသိအမှတ်ပြု

Covid-19 ရောဂါ အတွက် Remdesivir ဆေးကို အရေးပေါ် ကုသဆေး အဖြစ် အမေရိကန် FDA အသိအမှတ်ပြု ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) Remdesivir ဆေးကို Covid-19 ရောဂါ ပြင်းထန်သူတွေကို ကုသဖို့အတွက် အမေရိကန် FDAက ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏအလွန်အမင်း နည်းပါးတဲ့ Covid-19 ရောဂါသည် ဒါမှမဟုတ် အသက်ရှူစက်လိုအပ်နိုင်တဲ့ Covid-19 ရောဂါသည်တွေမှာ သုံးနိုင်တယ်လို့ US FDA ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ US FDAအကြီးအကဲနဲ့ Gilead ဆေးကုမ္ပဏီ အရာရှိတို့ တွေ့ဆုံပြီး ဒီကြေငြာချက်ထွက်လာတာ ဖြစ်ပါတယ်။ Remdesivir ဆေးကို Gilead ဆေးကုမ္ပဏီက ထုတ်တာပါ။ Covid-19ရောဂါအပြင်းထန်ဆုံးလူနာတွေမှာ Remdesivir ဆေးကို အရေးပေါ်ဆေးအနေနဲ့ ပေးဖို့ US FDA က ဆုံးဖြတ်ချက်ချပေးခဲ့တာပါ။ ဒီဆေးကို ဆေးရုံတက်ရတဲ့ Covid-19လူနာတိုင်းအတွက် သုံးသင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီဆေးနဲ့ ကုတဲ့ လူနာတွေက မကုတဲ့ လူနာတွေထက် ပြန်လည်နေကောင်းနိုင်ခြေ ၃၁ ရာခိုင်နှုန်း မြန်တယ်လို့လည်း ဆိုထားပါတယ်။ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် အသည်းအင်ဇိုင်းမြင့်တက်စေတာကြောင့် အသည်းဆဲလ် ရောင်ရမ်းခြင်း၊ သွေးပေါင်ကျခြင်း၊ ပျို့ချင်အန်ချင် ...

အလုပ်ရှင်မှ ကွမ်းသီးပွဲရုံ အလုပ်သမတွေကို ထီဖိုးငွေ စိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ သိန်း (၁၀၀) ဆုပေါက်

အလုပ်ရှင်မှ ကွမ်းသီးပွဲရုံ အလုပ်သမတွေကို ထီဖိုးငွေ စိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ သိန်း (၁၀၀) ဆုပေါက် သိန်း(၁၀၀)ဆု ကံထူးရှင်ကတော့ မော်လမြိုင်မြို့ သီရိမြိုင်(၁၂)လမ်းမှ မစန်းစန်းနွယ် ဖြစ်ပါတယ်။ သူမ အလုပ်လုပ်တဲ့ အလုပ်ရုံကတော့ မော်လမြိုင် စမ်းကြီးရပ်မှ ဦးနေဝင်းသူရဲ့ (NWT)ကွမ်းသီးပွဲရုံ ဖြစ်ပါတယ်။ ပွဲရုံအလုပ်သမလေးတွေက ထီတစောင်(၁၀၀၀) ပေးထိုးဖို့ တော်တော် စဉ်းစားရတဲ့ အခြေအနေပါ။ မိသားစု စားဝတ်နေရေး ရှိနေတော့ ထီတစောင်(၁၀၀၀) ထိုးဖို့ထက် အိမ်အတွက် ဆန် (၁၀၀၀) ဖိုး ဝယ်ဖြည့်လိုက်ကြတာ များပါတယ်။ အဲဒီအတွက် အလုပ်ရှင် ဦးနေဝင်းသူ နဲ့ အလုပ်ရုံတာဝန်ခံမှ ကွမ်းသီးပွဲရုံ အလုပ်သမလေးတွေရဲ့ ကံစမ်းချင်တဲ့ ဆန္ဒလဲပြည့်အောင် အခက်အခဲလဲမဖြစ်အောင် စျေးကြိုထီဆိုင်မှ ထီတွေကိုဝယ်ယူပေးပြီး အလုပ်သမတွေ အဆင်ပြေမှ အရစ်ကျပြန်ဆပ်ဆိုပြီး တစ်ဦးကို ထီ(၂)စောင်နှုန်း အကြွေးထိုးပေးစေရာမှ မစန်းစန်းနွယ် ဆိုတဲ့ အလုပ်သမ တစ်ဦးမှ သိန်း(၁၀၀) ကံထူးသွားတာ ဖြစ်ပါတယ်။ သိန်း(၁၀၀) ကံထူးရှင် မစန်းစန်းနွယ် မှလည်း ဆုငွေထုတ်ပြီးရင် ဘဝတူ အလုပ်သမလေးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ ပေးပါဦးမည်တဲ့ ခင်ဗျ။ တကယ်မရှိတဲ့ လက်လ...

ဒူးနာနေသူများအတွက် ငွေမကုန် လူမပမ်းဘဲ ပျောက်တဲ့ နည်းလေး

ဒူးနာနေသူများအတွက် ငွေမကုန် လူမပမ်းဘဲ ပျောက်တဲ့ နည်းလေးကို တင်ပေးလိုက်ပါတယ်။ ဒူးခေါင်းကို ပထမဦးဆုံး သံပုရာသီး တစ်လုံး ခြမ်း၍ အရည်ကုန်တဲ့ အထိ ပွတ်ပါ။ ပြီးရင် ဆရာခို အနာလိမ်းဆေးဖြင့် နှံ့စပ်ပေအာင် လိမ်းပါ။ မနက် ည တစ်ကြိမ်စီ လုပ်ပါ။ တကယ် ပျောက်ပါတယ်။ Credit : မူရင်းရေးသားသူ

ညနက်မှ အိပ်တဲ့သူတွေ အိပ်ရေး၀အောင် မအိပ်တဲ့သူတွေ ကြုံတွေ့လာရမည့် အရာများ

ယခုပိုစ့်ကိုတော့ ညဘက်တော်တော်နဲ့ မအိပ်နိုင်တဲ့သူတွေ ဖတ်သင့်ပါတယ် ။ Aki ရဲ့ သူငယ်ချင်းတစ်ယောက် ညဘက်လုံးဝ မအိပ်ဘဲ မနက်ကျမှ အိပ်လို့သူ့ကိုတရားချရာကနေ ဒီ post ရေးဖြစ်တာပါ ။ Acc ထဲက လူတချို့လဲ မအိပ်ကြဘူးထင်တယ် Story တွေတင်ကြတာတွေတွေ့ လေ့ရှိလို့ Anyway, ကိုယ်သိသလောက် Knowledge ကို share ပေးချင်ပါတယ် ။ Sleep Deprivation အိပ်ရေးမဝတာက ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆိုတော့ မအိပ်ကြပါဘူး ။ အလွန်ဆုံး၁၂ကျော်မှ အိပ်ကြတာများတယ် ။ အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။ အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။ တချို့က ဒီလိုတွေးတယ် " ညမအိပ်ဘဲ မနက်မှ အိပ်လဲ အိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲ လွဲတာ ဘာအလုပ်မှ မလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။ No ပါ ညမအိပ်ဘဲ မနက်မှအိပ်တာလဲ အိပ်ရေးမဝတာကို ဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့် အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစ ခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန် မပြောင်းဘဲ ဒီလိုပဲဆက်သွားနေရင...

မေလမှ ဇွန်လအတွင်း မှတ်ပုံတင်ထားခြင်း မပြုလုပ်ထားသည့် MPT ဆင်းကတ်များကို အပြီး ပိတ်သိမ်းမည်

မေလနှင့်ဇွန်လအတွင်း အချက်အလက်မှန်ကန်စွာဖြင့် ဆင်းကတ်မှတ်ပုံတင် ခြင်း မပြုလုပ်ထားသော ဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ MPTရုံးချုပ်မှ သိရသည်။ “MPTသုံးစွဲသူအားလုံးအနေနဲ့ ပြည့်စုံမှန်ကန်တဲ့ တရားဝင်အမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို ဖြည့်စွက်ပြီး ဆင်းကတ်မှတ်ပုံတင်ဖို့ လိုအပ်တာကြောင့် နေရာဒေသမရွေး လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့သုံးစွဲသူတွေရဲ့အိမ်ကနေလည်း မှတ်ပုံတင်လို့ရတဲ့ ရိုးရှင်းတဲ့ အွန်လိုင်းကနေ တစ်ဆင့် ပြုလုပ်လို့ရတဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးထားပါတယ်”ဟု MPT-KSGM JO မှ Mr.Tetsunori Nagashima က ပြောသည်။ ဆင်းကတ်မှတ်ပုံတင်ခြင်းသည် ဥပဒေအရ အမှန်တကယ်လိုအပ်ပြီး ဆင်းကတ်များစွာ ကိုင်ဆောင်ထားသူများကြောင့် မိုဘိုင်းဖုန်းနံပါတ်များ ရှားပါးမှုကို ရှောင်ရှားနိုင်ရန်နှင့် ရာဇဝတ်မှုများ ကျူးလွန်ထားသော မသမာ သူများကို တားဆီးခြေရာခံနိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်ရေး အော်ပရေတာများ လက်ရှိကျင့်သုံးလုပ်ဆောင်လျက်ရှိသည့် နိုင်ငံအတွက် အရေးကြီးကိစ္စတစ်ရပ်လည်း ဖြစ်သည်။ ဆက်သွယ်ရေးဝန်ဆောင်မှုများ အသုံးပြုရာတွင် မျှော်လင့်မထားသော နှောင့်ယှက...

ပြည်သူတွေ အတွက် ကိုဗစ်ကာလ ဓါတ်ခွဲခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦး ရေးလာတဲ့စာ

ဘာလိုလိုနဲ့ NHL မှာ ကူခွင့်ရတာ ၁လ ပြည့်ပြီ။ ဒီ April 1 လလုံးကို ၁ ရက်ခွဲပဲ နားလိုက်ရတယ်။ တစ်လလုံး ကြုံသမျှ တွေကလဲ အမှတ်ရစရာတွေချည်းပဲ။ အထူးသဖြင့် ဒီမှာ လူမသိပဲ ပေးဆပ်နေတဲ့ သူရဲကောင်းတွေ တကယ်ရှိတယ်။ Microbiologist တွေဖြစ်တဲ့ Dr. Zay Yar Htun ဆို အမြဲ ပြုံးပြုံးနဲ့ပဲ။ မနက်တိုင်း ၉နာရီ ရောက်လို့ကြည့်ရင် သူက Duty ဝတ်စုံနဲ့ Lab ထဲ တောင်ဝင်နေပြီ။ သူနဲ့အတူ ကြည့်လိုက်ရင် Dr. Win Mar Khaing လှုပ်လှုပ် လှုပ်လှုပ်နဲ့ မနက်၉ဆို ထမင်းတောင်မစားပဲ Lab ထဲဝင်နေပြီ။ ဘယ်ချိန်မှ ပြန်ထွက်ကြရတယ်ထင်လို့လဲ။ မနက်၉ကဝင်ရင် နောက်နေ့မနက် ၁,၂ မှ ပြန်ထွက်လာကြရတယ်။ ပြီးရင်လဲ သူတို့က Data Room မှာ Lab ID Registraion ကိုလာကူသေးတယ်။ ပြီးရင် ဒုတိယညွှန်မှုးဖြစ်တဲ့ Dr. Ohnmar Swe Tin နေ့တိုင်း လာတယ် နားရက်ကိုမရှိဘူး။ အစ်မ Ohn mar ဆီလာတဲ့ဖုန်း တွေ ဘယ်လောက်များလဲဆို သူ့ဖုန်း Ringtone က ကိုယ်တွေ အိမ်မက်ထဲပါ မက်တဲ့အထိပဲ။ Single Minute တိုင်းမှာ 2 call လောက်က ဝင်နေတာ (တစ်နိုင်ငံလုံးက ဝိုင်းဆက်နေတာကို) နောက် Lab ထဲက Technician တွေ။ သူတို့လဲ Microbiologist တွေနည်းတူ Lab ထဲ အတူဝင်ကြရတယ်။ ပြန်ထွက်လာရင် မျက်နှာမှာ Mask အရာတွေက သွေးချ...

နည်းနည်းလေးမှ အတင့်မရဲလိုက်ပါနဲ့ သူများတွေကို မပြောတော့ဘူး ကိုယ့်ထဲက လူတွေကိုပဲ ပြောတော့မယ်

နည်းနည်းလေးမှ အတင့်မရဲလိုက်ပါနဲ့။ သူများတွေကို မပြောတော့ဘူး။ ကိုယ့်ထဲက လူတွေကိုပဲ ပြောတော့မယ်။ ပိန်းတဲ့လူတော့ ထိမှာပဲ။ ကျနော်တို့ဆီမှာ ဟိုပြည်နယ်ကဖွင့် ဒီပြည်နယ်ကဖွင့် နည်းနည်း ပြန်ဖွင့်တယ်။ လူနာတွေ ချက်ချင်း ပြန်များလာတာပဲ။ အခုပဲ ကိုဗစ်ခန်းထဲက ထွက်လာတာ။ ဦးဏှောက်ထဲ catheter ကို ပရော်ဖက်ဆာကထည့်တယ်။ကျနော်က နောက်က လုပ်စရာရှိတာလုပ်။ ဦးနှောက်ထဲ CT ရိုက် catheter တွေထည့် တော့ ယောင်နေတယ်။ဦးနှောက်ထိတယ်။ Stroke ဖြစ်တဲ့ ကိုဗစ်လူနာတွေလည်းရှိတယ်။ ပြီးခဲ့တဲ့ လတုန်းကလူနာတွေမှာ ဦး‌နှောက်ထိတာ မပါဘူး။ ဒီ ပရော်ဖက်ဆာ (Neuro Intensivist) ဦးနှောက် အာရုံကြော အရေးပေါ် အထူးကု အားနေခဲ့တာ။ အခုလူနာတွေကျမှ ဦး‌နှောက်ထိတာတွေ ပါလာတယ်။ နောက်တစ်ယောက်က ကိုယ့်ထက်တောင် ငယ်သေး။ ကိုယ့်ထက်တောင် ကျန်းမာသေး။ ECG ဆွဲတော့ ကိုယ်ပေါ်မှာ အဆီမရှိဘူး။ 6 PACK နီးနီး ရှိတဲ့ ဗိုက်သားနဲ့။ ကိုဗစ်ဟာ နှလုံးကိုတော်တော်ထိတယ်။ နှလုံးရပ်သေတဲ့ လူနာ မနည်းဘူး။ အနောက်နိုင်ငံက နံပါတ်တွေ နည်းလာလို့ အဟုတ်မမှတ်နဲ့။ မနေ့က ကျောက်ကပ်စက်ကို ဝင်လုပ်တော့၊ လူနာက ကိုဗစ်လို့ ရေးမထားဘူး။ သံသယလူနာလို့ပဲ ရေးထားတယ်။ စစ်ထားတာက မထွက်သေးလို့ စာရင်းမပါတာ။ ဒီလောက် လက္ခ...

အမေရိကားမှာ အခြေ တကျ နေထိုင် နေတဲ့ ကိုယ့် မောင် အငယ်ဆုံးလေး စပြီး ဖျားပါတယ်

လွန်ခဲ့တဲ့ ၁၄ရက် အတွင်းမှာ ၊ကိုယ့် ပူပင်သောက စိတ်တွေကို ဖုံးဖိ ဖြေဖျောက် နေရ လို့ အခုမှ ပို့စ် ရေး တင်ဖြစ်ပါတယ်။ အမေရိကားမှာ အခြေတကျ နေထိုင် နေတဲ့ ကိုယ့် မောင် အငယ်ဆုံးလေး စ ပြီး ဖျားပါတယ်။သူက ကျန်းမာရေး အသိ နဲ့ဆင်ခြင်နေထိုင် တတ်သူပါ။သူ့ ဖျားတဲ့ ဝေဒနာ ခံစားရပုံကို သံသယ ရှိလို့ အခန်းတစ်ခန်းထဲမှာ isolate စ လုပ်ပြီး နေလိုက်ပါတယ်။ သူ့သား နဲ့ သမီးကလည်း ငယ်ကြသေးတယ်လေ။ စဖျားကတည်းက ကိုယ်နဲ့ နေ့စဥ် VC ခေါ် စကားပြောကြတယ်။ တစ်ယောက်တည်း အထီးကျန် မနေရ အောင်ရယ်၊ သူ့အခြေအနေ မှန်ကို သိရအောင် ရယ်ပါ။စ ဖျား ကတည်းက တစ်လျှောက် ကိုယ်ပူချိန် မကျသွားဘူး။ Day 2, Day 3 မှာ အသက်ရှုကြပ်တယ်၊ဝမ်းလျောတယ်၊ အနံ့ စ မရတော့ပါဘူး။ သူ့ အဖျားကို သံသယရှိလို့ စဖြစ်ကတည်းက ဆရာဝန်ကို ဆက်သွယ်ပါတယ်။သူတို့နိုင်ငံ ဆရာဝန်တွေဟာ အခု ကပ်တွင်းမှာ ဖုန်းမကိုင်နိုင်ကြပါဘူး။ voice mail ချန်ထားခဲ့ရပါတယ်။သူတို့ အားချိန်မှာမှ ပြန်ဆက်သွယ် လာကြပါတယ်။ မောင်လေး ဖြစ်သလိုပဲ ဖျားနာ နေကြပြီး ၊ကိုယ့် ဘာသာ သံသယ ရှိသူတွေကို အွန်လိုင်း ကနေ ကြည့်ပေးပါတယ်။ ခံစား နေရတဲ့ လက္ခဏာ တွေဟာ ကိုဗစ် ဟုတ်နိုင်ပါတယ် ဆိုပြီး၊ ပါရာ အုပ်စုဝင် သောက်ဆေး တစ်မျိုး ညွှန်းပါတယ်။က...