Skip to main content

Posts

Showing posts from August, 2020

အရေးကြီးလို့ လိုက်နာစေချင်ပါတယ် ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပါ

အရေးကြီးလို့ လိုက်နာစေချင်ပါတယ်။ စစ်တွေမှာ ပြည်တွင်းကူးစက်မှုတွေ ပိုတွေ့လာပါတယ်။ အပြင်ထွက်တဲ့သူ ၅% လောက်ပဲ mask ဝတ်တာတွေ့ရလို့ ကူးစက်ပြန့်ပွားမှု အရမ်းမြန်နိုင်တဲ့ အခြေအနေပါ။ စစ်တွေက မန္တလေးနဲ့ဝေးတယ်လို့ မတွေးစေချင်ပါ။ ယာဥ်လိုင်းတွေကနေ တစ်နေ့ ခရီးသည် ၈၀ ကျော်ဝင်ရောက်နေတာပါ။ စစ်တွေဘက်က လာသူတွေ quarantine လုပ်နေသလို ယာဥ်လိုင်းတွေ ပိတ်သွားပေမယ့် ရောက်နှင့်နေတဲ့ ရောဂါရှိနေသူ ဘယ်နှစ်ယောက်လောက် ရှိမယ်ဆိုတာ မပြောနိုင်ပါ။ ကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ် သန္ဓေပြောင်းပိုးကိုတွေ့လာရပြီးဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထား ဖို့ ဆေးသုတေသန ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက မနေ့ကပဲ သတိပေးလိုက်ပါသေးတယ်။ ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပါ။ လူစုလူဝေးကို ရှောင်ပါ။ လက်မကြာခဏဆေးပါ။ ခပ်ခွာခွာနေပါ။ တတ်နိုင်သရွေ့ အပြင်မထွက်ပါနဲ့။ Ye Lwin

တောင်ဥက္ကလာ ရတနာလမ်း မီးပွိုင့်မှာပါ ပိုက်ဆံတောင်းတဲ့ ကလေးတွေက တောင်းကောင်းအောင် ကားကို အတင်းဖုန်သုတ်ပြီး တောင်းကြတယ်

တောင်ဥက္ကလာ ရတနာလမ်း မီးပွိုင့်မှာပါ။ ပိုက်ဆံတောင်းတဲ့ ကလေးတွေက တောင်းကောင်းအောင် ကားကို အတင်းဖုန်သုတ်ပြီး တောင်းကြတယ်။ ပိုက်ဆံမပေးရင်လည်း မိုက်ကြည့်က ကြည့်ပါသေးတယ်။ အတင့်ရဲပြီး မှန်တောင် ခေါက်တောင်းတယ်။ မပေးမချင်း ပေကပ်နေတယ်။ ပွိုင့်လွတ်လို့ ကားထွက်ရင်တောင် သူတို့ကို ရှောင်နေရတယ်။ သုတ်ပြီးသွားတော့ မြင်တဲ့အတိုင်းပါဘဲ။ ကိုယ့်လို ဖြစ်မှာစိုးလို့ ဖုန်တိုက် မခံကြပါနဲ့နော်။ Selena Yamin တောင်ဥက္ကလာ ရတနာလမ်း မီးပွိုင့်မှာပါ။ ပိုက်ဆံတောင်းတဲ့ ကလေးတွေက တောင်းကောင်းအောင် ကားကို အတင်းဖုန်သုတ်ပြီး တောင်းကြတယ်။ ပိုက်ဆံမပေးရင်လည်း မိုက်ကြည့်က ကြည့်ပါသေးတယ်။ အတင့်ရဲပြီး မှန်တောင် ခေါက်တောင်းတယ်။ မပေးမချင်း ပေကပ်နေတယ်။ ပွိုင့်လွတ်လို့ ကားထွက်ရင်တောင် သူတို့ကို ရှောင်နေရတယ်။ သုတ်ပြီးသွားတော့ မြင်တဲ့အတိုင်းပါဘဲ။ ကိုယ့်လို ဖြစ်မှာစိုးလို့ ဖုန်တိုက် မခံကြပါနဲ့နော်။ Selena Yamin

မင်းကွန်း ခြ‌င်္သေ့ကြီးအနီး မြေလိုင်းကျင်း တူးရာမှ နှစ်ပေါင်း ၂၀၀ ကျော်အကြာ မြေမြုပ်နေသော ခြ‌င်္သေ့ရုပ်တု အစွယ် နှစ်ချောင်းအား ပြန်လည်တွေ့ရှိ

မင်းကွန်း ခြ‌င်္သေ့ကြီးအနီး မြေလိုင်းကျင်း တူးရာမှ နှစ်ပေါင်း ၂၀၀ ကျော်အကြာ မြေမြုပ်နေသော ခြ‌င်္သေ့ရုပ်တု အစွယ် နှစ်ချောင်းအား ပြန်လည်တွေ့ရှိ စစ်ကိုင်း၊သြဂုတ် ၂၀ စစ်ကိုင်းမြို့နယ်၊မင်းကွန်း ယဉ်ကျေးမှုဒေသရှိ၊ မင်းကွန်းခြ‌င်္သေ့ ကြီးအနီး သြဂုတ်လ ၁၉ရက်နေ့က မြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်ကြာ မြေမြုပ်ပျောက်ကွယ်နေသည့် မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးများ၏အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ "ခရီးသွားအဝင်အထွက် အသွားအလာ လုံးဝမရှိတော့ ကိုဗစ်ကာလမှာ ဈေးဆိုင်အားလုံးပိတ်ထားကြရတယ်။ကိုဗစ် အလွန် နိုင်ငံခြားသားဧည့်သည်တွေဝင်လာရင် ဆိုင်ခန်းတွေစနစ်တကျဖွင့်နိုင်အောင် မင်းကွန်းလေးဋ္ဌာနဆရာတော်များဦးစီးပြီး ခြင်္သေ့ကြီးတွေရှိရာဝန်းအတွင်းအနောက်တောင်ထောင့်နေရာမှာ ပြန်ဆောက်ဖို့ လိုင်းကျင်းတူးတာပါ။လိုင်းကျင်းအနက် တစ်ပေခွဲလောက်မှာ စကျင်ကျောက်သားနဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်း ခြင်္သေကြီးတွေရဲ့အစွယ် နှစ်ချောင်းမမျှော်လင့်ဘဲတူးဖော်တွေ့ရှိတာပါ " ဟု မင်းကွန်း ခြင်္သေ့ကြီး တောင်ဘက်ရှိ မင်းကွန်းအနုပညာပြခန်းမှ ပန်းချီဆရာကိုစုက ပြောကြားသည်။ တူးဖော်တွေ့ရှိရည့် ခြင်္သေ့ရု...

ပထမဆုံး ပြန်လည် ရရှိတဲ့ အနုပညာကြေးနဲ့ အဘိုး အဘွား တွေကို လိုက်လံ ကူညီခဲ့တဲ့ ယုန်လေး

ပထမဆုံး ပြန်လည် ရရှိတဲ့ အနုပညာကြေးနဲ့ အဘိုး အဘွား တွေကို လိုက်လံ ကူညီခဲ့တဲ့ ယုန်လေး ငါတို့အားလုံးရဲ့မြေ သီချင်းဗွီဒီယို ဖန်တီးမှုကြောင့် ဝေဖန်တိုက်ခိုက်မှုများစွာကြုံခဲ့ရတဲ့ယုန်လေးကတော့ အချိန်တစ်ခုလောက် သူကိုယ်သူပြန်လည်တည်ဆောက်ပြီးချိန်မှာတော့ အရင်လိုပဲအလုပ်တွေပြန်စလုပ်တော့မှာဖြစ်ကြောင်း မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ အဲ့လိုရေးသားမျှဝေပြီးပြီးချင်းမှာပဲအလုပ်အပ်သူတစ်ယောက်ရရှိခဲ့တာကြောင့် ယုန်လေးက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ပထမဆုံးပြန်လည်ရရှိလာတဲ့အနုပညာကြေးလေးနဲ့ သူလုပ်နေကြ ပရဟိတအလုပ်တွေကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာပါတယ်။ အနုပညာကြေးရရခြင်း လှူချင်တာနဲ့ ညီလေးတစ်ယောက်ပို့ထားတဲ့ (၂၃)လမ်းမှာ ဈေးရောင်းတဲ့အဖွားဆီ ညတွင်းချင်းသွားခဲ့ပေမယ့် မတွေ့လို့ မလှူခဲ့ရပါဘူးတဲ့။ ဒါပေမယ့် ဒီနေ့မှာတော့ အဖွားဆီကို နောက်တစ်ခေါက်ပြန်သွားပြီး တစ်သိန်းလှူဒါန်းပေးနိုင်ခဲ့တဲ့အပြင် သူလက်ထဲပါတဲ့ပိုက်ဆံငါးသိန်းစလုံးကို လမ်းမှာတွေ့သမျှ ခက်ခက်ခဲခဲပိုက်ဆံရှာနေတဲ့သူတွေအကုန်လုံးကို လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ… ယုန်လေးကတော့ သူ့ကို အလုပ်အပ်တဲ့သူတွေလည်း က...

မော်တော်ယာဉ် လုပ်ငန်းလိုင်စင် လျှောက်ရင် ဘာတွေလို သက်တမ်း ဘယ်လောက်ရ ဘယ်လောက်ကြိုတိုး ရသလဲဆိုတာ

မော်တော်ယာဉ် လုပ်ငန်းလိုင်စင် လျှောက်ရင် ဘာတွေလို သက်တမ်း ဘယ်လောက်ရ ဘယ်လောက်ကြိုတိုး ရသလဲဆိုတာ အစ်ကိုတို့ အစ်မတို့ရေ ပို့ဆက် (သို့မဟုတ်) လုပ်ငန်းရုံးလို့ ခေါ်ခဲ့ကြတဲ့ မော်တော်ယာဉ်တွေရဲ့ လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးတဲ့ ရုံးကို ကညန လက်အောက်ခံ မဟုတ်တော့ဘဲ ပို့ဆောင်ရေး စီမံကိန်းဦးစီဌာနအဖြစ် 1.8.2020 ရက်နေ့မှစ၍ သီးခြား အဆင့်တိုးမြှင့် ဖွဲ့စည်းလိုက်တာမို့ ပို့ဆက်/လုပ်ငန်းရုံးလို့ မပြောတော့ဘဲ ပို့ဆောင်ရေးစီမံကိန်းဦးစီဌာနလို့ပဲ သုံးနှုန်းရတော့မယ်နော်။ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနကနေ ငါ့ညီ ငါညီမတို့ရဲ့ မော်တော်ယာဉ် လုပ်ငန်း အမျိုးအစားအလိုက် လုပ်ငန်း လိုင်စင်တွေ ထုတ်ပေးတယ်။ မော်တော်ယာဉ် လိုင်း‌တွေကို ကြီးကြပ် ကွပ်ကဲတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားများမှာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်နော်။ ဦးလေးတို့ အဒေါ်တို့ရဲ့ ကားတွေကို လုပ်ငန်းလိုင်စင် လျှောက်မယ်ဆိုရင်ဖြင့် ဘာတွေလိုအပ်သလဲ‌ ဆိုတာလေး ပြောပြပါရစေဗျာ။ ဒီလိုလေးတွေ လိုပါတယ်။ ၁။ မှတ်ပုံတင် မူရင်း/မိတ္ထူ ၂။ သက်တမ်းရှိယာဉ်လိုင်စင် မူရင်း/မိတ္တူ ၃။ မော်တော်ယာဉ်ရဲ့ဓါတ်ပုံသုံးပုံ (ရှေး၊နောက်၊စတီယာရင်ဘက်ဘေး) ၄။ ပြစ်မှု၊ပြစ်ဒဏ် ကင်းရှင...

မြန်မာနိုင်ငံမှာ အရင်ကထက် ကူးစက်နိုင်မှု ၁၀ ဆပိုများတဲ့ COVID-19 ဗိုင်းရပ်စ် ဝင်ရောက် နေတဲ့ အတွက် ပြည်သူတွေ အထူးသတိထားဖို့ လိုအပ် (ရုပ်သံ)

မြန်မာနိုင်ငံမှာ အရင်ကထက် ကူးစက်နိုင်မှု ၁၀ ဆပိုများတဲ့ COVID-19 ဗိုင်းရပ်စ် ဝင်ရောက် နေတဲ့ အတွက် ပြည်သူတွေ အထူးသတိထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ ရုပ်သံကို အောက်မှာကြည့်ပါ။ Source : DVB TVnews

အမျိုးသမီး တစ်ယောက်အဖြစ် မွေးလာတဲ့ အတွက် ရာသီ သွေးဆင်းတာက ရှက်စရာ မဟုတ်ပါ

အမျိုးသမီး တစ်ယောက်အဖြစ် မွေးလာတဲ့ အတွက် ရာသီ သွေးဆင်းတာက ရှက်စရာ မဟုတ်ပါ ဒီနေ့ one stop mart မှာ Pad သွားဝယ်တော့ ပိုက်ဆံရှင်းတဲ့အခါမှာ Cashier ညီမလေးက အရမ်းအားနာတဲ့မျက်နှာလေးနဲ့ အိတ်အမဲမရှိလို့ အိတ်အဖြူနဲ့ပဲ ယူသွားလို့ရမလားတဲ့ ကိုယ်ကလည်း ရပါတယ် ကိစ္စမရှိပါဘူးပေါ့။ ငယ်ငယ်ကဆို ကော်ဖီမစ်အိတ်ကြီးတွေနဲ့ ပတ်ပြီးတဖုံ ကြွပ်ကြွပ်အိတ် အမဲကြီးတွေနဲ့ တစ်သွယ် ဝယ်ခဲ့ရတာတွေ အခုပြန်တွေးရင် သိပ်စိတ်ညစ်တာပဲ ။ အမျိုးသမီးတစ်ယောက်အဖြစ် မွေးလာတဲ့အတွက် သွေးဆင်းတာက ရှက်စရာ မဟုတ်သလို pad ဝယ်ရတာကလည်း တကယ်ကိုပဲ ရှက်စရာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ငယ်ငယ်ကဦးလေးကြီးတွေဆိုင်ထိုင်ရင်မပြောရဲမဝယ်ရဲကြုံခဲ့ဖူးတယ်။ City Mart တွေမှာ ပိုက်ဆံရှင်းခါနီးဆိုလည်း ကိုယ့်အထုပ်အပေါ် တခြားပစ္စည်းတွေ ဖုံးရတာအမော။ ကျောင်းတက်နေတုန်းက ဆိုရင်လည်း ကောင်လေးတွေမြင်မှာစိုးလို့ padလေးကိုလိပ်ပြီး အိမ်သာသွားခဲ့ရတာတွေအစုံပါပဲ ။ တကယ်တော့ ရာသီလာတာ ရှက်စရာ လုံးဝလုံးဝမဟုတ်ပါဘူး ။ အမျိုးသမီးတစ်ယောက်အဖြစ် မွေးလာတာ ဖြစ်တဲ့အတွက် လစဉ်ဓမ္မတာ ကြုံရတာပါ။ လူကြားထဲမှာ Pad ဝယ်ခြင်းကလည်း ရှက်ဖို့ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူးနော် ။ ရာသီသွေးဆင်းခြင်းက အမျိုးသမီးတစ်ယ...

အံဆုံးသွားတွေက ပေးသော ဒုက္ခများ

ဒီနေ့တော့ လူတော်တော်များများကိုရော ဆရာဝန်တွေကိုရော ဒုက္ခပေးတတ်တဲ့ အံဆုံးတွေ အကြောင်းပြောကြရအောင် ။ အမျိုးတို့ရော အံဆုံးပေါက်ပြီလား။ အံဆုံးပေါက်ပြီဆိုရင် နာချက်က မအိပ်နိုင်မစားနိုင်တွေလည်းဖြစ်ဖူးကြမှာပေါ့ ။ ကျွန်တော်တို့ ဆရာဝန်တွေလည်း ဒီအံဆုံးကိုများ နူတ်လိုက်ရလို့ကတော့ နဖူးကချွေး ခြေမကျရော တစ်ချို့သွားတွေ နူတ်တဲ့အခါများ အားသုံးရလွန်းလို့ သုံးရက်လောက်လက်မောင်းကြောတွေ အောင့်နေတတ်တယ် ။ အံဆုံး ဘယ်အရွယ်မှာစပေါက်သလဲ ယေဘုယျအားဖြင့် အသက် ၁၇ ကနေ ၂၁ နှစ်ကြားမှာ အံဆုံးပေါက်တယ် ။ ဒါပေမယ့် အံဆုံးတွေက တော်တော်ဂွတီးဂွကျနိုင်တဲ့ သွားတွေလို့ပြောလို့ရတယ်ဗျ ။ တချို့လည်း အသက် (၄၀) လောက်မှ အံဆုံးက ပေါက်ချင်ပေါက်လာတာမျိုးဗျာ ။ ကံကောင်းတဲ့ သူတွေများကျတော့လည်း အံဆုံးပေါက်တာကို သိတောင်သိလိုက်ကြတာ မဟုတ်ဘူး ။ လူတော်တော်များများကတော့ အံဆုံးပေါက်တဲ့အချိန် ရက်ရက်စက်စက်နာကြပါတယ် ။ အင်္ဂလိပ်လို အံဆုံးကို Wisdom Tooth လို့ခေါ်တယ် ။ ဒီသွားပေါက်တဲ့အချိန်က ပညာတွေစုံတဲ့အရွယ်မို့နဲ့တူပါရဲ့ ။ ကဲ အံဆုံးအကြောင်းအစပျိုးနေတာ များပြီဆိုတော့ အံဆုံးက ကျွန်တော်တို့ကို ဘယ်လိုတွေဒုက္ခပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင် ။ အံဆုံး စောင်း၍ထွက...

ထိုင်းရဲတပ်ဖွဲ့က လာအိုနိုင်ငံသား ရွှေအတုပေါင် ဂိုဏ်း ၀င်များကို လိုက်လံ ဖမ်းဆီးနေ

ထိုင်းရဲတပ်ဖွဲ့က လာအိုနိုင်ငံသား ရွှေအတုပေါင် ဂိုဏ်း ၀င်များကို လိုက်လံ ဖမ်းဆီးနေ ထိုင်းနိုင်ငံ ချွန်ဘူရီနဲ့ ပတ္တယား မြို့တွေက ရွှေဆိုင်တွေမှာ ထိုင်းနဲ လာအို နိုင်ငံသား ရွှေတုပေါင်းဂိုဏ်းတွေဟာ တစ်လအတွင်း ရွှေဆိုင်တစ်ဆိုင်ထဲကို 376 ရွှေချိန် ၃၇၆ ဘတ်သား ( ကာလတန်ဘိုး ဘတ်(၉)သန်း ကျော် လိမ်ပေါင်သွားခဲ့ကြတာပါ ပတ္တယားမြို့က ရွှေဆိုင်ပိုင်ရှင် တွေလည်း ခုလိုရွှေတုဂိုဏ်း၀င်တွေ ရွှေတုတွေလာပေါင်သွားတာ ခံလိုက်ရပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့မှာတော့ ရွှေတုပေါင်ဂိုဏ်း၀င်တစ်ဦး ရွှေဆိုင်မှာလာပေါင်နေတုံး ဆိုင်ရှင်က လက်ရဖမ်းဆီးနိုင်ခဲ့လို့ ရဲတပ်ဖွဲ့၀င်တွေက တခြားဂိုဏ်း၀င်တွေ ကိုပါ ဆက်လက်ဖေါ်ထုတ်ဖမ်းဆီးနိုင်ဘို့ လိုက်လံ ဖမ်းဆီးနေပြီလို့ သိရပါတယ်။ ယခု လာပေါင်ကြတဲ့ ရွှေတုတွေဟာ လာအိုနိုင်ငံတွင်းမှာ အတုလုပ်ပြီး သယ်ဆောင်လာတာဖြစ်နိုင်ပြီး အစစ်နဲ့ ခွဲမရအောင် ရွှေအစစ် လောင်းထားလို့ အတွင်းသားကို ပွတ်တိုက်ကြည့် ယုံနဲ့ မသိနိုင်ဘဲ ဖြတ် ကြည့် စစ်ဆေးမှ သာ အသွင်းသားတွေဟာ ငွေကြိုးတွေသတ္ထုကြိုးတွေ ဖြစ်နေတာတွေ့ရပါတယ်။ ရွှေတုပေါင်သူတွေ ဟာ မြန်မာနိုင်ငံက ရွှေအပေါင်ဆိုင်တွေကိုလည်း ရောက်လာမှာကြောင့် လာပေါင်တဲ့ ရွေတွေကို အထူးသတိထား စစ်...

ကျန်မာရေး အတွက် တစ်ပင်လုံး ဆေးဖက်၀င်တဲ့ သ‌င်္ဘောမညိုးပင်

သင်္ဘောမညိုးပင် ဒီအပင်က တစ်ပင်လုံး ဆေးဖက်ဝင်တယ် မသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ကြပါဦး။ မြန်မာဆေးဖက်ဝင် သင်္ဘောမညိုးပင် (ဒေသအလိုက် အမည် အခေါ်အဝေါ် ကွဲလွဲနိုင်ပါတယ်)။ ဒီအပင်က တစ်ပင်လုံး ဆေးဖက်ဝင်တယ် ခင်ဗျ။ မသိသူကတော့ ကျော်သွားပေါ့။ သိသူကတော့ ဖော်စားပေတော့။ ဘာတွေ ဆေးဖက်ဝင်သလဲဆိုရင် Hypertension (high blood pressure) သွေးတိုးရောဂါ အရွက်ခြောက် (၂၅-၂၀) ဂရမ် နဲ့ဂန္ဓမာပန်းပွင့်(၁၀)ဂရမ်ကို ရေသုံးခွက် တစ်ခွက်တင်ကျန်အောင် ပြုတ်သောက်ပါ။ နောက်တနည်းက အရွက် (၇) ရွက် (သို့) ပန်း (၇)ပွင့်ကို ရေနွေးပူပူထဲ၌ ထည့်၍ သောက်ပါ။ ဒါကတော့ အိပ်ယာမဝင်ခင် (drink before bed) သောက်သုံးပေးပါ။ Leukemia (သွေးကင်ဆာ) ဒီပန်းပင်ရဲ့အရွက်ခြောက် ၂၀-၂၅ ဂရမ် ထဲကို စမုံးစပါးအနည်းငယ်ထည့်၍ ရေ (၁)လီတာခန့်ဖြင့် ရောပြုတ်ပြီး သတ္တုရည်ကျန်တဲ့အထိ့ ကျိုချက်ပါ။ ရရှိလာသော သတ္တုရည်ကို မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် တစ်နေ့ ၂ကြိမ် သောက်သုံးပေးပါ။ Asthma and bronchitis (ပန်းနာ၊လည်ချောင်းနာ) လည်ချောင်းနာအတွက် ဒီအပင်ရဲ့အမြစ်ကို တူးယူပါ။ ရရှိလာသောအမြစ်ကို သန့်စင်အောင်ရေဆေးကြောပြီး ရေ ၅ ခွက် ထည့်၍ ပြုတ်သောက်ပါ။ မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် တစ်နေ့ ၂ကြ...

အိမ်သုံး အမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလကုန် အထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ ပေးသွားမည်

အိမ်သုံး အမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလကုန် အထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ ပေးသွားမည် ကိုဗစ်ကာလစီးပွားရေးအခက်အခဲများကို စာနာသောအားဖြင့် သြဂုတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ လစဥ် ၁၅၀ ယူနစ် ဓာတ်အား ကျသင့်ငွေ ကင်းလွတ်ခွင့်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။ Source : Ministry of Electricity and Energy, Myanmar

သွားလေးတွေ ဆွတ်ဆွတ် ဖြူလာစေမည့် အလွယ်ကူဆုံး နည်းလမ်း (၅) မျိုး

သွားလေးတွေ ညီပြီး လှမနေရင်တောင်မှ ဆွတ်ဆွတ်ဖြူနေချင်ကြမှာ လူတိုင်းရဲ့ ဆန္ဒပါနော်.။ ဒါကြောင့်မို့လို့လည်း ဒီခေတ်ကြီးမှာ ငွေကုန်ကြေးကျ အများကြီးခံပြီး သွားလေးတွေ ဖြူအောင် ကြိုးစားနေကြတာပါ။ ငွေအများကြီးမကုန် အချိန်အများကြီးမပေးရဘဲ သွားလေးတွေ ဖြူဝင်းသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပြီနော်။ နနွင်းမှုန့်နဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် နနွင်းမှုန့်ကို ခွက်အလွတ် တစ်လုံးထဲ ထည့်ပါ။ ပြီးရင် အုန်းဆီ အစက် သုံးစက်လောက်ချပြီး သင်အသုံးပြုနေကျ သွားပွတ်တံနဲ့ သမအောင်မွှေပြီး နေ့စဉ် တိုက်ပေးမယ်ဆိုရင် သွားရဲ့ ကြွေလွှာတွေ တောက်ပြောင် သွားမှာဖြစ်ပြီး ခံတွင်း အနံ့ဆိုးထွက်ခြင်းမှလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီ အနှစ် လတ်ဆတ်တဲ့ သဘာဝစတော်ဘယ်ရီ ၅ လုံးလောက်ကို ကြိတ်ချေပြီး ဆားအနည်းငယ် ရောကာ ၁၅ မိနစ်လောက်ထားပြီး အဲ့ဒါနဲ့ သွားကို ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ချက်ချင်း ပလုပ်မကျင်းပဲ ၅ မိနစ်လောက်ထားပြီးမှ ပလုပ်ကျင်းရမှာ ဖြစ်ပါတယ်။ ၂ ပတ်ကို တကြိမ် ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ဖြူဖွေးဝင်းလက်တဲ့ သွားတွေကို ပိုင်ဆိုင်လာမှာပဲ ဖြစ်ပါတယ်။ သန့်စင်ထားသော မီးသွေးမှုန့် သန့်စင်ထားတဲ့မီးသွေးမှုန့...

တဝိုင်းတည်း ထိုင်ရင်တောင် ဘယ်သူမှ စကားမပြောတဲ့ အထိ ခွဲခြား ဆက်ဆံခံခဲ့ရတဲ့အကြောင်း ဝမ်းနည်း မျက်ရည်တွေနဲ့ ပြောပြလာတဲ့ ကမ္ဘာမှာ ဒုတိယ ခါး အသေးဆုံးဖြစ်တဲ့ မြန်မာနိုင်ငံသူ မစုမို့မို့နိုင်

ယခု သတင်းသည် Shwe Yaung Myanmar ဖေ့ဘုတ် စာမျက်နှာမှ တဆင့် ပြန်လည် တင်ဆက်ခြင်း ဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် မစုမို့မို့နိုင်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ခါအသေးဆုံးအဖြစ် ဗြိတိန်မီဒီယာ Daily Mail ကဖော်ပြခြင်းခံခဲ့ရသူလေးဖြစ်ပါ တယ် သူမကို ဖေ့စ်ဘုတ် ဆယ်လီ နေဆန်းက သွားရောက်တွေ့ဆုံခဲ့ပြီး သူမရဲ့ပုံလေးတွေကို မျှဝေပေးခဲ့တာပါ။ နေဆန်းကသူမရဲ့ ခါးဟာ ဓာတ်ပုံပညာနဲ့ ပြုပြင်ထားတာမဟုတ်ဘဲ တကယ့်အစစ်ဖြစ်နေလို့ အံ့ဩမိကြောင်းပြောကြားခဲ့ပါသေးတယ် အခုလိုခါးသေးနေတဲ့အတွက် ဝေဖန်မှုတွေခံရတဲ့အကြောင်း မစုမို့မို့နိုင်က မျက်ရည်တွေနဲ့ ရင်ဖွင်လာခဲ့တာဖြစ်ပါတယ်။ မစုမို့မို့နိုင်က “လက်ရှိ ခါး အရွယ်အစားက (၁၆) လက်မခွဲ ၊ ရင် က (၃၀) လက်မ ၊ တင် က (၃၅) လက်မ၊ အသက် (၂၁) နှစ် ရှိပါပြီ။ တတိယနှစ် Botany မေဂျာ သင်ယူနေပါတယ်” လို့ သူမကိုယ်သူမမိတ်ဆက်လာခဲ့တာပါ။ ဒါ့အပြင် မစုမို့မို့နိုင်က “”ဒီလောက် ခါးသေးနေတာ ယောကျာ်းယူ လို့ ရပါမလား .. ကိုယ်၀န် ဆောင်လို့ ရပါမလား.. ပုရွက်ဆိတ်ကြီး .. ပန်းအိုးကြီး စသဖြင့် အမျိုးမျိုး ဝေဖန်မှုတွေ ခံခဲ့ရတယ်။ သမီး အတွက်ကတော့ ဒီဖြစ်တည်မှုက ကံကောင်းတယ်လို့ ယူဆပါတယ်။ ကိုယ့် ရဲ့ ဖြစ်တည်မှုကို ယုံယုံကြည်ကြည် နဲ့ လက်ခံ...

ဖေ့ဘုတ် သုံးရာတွင် သတိရှိကြစေလိုပါသည် ခင်ဗျာ

ဖေ့ဘုတ် သုံးရာတွင် သတိရှိကြစေလိုပါသည် ခင်ဗျာ ဒေါ်--------၊ ၄၉ နှစ် သည် ရန်ကုန်မြို့၊ အင်းစိန်ရှိ တူမဖြစ်သူထံသို့ အလည်ရောက်ရှိစဉ် လွန်ခဲ့သော နှစ်လခန့်က Facebook ၌ သိကျွမ်းရင်းနှီးခဲ့သူ ရွက်သစ် အကောင့် နှင့် Thu Rain အကောင့်ပိုင်ရှင် သူရိန်ထွန်းဆိုသူက ပဲခူးမြို့ပေါ်ရှိ ဘုရားများဖူးရန် လိုက်ပို့ပေးမည်ဟုဆိုကာ ယာဉ်အမှတ် အမျိုးအစား မမှတ်မိ ခဲရောင် Taxi ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါခဲ့ပါသည်။ ထိုနေ့နံနက် ၁၁ နာရီ အချိန်ခန့်တွင် ပဲခူးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမကြီးအတိုင်း ပြန်လည်ထွက်ခွာလာစဉ် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၀/၀) နှင့် (၀/၁) အကြားအရောက် သူရိန်ထွန်းမှ ကားအနား ပေးဦးမည်ဟုဆိုကာ ကားရပ်နားပြီး ကားနောက်ခန်း၌ ၎င်းတို့ (၂) ဦး စကားထိုင်ပြောစဉ် သူရိန်ထွန်းမှ ဒေါ် -------- ဝတ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများအား ခေတ္တဝတ်ဆင်လို၍ ခဏချွတ်ပေးရန်နှင့် ထမင်းစားပြီးက ပြန်ပေးပါမည်ဟုပြော၍ ခေတ္တချွတ်ပေးခဲ့ပါသည်။ ရွှေထည်ပစ္စည်းများ ချွတ်ပေးပြီးနောက် သူရိန်ထွန်းဆိုသူမှ ထမင်းစားသွားမည် ကားရှေ့ခန်းသို့ ပြောင်းထိုင်ရန် ခေါ်သည့်အတွက် ကားရှေ့ခန်းသို့ ပြောင်းထိုင်ရန် ကားနောက်ခန်းမှ ဆင်းချိန...

အညှောင့်ထွက်ပြီး အစမ်းရောင် သန်းနေသည့် အာလူးကို မစားသုံးသင့်သည့် အကြောင်းအရင်း

အညှောင့်ထွက်ပြီး အစမ်းရောင် သန်းနေသည့် အာလူးကို မစားသုံးသင့်သည့် အကြောင်းအရင်း ကျွန်တော် အခုဖော်ပြပေးမည့် အကြောင်းအရာလေးက ပင်စည် အညှောင့်လေးများ ထွက်နေပြီး အစိမ်းရောင် သန်းနေသည့် အာလူးကို လူသားတို့ မစားသုံးသင့်ပါ။ အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလို အာလူးမျိုးကို (၂) မီလီဂရမ်မျှ စာသုံးခြင်းဖြင့် (၁) ကီလိုမျှ ၀ိတ်တက်စေပါတယ်။ စားပြီးသည့်နောက် ရရှိလာမည့် ဆိုးကျိုးများကတော့ ခန္ဓာကိုယ်​ ကြွက်တက်ခြင်းများ မူးဝေ အော့အန်ခြင်များနှင့် ခေါင်းမူး ခေါင်းကိုက်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒီလို အားလူးမျိုးကို (၃) မီလီဂရမ်မှ (၆) မီလီဂရမ်ကြား စားသုံးလာပါက မေ့မြောနိုင်သလို အသက်ပါသေစေနိုင်ပါတယ်။ Credit : မူရင်း‌ရေးသားသူ အညှောင့်ထွက်ပြီး အစမ်းရောင် သန်းနေသည့် အာလူးကို မစားသုံးသင့်သည့် အကြောင်းအရင်း ကျွန်တော် အခုဖော်ပြပေးမည့် အကြောင်းအရာလေးက ပင်စည် အညှောင့်လေးများ ထွက်နေပြီး အစိမ်းရောင် သန်းနေသည့် အာလူးကို လူသားတို့ မစားသုံးသင့်ပါ။ အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလို အာလူးမျိုးကို (၂) မီလီဂရမ်မျှ စာသုံးခြင်းဖြင့် (၁) ကီလိုမျှ ၀ိတ်တက်စေပါတယ်။ စားပြီးသည့်နောက် ရရှိလာမည့် ဆိုးကျိုးများကတော့ ခန္ဓာကိုယ်...

တစ်နိုင်ငံလုံး အမှတ် အများဆုံးဖြင့် ပထမ ရရှိခဲ့သော မမေသက်ထွန်းအား bella scholarship ဂုဏ်ပြု ချီးမြှင့်

ဤသတင်းအား CeleGabar ဖေ့ဘုတ် စာမျက်နှာမှတဆင့် ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါသည်။ (၂၀၁၉- ၂၀၂၀) ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရှိပြီး အမှတ်ပေါင်း (၅၅၂) မှတ် တနိုင်ငံလုံးအမှတ်အများဆုံးဖြင့် ပထမရရှိခဲ့သော မမေသက်ထွန်းအား bella မှ သွားရောက် တွေ့ဆုံကာ လက်ဆောင်များပေးအပ်ခဲ့ပြီး bella scholarship အား ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ Bella အနေနဲ့ လှရင်းနဲ့ လှူ , လှူရင်းနဲ့လှဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အားတက်သရောနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ၂၀၁၇ ခုနှစ်မှစလို့ ယခုလက်ရှိအချိန်အထိပဲ ဖြစ်ပါတယ်။ Bella အနေနဲ့ ပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်အားလုံးဟာ Bella ကို သုံးစွဲသူ Star လေးတို့အားလုံးရဲ့ အလှူပဲဖြစ်ပါတယ်။ ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုတဲ့ စကားနဲ့အညီ ပညာတခေတ်ကို ထူထောင်နိုင်စေဖို့ အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တွေရဲ့ ပညာရေးကဏ္ဍကို အဓိကထားကာ ထောက်ပံ့ပေးလျက်ရှိပါတယ် ဒီလိုထောက်ပံ့ပေးတဲ့နေရာမှာ Pannthee foundation မှ ကောက်ယူထားတဲ့ စစ်တမ်းတွေမှတဆင့် အမှန်တကယ်လိုအပ်လျက်ရှိသော နေရာတွေအထိ လူအား ငွေအား စေတနာအားတွေနဲ့ အားတက်သရော ပါဝင်လှူဒါန်းလျက်ရှိပါတယ်။ အနာဂတ်မှာ နိုင်ငံ...

ဆရာက အလကား သင်ပေးလိုက်လို့ ၄ ဘာသာ ဂုဏ်ထူး ထွက်သွားတဲ့ လေးစား ဂုဏ်ယူစရာ အဖေ မရှိရှာတဲ့ မမိုးမိုး

ဆရာက အလကား သင်ပေးလိုက်လို့ ၄ ဘာသာ ဂုဏ်ထူး ထွက်သွားတဲ့ လေးစား ဂုဏ်ယူစရာ အဖေ မရှိရှာတဲ့ မမိုးမိုး ကျွန်တော် လေးစားရပါသည်။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ ကျေးရွာကပါ ခင်ဗျာ။ အရမ်းဆင်းရဲလို့ ရွာပြင်မှာနေပြီး အလုပ်လုပ်ရင်း အပြင်ဖြေ ဖြေတာ ဆရာက အလကား သင်ပေးလိုက်လို့ ၄ ဘာသာ ဂုဏ်ထူးထွက်သွားတဲ့ လေးစားဂုဏ်ယူစရာ အဖေမရှိရှာတဲ့ မမိုးမိုး။ သင်ပေးတဲ့ ဆရာအမည်က ကိုဇော်လင်းဦးပါခင်ဗျာ။ ကလေးမလေး အိမ်ဖုန်းနံပါတ်က 09446869813။ ဆက်သွယ်လှူဒါန်း ပေးကြပါအုံးခင်ဗျာ။ Credit : Aung Than Tun Fb

အလုပ်သွားဖို့ အိမ်က အထွက် taxi တစ်စီး တားလိုက်မိတယ်

9.8.2020 အလုပ်သွားဖို့ အိမ်က အထွက် taxi တစ်စီးတားလိုက်မိတယ်။ အသက်အရွယ်ကလဲ ကြီးနေတာကြောင့် ဈေးမဆစ်တော့ဘဲ အဘပြောတဲ့ဈေးနဲ့ဘဲ စီးလိုက်တယ်။ Taxi စီးနေရင်းနဲ့ အဘဆီကို ဖုန်းတခုဝင်လာတယ် ဆေးရုံတင်ထားရတဲ့ သူ့မိန်းမကို ဆေးသွင်းပေးဖို့ ငွေလာသွင်းပေးဖို့ အကြောင်းကြားတဲ့ ဖုန်းလေး။ ကြားကြားချင်း တကယ်ကို စိတ်ထဲမကောင်းသွားတာပါ။ ခဏနေတော့ နောက်ထပ် ဖုန်းတစ်ခုထပ်ဝင်လာတယ်။ အိမ်ရှင်က အိမ်ဖယ်ပေးဖို့ ပြောတဲ့ဖုန်း။ တကယ်စိတ်ထဲကို ဆို့သွားတာ။ အာ့တာနဲ့ မနေနိုင်မထိုင်နိုင် အဘအကြောင်းလေး မေးကြည့်တော့ ဒီနေ့မနက်ဘဲ အဘဇနီးက ဆေးရုံတင်ထားရကြောင်း ဆေးရုံစရိတ်က မကုန်ပေမဲ့ အပြင်က ဝယ်ရမဲ့ဆေးက ဈေးကြီးနေတော့ ဆင်းရဲကြောင်း ရပ်ကွက်ကထောက်ခံစာ ယူလာပြရင် ဆေးဖိုးတဝက်ကို ဆေးရုံမှ စိုက်ပေးမည်ဖစ်ကြောင်း၊ ကျန်တဲ့လေးသောင်းကို taxi ဆွဲရင်း ဒီနေ့အတွင်း ရအောင်ရှာရမည် ဖြစ်ကြောင်း၊ ကျနော်လဲ ဒီ့ထက်ပို စပ်စုချင်တာနဲ့ အဘတို့မှာ ကျောထောက်နောက်ခံ သားသမီးတွေ မရှိဘူးလားလို့ မေးလိုက်တော့။ အဘမှာ မျက်ရည်လေးဝဲပီး သားရယ် အဘကအရင်တုန်းက express တွေ မောင်းတော့ ငွေရေးကြေးရေး အဆင်ပြေသေးတော့ ရှိတာလေးတွေ ထုခွဲရောင်းပြီး သား ၃ ယောက်ကို နိုင်ငံခြား ပို့ပေးခဲ့တာတဲ့...

ကျူရှင်မယူ ကိုဋ်မကူပဲ ၅ ဘာသာ ဂုဏ်ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်သွားတဲ့ မခက်ခက်လှိုင်

ကျူရှင်မယူ ကိုဋ်မကူပဲ ၅ ဘာသာ ဂုဏ်ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်သွားတဲ့ မခက်ခက်လှိုင် 2019 / 2020 ပညာသင်နှစ် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် အထက (ထန်ပင်ကုန်း) (ကညင်ဆိပ် ယ) ကျေးရွာမှ ဒီကျောင်းသူမလေးဟာ တက္ကသိုလ်ဝင် စာမေးပွဲကို ၅ ဘာသာ ဂုဏ်ထူးဖြင့် ထိုက်တန်စွာ အောင်မြင်သွားခဲ့ပါပြီ။ မိဘကချို့တဲ့ ဘဝနဲ့ ပညာရေးကို ဖြတ်သန်းပြီး ကျူ ရှင်မယူ ကိုဋ်မကူပဲ နှစ်ချင်းပေါက် အောင်မြင်သွားတဲ့ မခက်ခက်လှိုင်၏ ပါရမီနှင့် ကြိုးစားအားထုတ်မူ့ကို ဂုဏ်ယူပြီး ချီးမြှောက် ထိုက်သလို စံပြအနေနဲ့လည်း အတုယူ သင့်ပါတယ်။ အရှင်ပညိန္ဒ ဓမ္မနယ်မြေ ကျူရှင်မယူ ကိုဋ်မကူပဲ ၅ ဘာသာ ဂုဏ်ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်သွားတဲ့ မခက်ခက်လှိုင် 2019 / 2020 ပညာသင်နှစ် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် အထက (ထန်ပင်ကုန်း) (ကညင်ဆိပ် ယ) ကျေးရွာမှ ဒီကျောင်းသူမလေးဟာ တက္ကသိုလ်ဝင် စာမေးပွဲကို ၅ ဘာသာ ဂုဏ်ထူးဖြင့် ထိုက်တန်စွာ အောင်မြင်သွားခဲ့ပါပြီ။ မိဘကချို့တဲ့ ဘဝနဲ့ ပညာရေးကို ဖြတ်သန်းပြီး ကျူ ရှင်မယူ ကိုဋ်မကူပဲ နှစ်ချင်းပေါက် အောင်မြင်သွားတဲ့ မခက်ခက်လှိုင်၏ ပါရမီနှင့် ကြိုးစားအားထုတ်မူ့ကို ဂုဏ်ယူပြီး ချီးမြှောက် ထိုက်သလို စံပြအနေနဲ့လည်း အတုယူ သင့်ပါတယ...

ရှေ့ကယာဥ်ကို ညာဘက်ကနေလည်း ကျော်တက်လို့ ရတယ်ဆိုတာ သိပါသလား

ရှေ့ကယာဥ်ကို ညာဘက်ကနေလည်း ကျော်တက်လို့ ရတယ်ဆိုတာ သိပါသလား ကျွန်တော်တို့တွေ မိမိရှေ့ကယာဥ်တွေကို ကျော်တက်ကြတဲ့ နေရာမှာ သာမန်အားဖြင့် ဘယ်ဘက် (လက်ဝဲဘက်) ကနေပဲ ကျော်တက်ကြရမယ်လို့ အများ သိထားကြပါတယ်။ အဲ့ညာဘက် (လက်ယာဘက်) ကတော့ ကျော်တက်လို့ မရဘူးရယ်လို့ပေါ့။ မှန်ပါတယ် မိမိရှေ့ကယာဥ်ကို ကျော်တက်မယ်ဆိုရင် သာမန်အားဖြင့် ဘယ်ဘက် (လက်ဝဲဘက်) ကပဲ ကျော်တက်ရပါ့မယ်။ သို့သော် ဒီလိုအခြေအနေမျိုးမှာ ဆိုရင်တော့ ညာဘက် (လက်ယာဘက်) ကနေ ကျော်တက်နိုင်ပါတယ် အဲ့ဒါတွေကတော့ ၁။ ရှေ့ကယာဉ်ဟာ လက်ဝဲဘက် (ဘယ်ဘက်)ကို ကွေ့ဖို့ အချက်ပြနေတဲ့အခါ။ ၂။ လမ်းမှာ ယာဉ်တွေ ပိတ်နေလို့ လက်ယာဘက် (ညာဘက်) မှာပဲ လမ်းပွင့်နေတဲ့အခါ၊ ၃။ ယာဉ်ကြော ပြောင်းတဲ့ အနေနဲ့ လက်ဝဲဘက် (ဘယ်ဘက်) ယာဉ်ကြောမှာ မောင်းနေတဲ့ယာဉ်ရဲ့ ရှေ့သို့ လက်ယာဘက် (ညာဘက်) ယာဉ်ကြောမှ လမ်းပြောင်းဝင်တဲ့အခါ၊ ၄။ တစ်လမ်းမောင်းမှာ မောင်းနှင် သွားလာတဲ့အခါ။ ကဲ အဲ့အချက်(၄)ချက်နဲ့ ကြုံလာတဲ့ အခါမျိုးမှာ လက်ယာဘက် (ညာဘက်) ကနေလည်း ကျော်တက်လို့ ရပါပြီဗျာ။ အဲ့ မျဉ်းသေတို့ မလွတ်တလွတ် ကျော်တက်တာတို့ လုတက်တာတို့တော့ ကျွန်တော်သိတယ်။ ကျွန်တော်ကို ခင်ကြတဲ့ ယာဉ်မောင်းတွေမို့ အဲ့ဒီလို‌တော့ လုပ်မှာ မဟုတ်ဘူးလိ...

မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ် ဝင်တန်း သိပ္ပံတွဲ ပထမ ဆုရှင်

မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ် ဝင်တန်း သိပ္ပံတွဲ ပထမ ဆုရှင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း သိပ္ပံတွဲ မှာ မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရခဲ့သူက ရန်ကုန် ဒဂုံ (၁) အထက်တန်းကျောင်းက မမေသက်ထွန်း ဖြစ်ပါတယ်။ အမှတ် စုစုပေါင်း ၅၅၂ မှတ်နဲ့ ဘာသာစုံဂုဏ်ထူးထွက်ကာ ပထမ ရခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်း