Skip to main content
Posts
Showing posts from June, 2019
ကင်ဆာကို သတ်ပေးနိုင်တဲ့ သင်္ဘောရွက် (ရောဂါ အတော်များများအတွက် အသုံးဝင်ပုံများကို ထပ်မံ ဖြည့်စွက် တင်ပြပေးထားပါတယ်)
မိတ်ဆွေတွေ သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေနဲ့ တချိုသော မိသားစုဝင်တွေဟာ ကင်ဆာတွေ ဖြစ်နေကြတယ်လို့ ခပ်စိတ်စိတ် ကြားလာရတာများတော့ ကင်ဆာလူနာတွေရဲ့ ကျန်းမာရေးအတွက် တစိတ်တပိုင်း အထောက်ကူဖြစ်တဲ့ တင်ပြီးသားပို့စ်ကို ပြန်ပြီး တင်ပေးလိုက်တာပါ။ ဒီထဲမှာ သင်္ဘောရွက်ကို ကိုယ်တိုင် အခြောက်လှန်းပြိး ကြိပ်ထားပုံကိုလည်း ပြပေးထားပါတယ် ။ နေရောင်မှာ ၄ရက်လောက် လှန်းထားရင် အရွက်တွေကတော့ ခြောက်သွားပါတယ်။ လူနာတွေအတွက် အစာသိတ်မခြေနိုင်ရင် အရွက်တွေကို သောက်မဲ့အစား အမှုန့်ကို ၁၀ မိနစ်လောက် ရေနွေးနဲ့စိမ်သောက်လိုက်တော့ အဆင်ပြေမယ် လို့ ယူဆလို့ ပါ ။အာနိသင်အားလုံးလည်း ရသွားနိုင်ပါတယ် ။ ပြီးတော့ အရွက်မှာပါတဲ့ ပိုးမွှားလည်း သေသွားနိုင်ပါတယ် ။ နေလှန်းပြီးရင် အရွက်တွေကို သီးခြားချွေပါ သီးခြားကြိပ်ပါ အတူတူမကြိပ်ပါနဲ့ ။အရိုးအတံကို သပ်သပ်ထားပါ။ သပ်သပ်ကြိပ်ပါ ။ အရိုးတံတွေက ခြောက်ဖို့ အချိန်ကြာနိုင်တာမို့  ရောကြိပ်လိုက်၇င် စိုထိုင်းမှုကြောင့် မှိုတက်နိုင်ပါတယ် ။ သင်္ဘောရွက်ဟာ ကင်ဆာရောဂါပိုးကို သတ်နိုင်တယ်လို့ ဗီယက်နမ်က တိုင်းရင်းသမားတော်ကြီးက ဆိုပါတယ် အူကင်ဆာဖြစ်နေသူတွေကို စမ်းသပ်ပြီးတိုက်ခဲ့ရာမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တာ တွေ ...
သုသာန်ဟောင်း မြေနေရာ၌ မြင်အပ် မမြင်အပ် မကျွတ် မလွတ် ဖြစ်နေနိုင်သည့် ပရလောကသားများအား ပေတဒါန အစာ ကျွေးလှူဒါန်း အမျှအတန်း ပေးဝေခြင်း
မုယောင်း သုသာန်ဟောင်း မြေနေရာ၌ မြင်အပ်မမြင်အပ် မကျွတ် မလွတ် ဖြစ်နေနိုင်သည့် ပရလောကသားများအား ပေတဒါန အစာ ကျွေးလှူဒါန်းပြီး ပရိတ်တရားတော်နာ အမျှအတန်းပေးဝေခြင်း 22.6.2019 ရက်နေ့ မြစေတီဆရာတော်ဘုရားကြီး ဩဝါဒကိုခံယူ၍ မြဆည်းဆာ ဆရာတော် ဘဒ္ဒန္တနရိန္ဒမှ ဦးစီးတည်ဆောက်နေသည့် မြဆည်းဆာ ဘိုးဘွားများခိုလှုံရာရိပ်သာ မုဒ်ဦးအဝင်လမ်း တည်ဆောက်မည့် မုယောင်းကျေးရွာ မြန်မာသုသာန်ဟောင်းမြေနေရာ၌ မြင်အပ်မမြင်အပ် မကျွတ်မလွတ်နိုင်သော ပရလောကသားများ ကျန်ရှိနေနိုင်သဖြင့် ပေတဒါန အစားအသောက်များ ဖိတ်ခေါ်ကျွေးမွေးခြင်း မြစေတီဆရာတော်ဘုရားကြီးနှင့်တကွ ဆရာတော်သံဃာတော်များမှ ပရိတ်ရွတ် အမျှအတန်းပေးဝေခြင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏အမိန်စာ များအား ထုတ်ပြန်ပေးခြင်း၊ မကျွတ်မလွတ်နိုင်သေးသည့် ပရလောက သားများအား ပိန္နဲကုန်းသုသာန်သို့ ပြောင်းရွှေ့နိုင်ရေးတို့အတွက် ပြန်တမ်းများ ထုတ်ပြန်ခဲ့ခြင်းတို့ ဆောင်ရွက် မော်လမြိုင်မြို့ မော်လမြိုင်-ကျိုက်မရောသွား ကားလမ်းမဘေး မုယောင်းကျေးရွာအပိုင်နဟ်မြေတွင် တည်ဆောက်နေသည့် မြဆည်းဆာ ဘိုးဘွားများခိုလှုံရာရိပ်သာ/စေတီတော်/သိမ်တော် တို့အား ၂၀၁၉ (၁၂)လပိုင်းတွင် ကျရောက်မည့် မြစေတီစာသင်တိုက်(ရဲကျောင်း) ဆရာတော်ဘုရား၏...
မြန်မာနိုင်ငံရဲ့ ပထမဆုံး Book box (စာအုပ်သေတ္တာ) ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတွင် ဖွင့်လှစ်
မြန်မာနိုင်ငံရဲ့ ပထမဆုံး Book box (စာအုပ်သေတ္တာ) ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတွင် ဖွင့်လှစ် 2019 ခုနှစ် June 23 ရက်နေ့ ညနေ ၅:၀၀ နာရီတွင် အောင်မြင်စွာ တပ်ဆင်ထားခဲ့ကြောင်း သိရသည်။ သူတို့လည်း Food Box လုပ်နေတဲ့အချိန်မှာ ကျွန်မတို့လည်း ကျွန်မတို့ရွာအတွက် BookBox လုပ်ပေးပါတယ်လို့ Book Box လုပ်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးမှ ၄င်းတို့၏ လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားပါသည်။ ( ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ) ဆက်လက်ပြီး Book Box လုပ်ခဲ့ခြင်းနဲ့ ရည်ရွယ်ချက်ကို ဒီလိုထပ် ရှင်းပြထားပါတယ်။ Read For Change ဆိုတဲ့ခေါင်းစဉ်နဲ့ campaign လေးတစ်ခုကို ညနေ ၅နာရီ ရွာရဲ့အချက်အချာကျတဲ့နေရာမှာလုပ်ခဲ့ပါတယ်။ BookBoxထားရချင်းရဲ့ရည်ရွယ်ချက်က လူငယ်တွေကို စာဖတ်နှုန်းမြှင့်တင်ချင်လို့၊ မည့်သူမဆို လမ်းသွားလမ်းလာရင်နဲ့ ဖတ်လို့ရအောင်၊ စာကြည့်တိုက်သွားစရာမလိုဘဲနဲ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရအောင်၊ ကလေးတွေကို စာဖတ်ပါလို့ mind set တစ်ခုရသွားအောင် အစရှိသဖြင့်ပေါ့။ ကျွန်မတို့ seniors တွေနဲ့ စုပေါင်းပြီးတော့ ဒီ Book Box ကို ရပ်ကွက်တွေမှာ ထားရှိနိုင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး အရင်ဦးဆုံး Book Bo...
ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး အစရှိတဲ့ တုပ်ကွေးအမျိုးမျိုး ကူးစက်ရောဂါတွေအတွက် ဆေးစွမ်းကောင်းတစ်လက်
ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်မှ ၃၀ ရက်နေ့အထိ ဟောစာတမ်း
တနင်္ဂနွေသားသမီးများ အခက်အခဲတွေအတွက် လမ်းစပေါ်မယ့်ကာလပါ။ ရည်မှန်းချက်တွေ အမြန်ဆုံးစတင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဉာဏ်အလင်းတွေပွင့်နေမယ်။ ကောင်းမွန်တဲ့ ဖူးစာဖက်နဲ့ဆုံမယ်။ အိမ်ထောင်ရှိရင် အိမ်ထောင်ဖက်ကြောင့် စိတ်ချမ်းသာစရာပေါ်မယ်။ ဒီအချိန်မှာ ကိုယ်ကျင့်သီလစောင့်ထိန်းနိုင်ပါက အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပါမယ်။ လက်ရှိလုပ်ငန်းကိစ္စ ငွေးကြေးကိစ္စများကို သတိထားဆောင်ရွက်ရပါမည်။ ခရီးဝေးသွားရတက်သည်။ ယတြာ = အိဘုရားမှာ နွားနို့ (3)ခွက် လှူပေးပါ။ တနင်္လာသားသမီးများ လုပ်ငန်းတွေ ချဲ့ထွင်ရမယ် လုပ်ငန်းသစ်တွေပေါ်မယ်။ အကူအညီယူရမယ့် အချိန်ပါ။ တစ်ပါးသူအကူအညီနဲ့ အဆင်ပြေပါမယ်။ အနီးအနားက ရင်းနှီးသူတွေကို နေရာပေးပါ။ သူတို့ကံနဲ့ ကိုယ့်ကံကိုမြင့်ပါ။ လူကြားမှာ ပွဲလည်တင့်ပြီး ယုံကြည်မှုရှိနေတဲ့ကာလပါ။ အချစ်ရေး အိမ်ထောင်ရေးတွေ ဘဝအတွက် အဖြေထုတ်ရတော့မယ့်အချိန်လဲဖြစ်တယ်။ ချစ်သူ အိမ်ထောင်ဖက်ဆီက တန်းဖိုးကြီးလက်ဆောင်ရမယ်။ ဒီအချိန်မှာ အမှန်တရားဘက်က ရပ်တည်ပါ။ လိမ်ညာမှု ဘက်လိုက်မှု ကင်းအောင်နေရင် ပိုပြီးစိတ်ချမ်းသာရမယ်။ စက်ပစ္စည်းများ အဝင်မကောင်းထားပါ။ ယတြာ = ဘုရားမှာ ပန်းအဝါရောင် (15)ပွင့် လှူပေးပါ။ အင်္ဂါသားသမီးများ စီးပွားရေးမှာ အဖျက်ရှိပါတ...
ပန်းခြံတွင် ထိုင်နေသည့် သမီးရည်းစားစုံတွဲမှ ယောက်ျားလေးကို ရိုက်ပြီး မိန်းကလေးကို အဓမ္မပြုကျင့်သူ (၂) ဦးအား ဖမ်းမိ
မှော်ဘီမြို့နယ် ရဲဘော်ဈေးပန်းခြံတွင် ညဥ့်နက်သန်းခေါင်အချိန် အတူထိုင်စကားပြောနေသည့် သမီးရည်းသားစုံတွဲမှ ယောက်ျားလေးဖြစ်သူကို သစ်သားတုတ်ဖြင့်ရိုက်ပြီး မိန်းကလေးဖြစ်သူအား ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်သူ ၂ ဦးအား ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၈ တွင် သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ၁၆-၆-၂၀၁၉ ရက်နေ့ ၁၅း၃၀ အချိန်ခန့်တွင် တရားလို မ---- သည် မှော်ဘီမြို့နယ်၊ စမ်းချောင်း ကျေးရွာရှိနေအိမ်၌ရှိနေစဉ် ရည်စားဖြစ်သူ ကို---- မှ မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်းရှေ့တွင်တွေ့ဆုံရန် ဖုန်းဆက်ချိန်းသဖြင့် ရည်စားဖြစ်သူနှင့်သွားရောက်တွေ့ဆုံ၍ ၂၁း၀၀ နာရီအချိန် စစ်သင်္ချိုင်းရှေ့မှ မှော်ဘီမြို့နယ်ရှိနေအိမ်သို့ ရည်စားဖြစ်သူနှင့်အတူ လမ်းလျှောက်ပြန်ခဲ့ကြောင်း၊ ၁၇-၆-၂၀၁၉ ရက်နေ့ ၀၁း၀၀ နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ ရဲဘော်ဈေးပန်းခြံဝင်းအတွင်း ရည်စားဖြစ်သူနှင့်အတူထိုင်ကာ စကားပြောနေစဉ် ၀၄း၀၀ နာရီအချိန်ခန့်တွင် အမည်မသိ လူ(၂)ဦးရောက်ရှိလာပြီး “နင်တို့ဘယ်သူတွေလဲ၊ ငါတို့က လူပျောက်ရှာနေတာ”ဟု ပြောဆိုကာ ရည်းစားဖြစ်သူ၏ဖုန်းမီးဖြင့် တရားလို၏မျက်နှာကိုထိုးခိုင်းပြီး ၎င်းတို့ရှာနေသော လူမဟုတ်ကြောင်း ပြောဆို...
"သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်" ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူ ကြိုးဆွဲချ သတ်သေ
"သမီး လောကထဲတွင်ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်" ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူ ကြိုးဆွဲချသတ်သေ တောင်ငူ၊ ဇွန် ၁၈(သတင်းတမန်) " သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်" ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေမှု ယနေ့ မနက်ပိုင်းက တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်း​ဒေသကြီး​ တောင်​ငူမြို့ (၂) ရပ်​ကွက်​၊ ကွင်း​ချောင်းလမ်းသွယ်​ (၃) လမ်းနေ အသက် ၁၅ နှစ်အရွယ် မဟေမာန်ကျော် ကိုးတန်းကျောင်းသူသည် ယနေ့ မနက် ၇ နာရီဝန်းကျင်က နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ထုပ်တန်းတွင် အရှည် ၅ပေခန့်ရှိသည့် ချည်သဘက်နှင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ကျွန်​​တော်​တို့​ ရောက်​သွား​တော့ ခ​လေးမ​လေးက ကြမ်းပြင်​​ပေါ် ချထားပီ၊ သူမိဘ​တွေက အသက်​မှီလိုမှီငြား သိသိခြင်း​ အောက်​ကို ချလိုက်​တာလို့​ ပြောတယ်​၊ အရင်​​ရောက်​​နေတဲ့ အိမ်​နီးနားချင်း​တွေက​တော့ ခ​လေးမ​လေး ကြိုးဆွဲချတဲ့နားမှာ စာ​လေး​တွေ​ ရေးထားခဲ့တာ​ တွေ့တယ်​လို့​ ပြောတယ်​၊ စာထဲမှာ​တော့ ဒီ​လောကကြီးထဲမှာ မ​နေချင်​​တော့ဘူး၊သမီးရှိ​နေရင်​ အ​ဖေနဲ...
food bank ယဉ်ကျေးမှု နှစ် ၅၀ သက်တမ်းရှိတဲ့ အမေရိကန်နိုင်ငံက နိုင်ငံသားတစ်ဦးရဲ့ မြန်မာနိုင်ငံရဲ့ food bank ပေါ် အမြင်
food bank ယဉ်ကျေးမှု နှစ် ၅၀ သက်တမ်းရှိတဲ့ အမေရိကန်နိုင်ငံက နိုင်ငံသားတစ်ဦးရဲ့ မြန်မာနိုင်ငံရဲ့ ရက်သား food bank အပေါ် အမြင် ဟိုတစ်နေ့က မန္တလေးက food bank မှာမုန့်နဲ့ရေဘူးဝင်ယူတဲ့ နိုင်ငံခြားသား တစ်ယောက်ကို တွေ့တော့ ဓါတ်ပုံရိုက်ခွင့် တောင်းလိုက်ပါတယ်။ သူကလဲ ခွင့်ပြုပါတယ်။ ဘယ်ကလာသလဲ မေးလိုက်တော့ အမေရိကန် နိုင်ငံကပါ တဲ့။ ဒါက ငါတို့နိုင်ငံက ပထမဆုံး food bank ပါ ရက်ပိုင်းပဲ ရှိသေးတယ် ပုံစံတော့မကျသေးဘူး။ လူတော်တော်များများက food bank ကို မသိကြသေးဘူး။ အခုမှ ပြောာပြနေရတာလို့ ပြောလိုက်တယ်။ ဒီတော့ သူက မင်းအဆိုးဆုံးကို မကျော်ဖြတ်ပဲနဲ့တော့ အကောင်းဆုံးကို ရောက်မှာမဟုတ်ဘူး။ ငါတို့လဲ ဒီလိုကျော်ဖြတ်လာခဲ့တာပဲ ဆက်လုပ်ပါ ကြိုးစားပါ ကောင်းပါတယ် ဆိုပြီး ထွက်သွားပါတယ်။ မန္တလေးရဲ့ food bank က လှူချင်တာ မဟုတ်ဘူး ကုသိုလ် လုပ်နေတာ မဟုတ်ဘူး။ ပျက်စီးနေတဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့ စိတ်ဓါတ်တွေကို ပြန်အဖတ် ဆယ်ချင်နေလို့ လုပ်နေတဲ့ အလုပ်လေးတစ်ခုရယ်ပါ။ ခြေလှမ်းလေး တစ်လှမ်းရယ်ပါ နောက်မှာ ခြေလှမ်းပေါင်း သန်းပေါင်းများစွာ ကြိုးစားရဦးမှာပါ။။ Source : Ko Mandalay (Unicode Version) food bank ယဉ်ကျေးမှု နှစ် ၅၀ သက်တမ်းရှိတဲ...
မနက်နိုးနိုးချင်း ရေတစ်ခွက် မဖြစ်မနေ သောက်သင့်သည့် အကြောင်းအရင်း
မနက် အိပ်ယာနိုးနိုးချင်း ရေသောက်ခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိပါတယ်။ ရေဓာတ်က လူ့ခန္ဓာကိုယ်အတွက် ဘယ်လောက် အရေးပါလဲဆိုတာ သိကြမှာပါ။ ခန္ဓာကိုယ် အလေးချိန် တခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို နေရာယူထားတာပါ။ ဒါကြောင့် လူတယောက်ဟာ နေ့စဉ် ရေ ၂ လီတာလောက် မသောက်ရင် ရေဓာတ် ခန်းခြောက်သွားနိုင်ပါတယ်။ မနက် မိုးလင်းတာနဲ့ ကော်ဖီ တခွက် (သို့မဟုတ်) ဖျော်ရည်တခွက် သောက်တာထက် ရေတခွက် သောက်တာက ကျန်းမာရေး အကျိုးကျေးဇူး ပိုရှိတယ်လို့ သိရပါတယ်။ မနက် နိုးနိုးချင်း ရေတခွက်သောက်ခြင်းက ဆိုဒီယမ် ဓာတ်လည်း နည်းသလို ကဖင်းဓာတ်လည်း မပါလို့ သင့်ခန္ဓာကိုယ်အတွက် အမှန်တကယ် လိုအပ်တဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်တယ်လို့ ကလမ်ဆန် တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ မနက်နိုးနိုးချင်း အစာအိမ်ထဲ ဘာမှမရှိချိန် ရေတခွက် သောက်တာက အစာခြေစနစ် ပိုကောင်းအောင် လုပ်ဆောင် ပေးပါတယ်။ ညဘက် အိပ်နေချိန် အစာအိမ်မှာ အက်စစ်ဓာတ်တွေနဲ့ ပြည့်နေတာမို့ မနက်စာ မစားခင် အက်စစ်ဓာတ် လျော့နည်းသွားအောင် ရေသောက်ပေးရပါတယ်။ ဒါမှလည်း အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေသောက်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတွေကတော့ ကို...
ကလောမှာ (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံး
ကလောမှာ အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး ခြံအတွင်းမှာရှိတဲ့ မြေသားရေတွင်းထဲပြုတ်ကျပြီး ဇွန်လ (၁၈)ရက် နေ့လည်ပိုင်းက သေဆုံးခဲ့ပါတယ်။ အောင်ပန်းတိုက်နယ်ဆေးရုံမှ ဇွန်လ(၁၈)ရက်နေ့ မွန်းလွဲ(၁၂)နာရီ (၅၀)မိနစ် အချိန်ခန့်က ကလေးငယ်တစ်ဦး ရေနစ်သေဆုံးတဲ့ အလောင်းအားရောက်ရှိနေကြောင်း သတင်းအရ ကလောမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးရာ အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်နေ မိခင်ဖြစ်သူ အသက် (၃၈)နှစ်အရွယ် မသန်းလှမှာ ခြံအတွင်းအလုပ်သွားလုပ်ရာ သားဖြစ်သူ မောင်ကောင်းစည်သူထွန်း (၅)နှစ်က ခြံအတွင်းဆော့ကစားရာမှ အချင်း(၄)ပေခန့်၊ အနက်(၁၀)ပေ၊ ရေအနက် (၇)ပေရှိ မြေသားရေတွင်းထဲ ပြုကျသေဆုံးခဲ့ကြောင်း သိရပြီး အလောင်းအားစစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှမတွေ့ရပဲ ခြေထိပ်/လက်ထိပ်နှင့် နှုတ်ခမ်းများရေနှုးပြီး ပြာနမ်းလျက် လျှက်ထွက် သေဆုံးသိရပါတယ်။ မောင်ကောင်းစည်သူထွန်း (၅)နှစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ရန် သေဆုံးမှု သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၉)အရ ကလောမြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ Source : ရွှေတြိဂံဒေသသတင်းလွှာ (Unicode Version) ကလောမှာ (၅) နှစ်အရွယ် ကလေးငယ်တစ်...
မြန်မာနိုင်ငံမှာရှိတဲ့ ပတ်စပို့ရုံးတွေရဲ့ လိပ်စာတွေကို နယ်မှာရှိတဲ့သူတွေ သိရအောင် ဝေမျှလိုက်ပါတယ်
မြန်မာနိုင်ငံမှာရှိတဲ့ ပတ်စပို့ရုံးတွေရဲ့ လိပ်စာတွေကို နယ်မှာရှိတဲ့သူတွေသိရအောင် ဝေမျှလိုက်ပါတယ်။ ဒါဆို နယ်ကလူတွေ အပင်ပန်းခံပြီး ရန်ကုန်ထိတက်လာစရာ မလိုတော့ပါ ရန်ကုန် - ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။ နေပြည်တော် - ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊ ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။ မန္တလေး - အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။ မကွေးတိုင်း - ရွာသစ်ပွဲကြိုရပ်ကွက်၊ ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။ ပဲခူးတိုင်း - အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။ ဧရာဝတီတိုင်း - သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။ စစ်ကိုင်းတိုင်း - ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။ တနသာင်္ရီတိုင်း - သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။ မွန်ပြည်နယ် - အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။ ရခိုင်ပြည်နယ် - လေဆိပ်လမ်း၊ စစ်တွေမြို့။ ကချင်ပြည်နယ် - ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။ ချင်းပြည်နယ် - ပြည်နယ်မီးသတ်ရုံးလမ်း၊ ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့။ ကယားပြည်နယ် - ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။ ကရင်ပြည်နယ်...
ချင်းမိုင်မြို့မှာ ရှမ်းတိုင်းရင်းသား လူငယ်အုပ်စုနှင့် ထိုင်းကျောင်းသားများ ရန်ပွဲဖြစ်ပွား စက်မှုကျောင်းသားနှစ်ဦး သေဆုံး
ဇွန်လ ၁၈ ရက်နေ့နံနက် ၃း၄၀ က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပသိုတာဖဲ့ (တာဖဲ့ ကျုံးတံခါး) မှာ ဝိုင်းဖွဲ့ထိုင်နေတဲ့ ထိုင်းလူငယ်အုပ်စုတွေကို ဆာမူရိုင်း ဓါးတွေကိုင်ဆောင်ထားတဲ့ တာဖ ရပ်ကွက်နေထိုင်နေသူ ထိုင်းယိုင် ( ရှမ်းမျိုးနွယ်ဖွား)လူငယ်အုပ်စုတွေက တိုက်ခိုက်ခဲ့ကြတာလို့ ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြနေပါတယ်။ သေဆုံးသွားတဲ့ စက်မှု ကျောင်းသား နှစ်ဦးဟာ နိုင် ပီရကွန် အသက် ၁၆ နှစ်နဲ့ နိုင်ထိရဖုန်း ၁၆ နှစ် တို့ ဖြစ်ပါတယ်၊။ ကျုံးမှာ ထိုင်စကားပြောနေကြတဲ့ လူငယ်တွေကို ဆာမူရိုင်း ဓါးတွေနဲ့ တိုက်ခိုက်ခဲ့ကြတာကြောင့် ဆိုင်ကယ်မောင်းပြေးခဲ့ရကြောင်း အခင်းဖြစ်ပွားရာမှာ ၇ှိနေခဲ့တဲ့ ထိုင်းလူငယ်တစ်ဦးက သတင်းဌာနကို ပြောဆိုသွားပါတယ်။ ဓါးကိုင်တိုက်ခိုက်တဲ့သူတွေဟာ တာဖ ရပ်ကွက်အတွင်းက ထိုင်ယိုင် (၇ှမ်းမျိုးနွယ်ဖွား) တွေဖြစ်တယ်၊ ယခုရက်ပိုင်းအတွင်းက ထိုင်ယိုင်လူငယ်တွေဟာ ဆာမူရိုင်း ဓါးတွေကိုင်ပြီး ကလဲ့စားခြေမယ်လို့ လူမှုကွန်ယက်မှာ တင်ထားတာတွေ့ရကြောင်း ရေးသားသတင်းတွေမှာရေးသားသားဖေါ်ပြထားတာတွေ့ရပါတယ်။ ချင်းမိုင် ရဲတပ်ဖွဲ့က CCTV ရုပ်သံမှတ်တမ်းကို ဖေါ်ပြခဲ့ရာမှာ သေဆုံးသွားတဲ့ ကျောင်းသားနှစ်ဦး မောင်းသွားတဲ့ ဆိုင်ကယ်နောက်ကို...
၉ လအတွင်း ပြိုင်ပွဲ ၄ ခုမှာ ချန်ပီယံဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာ
မြန်မာ့ဂုဏ်ဆောင် ကြက်တောင် အားကစားမယ် သက်ထားသူဇာအတွက် နောက်ထပ် အောင်ပွဲတစ်ခု ရလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတဲ့ သက်ထားသူဇာဟာ မောရစ်သျှ နိုင်ငံမှာ ကျင်းပတဲ့ International Series မှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၉လအတွင်း ချန်ပီယံဆုဖလား ၃ကြိမ်အထိ ရထားတဲ့ သက်ထားသူဇာအတွက် နောက်ထပ် အောင်ပွဲကို ခက်ခက်ခဲခဲ ရယူခဲ့ရတာပါ။ ဇွန်လ ၁၃ရက်နေ့ကနေ ၁၆ရက်နေ့အထိ ကျင်းပတဲ့ အဲ့ဒီပြိုင်ပွဲမှာ သက်ထားသူဇာဟာ ဆီဒင် ၇ သာသတ်မှတ်ခံရပြီး ပထမအဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရှုံးထွက် ၃၂ယောက် အဆင့်မှာ သက်ထားသူဇာဟာ အိမ်ရှင် ကြက်တောင်မယ် လိုနာဘော့ကို ၂၁-၃၊ ၂၁-၁၀မှတ်၊ ၂ပွဲပြတ်နဲ့ နိုင်ပါတယ်။ ၁၆ယောက် အဆင့်မှာ မလေးရှားက ရာဒါ့ခ်ျခရစ်ရှာနန်ကို ၂၁-၁၉၊ ၂၁-၁၂မှတ်၊ ကွာတားဖိုင်နယ်မှာ မောရစ်သျှကပဲ ကိတ်ဖ် ကူနီကို ၂၁-၁၉၊ ၂၁-၁၆မှတ်နဲ့ ၂ပွဲပြတ်စီ ကစားပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဆီဒင် ၃ရတဲ့ နာမည်ကြီး အိန္ဒိယသူ ချူကာကို ၂-၁ပွဲနဲ့ နိုင်ခဲ့ပါတယ်။ ပထမပွဲမှာ ချူကာက ၂၁-၁၃မှတ်နဲ့ အနိုင်ရပြီး ပွဲကို ဦးဆောင်ခဲ့တာပါ။ သက်ထားသူဇာဟာ ဒုတိယပွဲမှာ ၂၁-၁၉မှတ်န...
အိမ်သား အချင်းချင်း မသင့်မြတ်တာ ငွေဝင်သမျှ အကြောင်းရှာပြီး ကုန်ကျနေတာ အိမ်သားတွေ ကျန်းမာရေးမကောင်းတာ အတွက် အစီအရင်
အချို့သော အိမ်တွေဟာ အိမ်သား အချင်းချင်း မသင့်မြတ်တာ /ငွေဝင်သမျှအကြောင်းရှာပြီးကုန်ကျနေတာ /အိမ်သားတွေ ကျန်းမာရေးမကောင်းတာ စသည်ဖြင့် တစ်မျိုးပြီးတစ်မျိုးဖြစ်ပြီး အိမ်ပူ၍ စီးပွားမတက်ဖြစ်နေတတ်ပါတယ်။အောက်ဖော်ပြပါ အစီအရင် များကို ပြုလုပ်ပါ။ နံနက်၆နာရီတွင်ဖြစ်စေ ညနေ ၆နာရီတွင် ဖြစ်စေ လှူဒါန်းပါ။ အမွှေးတိုင် ၃တိုင်နှင့် ဖယောင်းတိုင် ၁တိုင်ကို အိမ်ရှေ့တံခါးဝတွင်ဖြစ်စေ အိမ်ရှေ့ဝရံတာတွင်ဖြစ်စေ ခုံအမြင့်လေးတစ်လုံးနှင့် ထွန်းညှိပါ။ အိမ်စောင့်နတ် ခြံစောင့်နတ် မြို့စောင့်နတ်များနှင့် အိမ်ခြံ အတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော မြင်အပ် မမြင်အပ် သတ္တဝါများ ဘုရားမီးပူဇော်ရန် အလင်းတိုင် အမွှေးတိုင်များ လှူဒါန်းပါသည်။ ဤ အိမ် ဤခြံတွင်နေထိုင်သူများအားလည်းစောင့်ရှောက်ပါ ။ စီးပွားတိုးတက်ရန် ကူညီပါ စသည်ဖြင့် ပြောဆိုနိုင်ပါသည်။ နံနက်မိုးလင်းသည်နှင့် ပရိတ်တရားတော်များ အိမ်တွင်ဖွင့်ပါ။ အိမ်ဘုရားကို ဆွမ်း ရေချမ်း သောက်တော်ရေ. ကော်ဖီ မုန့် သစ်သီးစသည့် လှူဒါန်းဖွယ်ရာများ အဆင်ပြေရာ လှူဒါန်းပါ။ အိမ်ရှိအိမ်သားများအားလုံး နံနက်မိုးလင်းလျင် ဘုရားရှိခိုးဖြစ်အောင်ရှိခိုးခိုင်းပါ။ ရက်ပိုင်းအတွင်း သိသာစွာ အိမ်တွင် လာဘ်ပွင့်၍ စိတ်ခ...
၁၀ တန်းကို ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပေမယ် ကျောင်းဆက်တက်ဖို့ ခက်ခဲနေတဲ့ မိဘမဲ့ ကျောင်းသားလေး မောင်ဇော်လင်းထွန်း
၁၀ တန်းကို ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပေမယ် ကျောင်းဆက်တက်ဖို့ ခက်ခဲနေတဲ့ မိဘမဲ့ ကျောင်းသားလေး မောင်ဇော်လင်းထွန်း (၁၀) တန်းကို ၃ ဘာသာ ဂုဏ်ထူးနဲ့ နှစ်ချင်းပေါက်အောင်တဲ့ ကျောင်းသားလေး အမေက အဲ့ဒီကလေး ၂ လ သားအရွယ်မှာဆုံးတယ် အမေရက်လည်တဲ့နေ့မှာ အဖေကဆုံးတယ် အဖိုးအဖွားအိမ်မှာ ကြီးပျင်းခဲ့ရပြီး ဦး လေးလုပ်သူက ကျောင်းထားပေးတယ်။ အမှတ်ပေါင်း(၄၂၁)မှတ်ရတယ်ဗျာ။ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ ။ လိမ္မာတဲ့ကျောင်းသားလေးပါ။သူ့ဝါသနာ၊ သူဖြစ်ချင်တာကကျောင်းဆရာ သူ့ပညာရေး၊သူ့ဘဝရှေ့ဆက်ဖို့အခက်အခဲတွေဖြစ်နေတယ် ။ ဒီလိုကလေးမျိုးကို ကူညီချင်တဲ့သူများရှိရင် ဖိတ်ခေါ်ပါရစေဗျာ။ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းမရွာမှာ နေပါတယ်။၀၉၉၆၃၃၃၁၅၅၂ ကို ဆက်သွယ်လို့ရပါတယ်။ Source : ဆရာကျောင်း (Unicode Version) ၁၀ တန်းကို ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပေမယ် ကျောင်းဆက်တက်ဖို့ ခက်ခဲနေတဲ့ မိဘမဲ့ ကျောင်းသားလေး မောင်ဇော်လင်းထွန်း (၁၀) တန်းကို ၃ ဘာသာ ဂုဏ်ထူးနဲ့ နှစ်ချင်းပေါက်အောင်တဲ့ ကျောင်းသားလေး အမေက အဲ့ဒီကလေး ၂ လ သားအရွယ်မှာဆုံးတယ် အမေရက်လည်တဲ့နေ့မှာ အဖေကဆုံးတယ် အဖိုးအဖွားအိမ်မှာ ကြီးပျင်းခဲ့ရပြီး ဦး လေးလုပ်သူက ကျောင်းထားပေးတယ်။ အမှတ်ပေါင...
ငွေချေး စာချုပ်ကို အရောင်းအဝယ် စာချုပ်ဆိုပြီး ခေါင်းစဉ်ပြောင်း မချုပ်ကြပါနဲ့။ ပြဿနာရှိနိုင်လို့ပါ
ယနေ့ ရပ်ကွက်ထဲတွင် အဖြစ်များသော ပြသနာတစ်ခုကတော့ ငွေချေးခြင်း နှင့် အရောင်းအဝယ်စာချုပ် ဖြစ်ပါသည်။ ငွေလိုအပ်သူက ငွေကြေးတတ်နိုင်သူထံ ချေးသည်။ ( ငွေကြေးတတ်နိုင်သူ ဟု သုံးရခြင်းမှာ ထိုသူများသည် ငွေတိုးချစား သူများမဟုတ်သည်ကို ဆိုလိုပါသည်။) ငွေကြေးတတ်နိုင်သူကလည်း ငွေချေးငှားသူ နှင့် ခင်မင်ရင်းနှီး၍သော် လည်းကောင်း သို့မဟုတ် လက်ထဲဒီအတိုင်းကိုင်ထား သောငွေ နည်းနည်းတိုးပွားလာလျင် တိုးစေရန်သော်လည်း ကောင်း ဖြင့် ငွေချေးပေးကြလေ့ရှိသည်။ သို့ရာတွင် ငွေချေးခြင်းကို ခိုင်မာစေရန် အလို့ငှာလည်းကောင်း အရပ်ထဲတွင် ကြားသိနေရသော လိုင်စင်မရှိဘဲ ငွေချေး လျင် ထောင်ဒဏ် ၅ နှစ်ဆိုသော အရာကို ရှောင်ကွင်းလို၍ သော်လည်းကောင်း ငွေချေးသည့်ကိစ္စ ကို စာချုပ်ချုပ် ဆိုကြ ရာတွင် ငွေချေးစာချုပ်ဟူ၍ ချုပ်ဆိုကြခြင်း မပြုကြဘဲ ငွေယုံကြည်အပ်နှံစာချုပ် သို့မဟုတ် အိမ်အရောင်းအဝယ် စာချုပ် ဟူ၍ ချုပ်ဆိုကြသည်။ ( ရှေ့နေနှင့်ချုပ်ဆိုကြသည် ကနည်းသည် ။ ရှေ့နေခ ပေးရမှာ တွန့်တိုကြသည်။ အကျိုး ဆက်ကား) ဥပဒေကို သေချာမသိပဲ ငါသိငါတတ်ဟူသော ပညာရှိဉာဏ်ဖြင့် ချုပ်ဆိုကြသည်။ ထိုသို့ ငွေချေးခြင်းကို အိမ်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီးနောက် ငွေဆပ်ရန် သတ်မှတ်ကာလ ရေ...
ဘီယာ သောက်ခြင်းက အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုကောင်းကြောငေးတွေ့ရှိ
မကြာခင်က Trevor Thompson ဆိုတဲ့ ပညာရှင်တစ်ဦးက ဘီယာသောက်တာဟာ အကိုက်အခဲပျောက်ဆေး သောက်တာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ဘီယာနှစ်ခွက် သောက်တာက ခန္ဓာကိုယ်မှာဖြစ်နေတဲ့ နာကျင်ကိုက်ခဲ ညောင်းညာနေတာတွေကို အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုမြန်မြန်သက်သာစေနိုင်တဲ့အစွမ်းရှိတယ်ဆိုတာ သိရှိခဲ့တာပါ။ ဒီ အ ဆို ကို မှန် မ မှန် စမ်း ဖို့ သပ် Greenwich University က သိ ပ္ပံ ပ ညာ ရှင် တွေ က လူ အ ယောက် ၄၀၀ ကျော် ကို ဘီ ယာ သောက် ထား တဲ့ သူ နဲ့ မ သောက် ထား တဲ့ သူ မှာ ဘယ် သူ က နာ ကျင် မှု တွေ မြန် မြန် သက် သာလာ သ လဲ ဆို တာ ကို စောင့် ကြည့် ခဲ့ ရာ မှာ ဘီ ယာ သောက် တဲ့ သူ တွေ က ပို သက် သာ လွယ် တာ ကို တွေ့ ခဲ့ ကြပါ တယ်။ ဒါပေမယ့် နှစ်ခွက်ထက် ပိုသောက်လိုက်မယ်ဆိုရင်တော့ သွေးထဲမှာ အယ်လ်ကိုဟောဓာတ် များသွားပြီး ဆိုးကျိုးကိုဖြစ်စေနိုင်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ဘီယာ နှစ်ခွက်ပဲသောက်မယ် ဆိုရင် စိတ်ဆိုးဒေါသထွက်လွယ်တာနဲ့ စိုးရိမ်ပူပန်စိတ်ဖြစ် လွယ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည် နာကျင်ကိုက်ခဲမှုတွေ ခံစားနေရတဲ့သူတွေတောင် ဘီယာတစ်နေ့ နှစ်ခွက်သောက်ရင် နာကျင်တာတွေသက်သာနိုင်တယ...
ကျန်းမာရေးအတွက် သင်္ဘောပင်ရဲ့ အစေးကို အသုံးပြုနည်းနဲ့ အသုံးဝင်ပုံလေးများ
အခုတလော အရမ်းပူတော့ ရေခဲရေတွေ အအေးတွေ သောက်ကြတယ် ။ ရာသီဥတုကလဲ မိုးရွာလိုက်နေပူလိုက်ဆိုတော့ လည်ပင်းနာတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက် ဆေးနည်းလေးပါ။ ပုံမှာပြထားတဲ့အတိုင်း ဓါးဖျားလေးနဲ့ သဘောင်္သီးအစိမ်းရဲ့ အစေးကိုယူပါ အစေး ၁၀ စက် ၁၅ စက်လောက်ရရင် သဘောင်္အစေးကိုရေနွေးနွေးလေးနဲ့ဖျော်ပြီးသောက်လိုက်ပါ။ ညသောက်ရင် နောက်နေ့နံနက်ဆို ပျောက်ပါပြီ ။ရေနွေးကအရမ်းပူစရာမလိုဘူးနော် ပိုက်ဆံအကုန်အကျလဲသက်သာတယ် ။ ကျွန်တော်ကိုယ်တိုင်လည်ပင်းနာပျောက်သွားလို့ စေတနာနဲ့ မျှဝေလိုက်တာပါ Credit : မူရင်းရေးသားသူ သဘောင်္သီးနှင့် ကျန်းမာရေး သိကောင်စရာ သဘောင်္သီးနှင့် ပတ်သတ်၍ နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသလို အိန္ဒိယအာယုဗေဒ ဆေးကျမ်းများတွင်လည်း သဘောင်္သီးသည် စားကောင်းရုံတင်မက ဆေးဖက်မ၀င်ကြောင်းကို တခမ်းတနား ဖော်ပြခဲ့ကြပါသည်။ သဘောင်္သီးသည် အသီးသာမက အစေံ ၊အခွံ ၊အစေး ၊အရွက်၊ ပင်စည် ၊ အမြစ်အားလုံး သင်္ဘောသီးထဲတွင် ဗီတာမင်အေ (၁၇၅၀) ၊ဗီတာမင်ဘီ (၀.၀၃) မီလီဂရမ်၊ ရီဘိုဖလာဗင် (၀.၀၄)မီလီဂရမ် ၊နီအာစင် (၀.၀၃) မီလီဂရမ် ၊ ဗီတာမင်စီ (၅၆)မီလီဂရမ် ၊ ကယ်စီယမ်(၂၀)မီလီဂရမ်၊ သံဓာတ်(၀.၃)မီလီဂရမ် ၊ ဖော့စပရပ် (၁၆)မီလီဂရမ် ၊ ပိုတက်စီယမ်(၄၇၀)မီလီဂရမ် ၊ အ...
မြေစာရင်း ဂရန်ဆိုတာ ဘာမှန်းမသိသေးသူများ အတွက်
ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မရှိပါ။ တည်ဆဲဥပဒေများတွင် အာဏာ အပ်မထားပါ။ အကြောင်းတစ်ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ရှိသေး… ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ။ ဂရန်ဆိုသည်မှာ ( အပိုင်း – ၁ ဂရန် ) ၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။ ဂရန်လျှောက်ထားခြင်း အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ (ရန်ကုန် မန္တ...
သွေးတိုးကျစေပြီး နှလုံးရောဂါ သက်သာစေတဲ့ ဘူးသီးရဲ့ ကျန်းမာရေး ဆေးစွမ်းထက်မှုများ
မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီး ဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ် ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ် တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်း ကို  သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာ ကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ် ဘူးရွက် ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီး အရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ် ဘူးသီး ကို စားပေးတာကြောင့် နုံး ချည့်ညောင်းညာမှု လျော့ကျစေပြီး လန်း ဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။ အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ် ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေ...
foodbank အကြောင်း သိသွားပြီး စည်းကမ်းရှိလာတဲ့ မန္တလေးသားများ
မန္တလေးမြို့ကျုံးအရှေ့ဖက် ၆၆လမ်း ၂၂လမ်းနှင့်၂၁လမ်းမှာ ရှိတဲ့ food bank မှာလှုတဲ့လူတွေလဲများလာပြီး ယူတဲ့လူတွေ ကလဲစည်းကမ်းရှိလာတာကြောင့် နှစ်မိနစ်အတွင်းကုန် မသွားတဲ့အပြင် food bank မှာစားစရာတွေပိုလျှံနေပါတယ်။ အမှိုက်များကိုလဲ စနစ်တကျ အမှိုက်အိတ်တွေမှာ ထည့်စေခဲ့ပါတယ်။ မနေ့ကလဲ မန္တလေးတိုင်းဒေသကြီး ဒေါက်တာဇော်မြင့်မောင်လဲ ရောက်လာပြီး food bank အစီအစဉ်ကို သဘောကျကြောင်းနဲ့ အမှိုက်များကို စနစ်တကျသိမ်းဆည်းရန် လမ်းညွှန်ပေးခဲ့ပါတယ်။ လိုအပ်ပါက စည်ပင်မှ အမှိုက်ပုံးချပေးပါမည်ဟု ပြောကြားခဲ့ပါတယ်။food bank ယဉ်ကျေးမှုမှာ နှစ် ၅၀ လောက်ရှေ့ရောက်နေသည့် နိုင်ငံများကို ချက်ချင်းကြီး ရက်ပိုင်းအတွင်း လက်မှီရန် မလွယ်ပါ။ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးရရန် မဖြစ်နိုင်သည့် အခြေအနေမှ မအောင်မြင်မှုကျရှုံးမှုများစွာဖြင့် နှစ် ၁၀၀ ကျော်ကြိုးပမ်းခဲ့ပြီးမှ လွတ်လပ်ရေးရခဲ့ပါသည်။ ကျွန်တော်တို့ရဲ့ ပျက်စီးနေတဲ့ စိတ်ဓါတ်များ ပြန်လည်ပြုပြင်ရန်မှာလဲ နှစ်များစွာကြာပါလိမ့်မယ်။ မပြင်ပဲထားပါက ဒီထက် ပိုအခြေအနေဆိုးသွားပါလိမ့်မယ်။ အဲ့ဒီအတွက် လူအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စဉ်ဆက်မပြတ်ကြိုးစားသွားရန် လိုပါလိမ့်မည်။ မအောင်မြင်ထိတော့ ဝေဖန်သံ၊ဆူည...