Skip to main content

Posts

Showing posts from March, 2020

ကြက်မောက်သီး အပင် စိုက်ပျိုးနည်း

ဒူးရင်း၊ မင်းဂွတ်သီးများကဲ့သို့ သားသုံးရာတွင်အရသာရှိ၍ ဒူးရင်း၊မင်းဂွတ်သီးများကဲ့သို့ပင် ပူအိုက်စွတ်စို သောဒေသတွင်ပေါက်ရောက်သောနောက်အသီးတစ်မျိုးမှာ ကြက်မောက်သီးပင်ဖြစ်သည်။သွေး၊သည်းခြေနှင့်သင့်သည်ဟုမြန်မာ့ ဆေးကျမ်းတွင်ဆိုသည်။ စိုက်ပျိုးရန်ဒေသ ကြက်မောက်ပင်သည်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းပူအိုက်စွတ်စိုသောရာသီဥတုကိုသာကြိုက်နှစ်သက်၍ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် မဖြစ်ထွန်းပေ။အေးမြသောရာသီဥတုတွင်ပေါက်ရောက်ခြင်းမရှိပေ။ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ရခိုင်ပြည်နယ်များတွင်ဖြစ်ထွန်းသည်။အထူးသဖြင့်တနင်္သာရီ တိုင်းတွင်ကောင်းစွာပေါက်ရောက်ဖြစ်ထွန်းသည်။ စိုက်ပျိုးနည်း ယခုစိုက်ပျိုးနေကြသောနည်းမှာအစေ့ကိုပျိုးထောင်၍ပြောင်းလဲရွေ့စိုက်ပျိုးခြင်းပင်ဖြစ်သည်။ထိုနည်းမှာမျိုးကောင်းမျိုးသန့်အပင်များမှမျိုးကိုယူ၍စိုက်ပျိုးသည့်တိုင်မျိုးကောင်းမျိုးသန့်အပင်များဖြစ်လာရန်စိတ်ချရသည့်နည်းမဟုတ်ပေ။မူလမျိုးယူသည့်အပင်၏အရသာအတိုင်းရရှိ၍အပင်နိမ့်နိမ့်အသက်ငယ်ငယ်နှင့် အသီးသီးရန်ကိုင်းဆက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသင့်သည်။ အရပ်ဒေသအလိုက်ပေါက်နေကျကြက်မောက်သီးများကိုပျိုးထောင်ထားပြီး နောက်၎င်းအပင်များကို မြေခံပင်ပြုလုပ်ကာအစေ့သေးသေးအသားထ...

၀မ်းနုတ်ဆေး စားရန်မလို ဆံပင်ဆေးဆိုးရန် မလို ခံတွင်းနံ့ လုံးဝမနံ ဆံပင်နက်စေတဲ့ ဆေးနည်း

ပေါင်းတည်မြို့ ပုတီးကုန်းလမ်းမှကျောင်းအုပ်ဆရာကြီး ဦးစံချိန်၏ ဆေးနည်းလေးပါ။ ၀မ်းနုတ်ဆေး စားရန်မလို ဆံပင်ဆေးဆိုးရန် မလို ခံတွင်းနံ့ လုံးဝမနံ ၀မ်းပျော့ ဆံပင်နက်စေပါတယ်။ ဆေးနည်းကတော့ ကွမ်းရွက်နှင့်ဆားကို ပုံပါအတိုင်း ထမင်း စားပြီးတိုင်းစားပေးယုံပါပဲ။ ခံတွင်းနံ့ လုံးဝမနံ စေရန် နောက်တစ်နည်း ရှိသေးတယ်။ ဒီနည်းကတော့ အလွယ်ဆုံးနည်းလမ်းပါ။ အချဉ်ဓာတ်ပါတဲ့ အသီးတွေကို အရည်ညှစ်ပြီး သောက်ပေးပါ။ ဒါမှမဟုတ် အချဉ်ဓာတ်ပါတဲ့အသီး ကို ပါးပါးလှီးပြီး ရေထဲကို ထည့်ပေးပါ။ ရေခဲသေတ္တာထဲ တစ်ညသိပ်ပေးရင်တော့ ရေထဲကို ဗီတာမင်တွေ ရောက်သွားပါတယ်။ ဗီတာမင် စီပါတဲ့ သံပရိုသီး ၊ လိမ္မော်သီး ၊ ဘယ်ရီသီး တို့က ခံတွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ Credit : မူရင်းရေးသားသူ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်း ခြောက်ခု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပြုထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်း (Covid-19) ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်တဲ့နည်းလမ်း ခြောက်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အပြင်ကို သွားပြီးတဲ့အခါတိုင်း လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ဖြစ်ဖြစ်၊ အရက်ပျံဓာတ်ပါတဲ့ လက်သန့်ဆေး (hand sanitizer) ဖြစ်ဖြစ် သုံးပေးပါ။ ၂။ နှာစေး၊ ချောင်းဆိုးတဲ့အခါ တစ်ရှုး ဒါမှမဟုတ် တံတောင်ဆစ်ကွေးပြီးတော့ နှာခေါင်းနဲ့ ပါးစပ်ဖုံးအုပ်ပြီးဆိုးပါ။ အသုံးပြုပြီးသား တစ်ရှုးတွေကို နီးစပ်ရာအမှိုက်ပုံးမှာ စွန့်ပစ်ပါ။ ပြီးရင်လက်ကိုစင်ကြယ်အောင် ဆေးကြောပါ။ ၃။ လူထူထပ်တဲ့၊ နီးကပ်တဲ့နေရာမျိုးကို ဆင်ခြင်ပါ။ အထူးသဖြင့် ဖျားနာတဲ့သူနဲ့ဆိုရင် အနည်းဆုံး သုံးပေခန့် အကွာအဝေးမှာနေပါ။ ၄။ အပြင်ကလာတဲ့အခါ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့ပွတ်သတ်တာမျိုးကို မပြုလုပ်ပါနဲ့။ ၅။ တကယ်လို့ ကိုယ်ကိုယ်တိုင်က ဖျားနာနေတာပဲဖြစ်ဖြစ်၊ တခြားလူတစ်ယောက်က ဖျားနာတာကို ပြုစုပေးရတာပဲဖြစ်ဖြစ်၊ ဆေးရုံကိုသွားရတာပဲဖြစ်ဖြစ်၊ နှာခေါင်းစည်း တပ်ဆင်ပါ။ ၆။ ကိုယ်တိုင်နေမကောင်းဖြစ်နေရင် အိမ်မှာပဲနေပါ။ အပြင်ကို မသွားပါနဲ့။ တကယ်လို့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုကြပ်...

သက်ကြီး ရွယ်အိုတွေကို မကျွေးနိုင်ရင် မစွန့်ပစ်ကြပါနဲ့ ဦးဇင်းဆီကို လာအပ်လိုက်ပါ

အဖိုးအဖွားများကို လမ်းဘေး မစွန့်ကြပါနဲ့ ဦးဇင်းဆီကို လာပို့လှည့်ပါ။ ဦးဇင်း လာခေါ်ရမယ်ဆိုလည်း လာခေါ်ပါမယ်။ ဦးဇင်း ကျောင်းခွဲတည်လိုက်ခြင်းက အဲဒီလို အဖိုးအဖွားများကို စောင့်ရှောက်ချင်လို့ တည်လိုက်ခြင်းပါ။ ဘယ်မှာတွေ့တွေ့ မကျွေးချင်ရင် မပြုစုချင်ရင် လာရောက် ထားနိုင်ပါတယ်။ ပေါက်မြို့နယ်၊ ရှားပင်ရေရွာ တောင်ဘက်၊ သာယာအေး ဓမ္မရိပ်သာကျောင်း။ ဖုန်း-၀၉၂၅၆၁၄၇၅၈၃ U Pyin Nyar Thithat

ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက် အဖတ်တွေကို လွှင့်မပစ်ဘဲ အကျိုးရှိစွာ အသုံးပြုနည်း

ရေနွေးကြမ်း အိုးထဲက လက်ဖက်ခြောက် ဖတ်တွေကို မလွှင့် ပစ်ဘဲ သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား။ ဒါတွေ အတွက် အသုံးတည့်တယ်ပါတယ်။ ဈေးက ဝယ်လာတဲ့ ငါးက တော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့အတူ ညှီနေတဲ့ငါးကို အိုးတစ်ခု တည်းထဲ့ပြုပ် လိုက်ပါ ။ငါးညှီနဲ့ လုံးဝ ပျောက်သွား ပါလိမ့်မယ် ။ လက်ဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ရောပြီး မှန် ပြတင်းပေါက် အိမ်သုံးပစည်း နဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ် တွေကို ဆေးကြောပွတ်တိုက် ပါ ။ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ် လိုက်ပါ ။ သန့်ပြီး တောက်ပြောင်သွား ပါလိမ့်မယ် ။ လဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည် အဖြစ် အပင်တွေ ကို လောင်းပေးနိုင်ရင် သဘာဝ မြေသြဇာ ကိုရရှိစေ ပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေပါတယ် ။ လဖက်ခြောက်ဖတ် တွေကို အခြောက်လှမ်းပြီးကြက်ဥ နဲ့ ပြုပ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိလှပါတယ် ။ လဖက်ခြောက်ဖတ်ကို အခြောက်လှမ်းပြီး မီးရိူ့ရင် အနံ့အသက်ဆိုးတွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးတယ် ။ ခြင်ဆေးခွေ အစားလည်း အသုံးပြု နိုင်ပါတယ် ။ လဖက်ခြောက်ဖတ် တွေ ကို နေလှန်းပြီး ခေါင်းအုံး ထဲထည့် ခေါင်းအုံ့ အိပ်ရင် ပျော့ပြောင်း စွာ အိပ်စက် ရရုံ တင်မက အပူ ကို ပါ ကျစေပါတယ် ။ လဖ...

ကမ္ဘာ့မှာ တန်ဖိုး စျေးအကြီးဆုံး ထိုင်းဘတ်ငွေ ၂၂ သန်းတန် တိုက်ကြက် အသုဘ (ရုပ်သံ)

ကြက်အမည် ကျောက်မနီဒယ်၊ ဘတ် ၂၂ သန်းကြေး ဖလားလုပွဲမှာ အနိုင်ရရှိလို့ ဒီကြက်ရဲ့ တန်ဖ်ိုးက အော်တို ဘတ်၂၂သန်း တန်ဖိုးရရှိသွားပါတယ်။ (ထိုင်းမှာ တိုက်ကြက်ကို တန်ဖိုးဖြတ်နည်းက နိုင်ကြေးအပေါ်မူတည်ပီး တန်ဖိုးသတ်မှတ်ယူတာပါ။ နောက် မနီဒယ်သည် ထိုင်းကြက်မျိုးစစ်စစ် မဟုတ်ပါ။ မြန်မာတိုက်ကြက်နဲ့ စပ်ဖောက်ထားတာပါ။ ကြက်တစ်ကောင်ကို ခွပ်ရင် ၃ ချီ မကျော်ဘူး။ ထိုင်းဘတ်ငွေ ၂၂ သန်း နဲ့ဝယ်ရင် မြန်မာလူမျိုးတွေ အမြင်မှာတော့ အရူးတွေပဲလို့ ထင်မြင်နေကြမှာ ကျိန်းသေပါ။ ဒါပေမဲ့ မယုံမရှိနဲ့ ဒီတိုက်ကြက်က သူ့ရဲ့ တန်ဖိုး ဘတ်၂၂ သန်းကို ၁ နှစ်၂ နှစ်လောက်နဲ့ အရင်းပြန်ကြေအာင် ရှာပေးတဲ့ အစွမ်းအစ ရှိပါတယ်။ တကယ်လဲ သူ့သခင်ကို ရှာဖွေခဲ့တာပါ။ ဒီကြက်ကို ကြက်မ မျိုးကောင်းတွေ အများကြီးနဲ့ သားဖောက်ရောင်းတာ ကြက်ဥတစ်လုံးကို ဘတ်၂၅ဝဝ ရောင်းပါတယ်။ သားပေါက် အဖိုအမနှစ်ကောင်ကို ဘတ်၃သောင်း အကယ်၍ ကြက်ဥလဲ မယူချင်ဘူး သားပေါက်လဲ မယူချင်ဘူး ကိုယ်ဆီက ကြက်မနဲ့ မျိုးထိုးခ ကြက်မတစ်ကောင် ဘတ် ၂ သောင်း ပေးရပါတယ်။ ကြက်မ အကောင် ၅ဝဝ လောက်နဲ့ သေသေချာချာ မျိုးဆက်ပြီး ကြက်ဥ ထုတ်ရောင်းနေတာတောင် ကြက်မဖျင်က ထွက်တာနဲ့ ဘတ် ၂၅၀၀ ပေးပြီးဝယ်ယူမည့်လူက အဆင်သင့်ရှိပါတယ်။ မိမိ...

တာဝန်ချိန် နှောင့်ယှက် စော်ကားယုံတင် မဟုတ်ပဲ ကိုယ်ထိလက်ရောက် ကျူးလွန်သူ အမျိုးသားနှင့် အမျိုးသမီးအား အရေးယူ ပေးပါရန်

တာဝန်ချိန် နှောင့်ယှက် စော်ကားယုံတင် မဟုတ်ပဲ ကိုယ်ထိလက်ရောက် ကျူးလွန်သူ အမျိုးသားနှင့် အမျိုးသမီးအား အရေးယူ ပေးပါရန် မြင်လို့မှမ‌ကောင်းဗျာ။ ဘေးကနေတဲ့ သူတောင်ဒေါသ အလိပ်လိပ် ထွက်မိတယ်ဗျာ။ သို့ လေးစားအပ်ပါသော ရဲချုပ်ကြီးနှင့်တကွ လူကြီးများခင်ဗျာ။ ပြည်သူ့ဝန်ထမ်းအား တာဝန်ချိန် နှောင့်ယှက် စော်ကားယုံတင် မဟုတ်ပဲ ကိုယ်ထိလက် ရောက် ကျူးလွန်သူ အမျိုးသားနှင့် အမျိုးသမီးအား အရေးယူ ပေးပါရန်နှင့် ထိုဖြစ်စဥ်မျိုးသည် ရဲတပ်ဖွဲ့အား မလေးမစား ပြုသည့်အပြင် မောက်မာရိုင်းစိုင်းလွန်းသဖြင့် ပြည်သူတစ်ယောက် အနေဖြင့် vidoes နှင့်တကွ တင်ပြအပ်ပါသည်။ သူငယ်ချင်း ညီအစ်ကိုများ ခင်ဗျာ ဝိုင်းဝန်း share ပေးကြပါရန်။ Ko Ko

နှာရည်ယိုခြင်း နှာရည်ပုတ်ခြင်း ထိပ်ကပ်နာအတွက် ဆေးနည်း

ဒီဆေးနည်းကိုတော့ တစ်သက်လုံး မျိုးရိုး အစဉ်အဆက်အထိ မှတ်သားသွား လက်ဆင့်ကမ်း သွားပါ။ ထိပ်ကပ်နာ (Sinusitis) နှာရည်ယိုခြင်း နှာရည်ပုတ်ခြင်းများ ကြုံတွေ့ခံစားနေရပါသလား။ ဒီအတွက် စိတ်မညစ်နဲ့ မကြောက်နဲ့ လက်တွေ့ အမြစ်ပြတ် ပျောက်ကင်းစေရမယ်။ မုရိုးရွက် (calotropis procera) သို့မဟုတ် နို့ခဲရွက်ရဲ့ အပင်က ထွက်ရှိတဲ့ အစေး(sap)ကို မိမိ၏ နှာခေါင်းအတွင်းသို့ ရှုရှိုက်သွင်းလိုက်ပါက များမကြာမှီ ရက်အနည်းငယ်အတွင်း လုံးဝ အရှင်း အမြစ်ပြတ် ပျောက်ကင်းစေပါမည်။ နောက်တစ်မျိုးက ကင်ပွန်းသီး (Soap nut) အခြောက်ကို ဆန်ဆေးရည်ဖြင့် ကျောက်ပြင်ပေါ်မှာ ပျစ်ပျစ်သွေး၍ ရရှိလာသည့် အနှစ်များကို မိမိ၏ နှာခေါင်းအတွင်းသို့ ရှုရှိုက်သွင်းယူလိုက်ပါက ရက်အနည်းငယ်မှာ သိသာစွာ ပျောက်ကင်းသက်သာစေပါမည်။ Credit : Original Writer

ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ကိုယ့်ရဲ့ပြိုင်ဘက် မဟုတ်ဘူး ဒါကြောင့် ဘာအကြောင်းကြောင့်နဲ့မှ မချိုးနှိမ်သင့်ဘူး

ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ကိုယ့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး..။ ဒါကြောင့် ဘာအကြောင်းကြောင့်နဲ့မှ မချိုးနှိမ်သင့်ဘူး..။ ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ကိုယ့်ရဲ့ရန်သူမဟုတ်ဘူး..။ ဒါကြောင့် ဘာအကြောင်းကြောင့်နဲ့မှ သံသယတွေပွားလို့ တစိမ်းမဆန်သင့်ဘူး..။ ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ဘဝတစ်သက်တာလုံးအတွတ် အေးအတူပူအမျှ ကိုယ်နဲ့ လက်တွဲသွားမယ့်သူမို့ အားနည်းချက်တွေ ရှိခဲ့ရင်တောင် ဖေးမကူညီ လမ်းပြရမယ့်အစား ရူံ့ချလို့ အထင်အမြင် မသေးသင့်ဘူး..။ ကိုယ့်ချစ်သူ, ကိုယ့်ဇနီးမယားဆိုတာ ဘယ်လောက်ရင့်ကျက် တည်ငြိမ်တဲ့ မိန်းမဖြစ်နေနေ ဘယ်လောက် တော်ပြီး ထက်မြတ်တဲ့ မိန်းမဖြစ်နေနေ ဘယ်လောက်ရိုးအ နုံချာတဲ့ မိန်းမဖြစ်နေနေ ယောကျ်ား တစ်ယောက်အပေါ် ချစ်မြတ်နိုးလွန်းတဲ့ စိတ်တစ်ခုထဲနဲ့ ကလေးဆန်သွားတတ်ကြတာ..။ ဆိုးနွဲ့ စိတ်ကောက်တတ်ကြတာတွေကို နားလည်မူမရှိပဲ အထင်သေး ရူံ့ချလို့ ချိုးနှိမ် လှောင်ပြောင်တာတွေ မလုပ်သင့်ဘူး..။ တစ်ချို့သောယောကျ်ားတွေ သိထားစေချင်လို့ပါ။ Nan Khin May Win

ကျွန်တော့် နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သော စတုတ္ထတန်း ကျောင်းသားလေး

ဘယ်ကနေ အမြစ်တည်လာမှန်းမသိတဲ့ အမှားကြီးတစ်ခုရှိတယ်.. ။ လူအများစုကတော့ အာဏာနဲ့ပါဝါရလာရင် ငွေပါအလွဲသုံးစား လုပ်ကြတယ်။ အဲ့ဒီအချိန်တွေ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကျင်လည်နေရတယ်ဆိုတာ အမှန်တရားတစ်ခုပဲမဟုတ်လား....။ စတုတ္ထတန်းစာမေးပွဲ ပထမနေ့ပြီးလို့ ဒုတိယနေ့ အတွက်လေ့ကျင့်ခန်း လုပ်နေချိန်ပေါ့။ ကျောင်းသားတစ်ယောက်က ဆရာ သားတစ်ခုလာက်မေးချင်လို့... အေး... မေးလေသား.....သားတို့ကျောင်းနောက်ဆုံးနေ့ကျရင် ဆရာ ဆရာမတွေ ကန်တော့ချင်လို့ အဲ့ဒါရမလားဆရာ... ရတာပေါ့ ဒါနှစ်တိုင်းဆရာတို့ကတော့နေကြပဲလေ အထူးအဆန်းမဟုတ်ပါဘူးရပါတယ်။ မဟုတ်ဘူးဆရာဆိုတော့ သူတစ်ခုခု တင်ပြချင်နေတယ်ဆိုတာ ကျွန်တော်သိလိုက်တယ် အဲ့ဒါဆိုမင်းက ဘယ်လိုကန်တော့ချင်တာတုန်း။ သားတို့ "တစ်ကိုယ်ရည် သန့်ရှင်းရေးက ရတဲ့ပိုက်ဆံ" ကို သားစုထားတာ အဲ့ပိုက်ဆံနဲ့ ကန်တော့ချင်တာပါဆိုပြီး လွယ်အိပ်ထဲက သူစုထားတာတွေထုပ်ပြတယ်။ ကြည့်လိုက်တော့ ငါးဆယ်တန် တစ်ရာတန်လေးတွေ အထပ်လိုက်ကြွပ်ကြွပ်အိပ်ထဲမှာတွေ့ရတယ်။ ကျွန်တော် အံအားလည်းသင့် ပိတိလည်းဖြစ် ခဲ့ရတယ်။ သူကတစ်ခြားသူမဟုတ်ပါဘူး ကျွန်တော်တို့နှစ်စက ဆရာ ဆရာမများနဲ့ ကျောင်းသူ/သားတွေ ရွေးခြယ်တင်မြှောက်လိုက်တဲ့ တစ်ကျောင်းလုံးခေါင...

ထိုင်းရောက် မြန်မာလုပ်သား ဇနီးမောင်နှံ နှစ်ဦး ထိုင်းထီ ပထမဆု ဘတ်(6)သန်း ပေါက်

ထိုင်းရောက် မြန်မာလုပ်သား ဇနီးမောင်နှံ နှစ်ဦး ထိုင်းထီ ပထမဆု ဘတ်(6)သန်း ပေါက် 1-3-2020 ရက်နေ့ထွက် ထိုင်းထီ ပထမဆု ဘတ်(6)သန်းဆု တစ်စောင်ကို ထိုင်းရောက်မြန်မာလုပ်သားတွေထဲက ထိုင်းနိင်ငံ ခိုလမြို့ ကြက်သားစက်ရုံ တစ်ရုံမှာ အလုပ် လုပ်ကိုင်နေသော ကိုဇေယျာမျိုး+မဇင်မာဦးတို့ ဇနီးမောင်နှံ နှစ်ဦးမှ ဆွတ်ခူးရရှိခဲ့ပါတယ်။ Credit : U Htun Maesai

YBS 31 ပေါ်တွင် ကျောင်းသူတစ်ဦးအား မဖွယ်မရာ ပြုလုပ်ခဲ့တဲ့ အမျိုးသားအား ဖမ်းမိ

၁.၃.၂၀၂၀ ရက်နေ့ YBS 31 ပေါ်တွင် ဖြစ်ပွားခဲ့ သော ကျောင်းသူ မိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်ပြီး ကာအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်ခဲ့သော အသက် ၅၆ နှစ်အရွယ် ဦးနေဝင်း အမည်ရှိသော အမျိုးသားအား ဆရာစိုးကျော်ဦး(တပ်ကြပ်သန်လျင်မြို့မရဲစခန်း)နှင့်အတူ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)မှ ဖမ်းမိခဲ့သည်။ ၂ .၃.၂၀၂၀ နေ့လည်တွင် သတင်းရ၍ ကျောင်းသားသမဂ္ဂ ဥက္ကဌ နှင့် နယ်မြေရဲစခန်း မှ တာ၀န်ရှိသူများ ဒေါပုံမြို့ နယ်တွင် လိုက်လံ ရှာဖွေရာ ထိုအမျိုးသားမှာ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ ရပ်ကွက် အိမ်အမှတ် (၃၃)သောက်တော်တွင်း(၄)လမ်းတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ နောင်တွင် ယင်းကဲ့သို့သော လုပ်ရပ်များ ကျောင်းသား ကျောင်းသူ များအပေါ်တွင် ထပ်မကျူးလွန်လာအောင်လည်း သမဂ္ဂ မှ ကျောင်းသားထုဘက်မှနေ၍ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ နောက်ဆက်တွဲ သတင်းများကိုလည်း ထပ်မံ တင်ပေးသွားပါမည်။ ပြန်ကြားရေး/ရရတကသ/EYUSU

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခုနှစ် မတ်လအတွက် တစ်လစာ ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ ဒီကာလအတွင်းနေ့ညမပျက် အလုပ်လုပ်ရချိန်ပါပဲ။ လူအင်အား၊ ငွေအင်အား၊ အလုံးအရင်း အပြိုင်အဆိုင်များစွာဖြင့် လုပ်ကိုင်နေရမည်။ မြတ်သမျှငွေ အလုပ်ထဲ ပြန်လည်ရင်းနှီးရမည်။ ရလည်းရ၊ ကုန်လည်းကုန်သော အချိန်။ လိမ်ညာလှည့်စား မှုများ ဝိုင်းနေသောကာလဖြစ်သည်။ စာချုပ်နှင့် နှုတ်ကတိများ၊ စာအုပ်ထုတ်ဝေရေးများ စိတ်မလောမိစေရန် သတိပြုရမည်။ ခရီးသွား၊ ဘုရားဖူး၊ ဟော်တယ်၊ ယာဉ်လုပ်ငန်းများ အောင်မြင်မည်။ ရေမသန့်မှုကြောင့် ဝမ်းပျက်မှု ကြုံမည်။ ညအိပ်မပျော် ဖြစ်မည်။ လူငယ်များစိတ်လေပြီးဦးတည်ချက်မရှိ လျှောက်သွားချင်နေတတ်သည်။ အိမ်ထောင်ဖက်ထံမှ လက်ဆောင်များ ရမည်။ စာရင်းဇယားများ အကြိမ်ကြိမ် ထပ်ပြင်နေရမည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်များ အဆင်ပြေမှုတွေ ဆက်တိုက်ဖြစ်မည်။ အချစ်ရေးမှာနုပျိုငယ်ရွယ်သူများ၏ ချစ်မြတ်နိုးမှုကို ရမည်။ ဒါပေမယ့် နှလုံးသားက ချစ်ချင်သော်လည်း အလုပ်ကို ပိုမိုဦးစားပေးနေဖြစ်မည်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်၏ အနားမကပ်နိုင်အောင် အလုပ်ကိစ္စ၊လူမှုရေး၊ ဘာသာရေးများနှင့်ရှုပ်နေမည်။ ‌နေအိမ်ရှိ အတူနေသူများအပေါ် စိတ်တိုင်းမကျဖြစ်မည်။ အိမ်ထောင်ဖက်အတွက် အောင်မြင် မှုတစ်ခု ရယူပေးဖြစ်လိမ့်မည်။ ပညာသင...

ခန္ဓာကိုယ်မှ အဖုအကျိတ်တွေကို ပျောက်ကင်းစေမည့် ဆေးနည်း

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှာကတော့ လေူတိုင်းသိရှိထားသင့်တဲ့ ကုသရန် ခက်ခဲသူများအတွက် ခန္ဓာကိုယ်မှ အဖုအကျိတ် ပျောက်စေရန် နည်းလမ်းကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် ။ လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန် ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီးတို နည်းလေးအား ဝေငှပေးခဲ့ပါသည် ။ ဘေးထွက်ဆိုးကြိုးများလည်း မရှိပါသောကြောင့် စိတ်ချယုံကြည်စွာ သုံးနိုင်ပါသည် ။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားကိုသုံးကြမှ ထုတ်နုတ်ဖေါ်ပြပါသည် ။ ဆေးနည်းမှာ – (၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) ။ (၃) ပျားရည်စစ် ။ ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ ။ လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။ အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ ။ တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည် ။ အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင်...

ဖုန်းကောက်ရတဲ့ မိန်းကလေးက ဖုန်းပိုင်ရှင်ကို ငွေညှစ်တာမရလို့ ဖုန်းလုနေပါတယ်လို့ ပြန်ပြီး စွပ်စွဲအော်ဟစ် (ရုပ်သံ)

မန္တလေးမှာ ဖုန်းကောက်ရတဲ့ မိန်းကလေးက ဖုန်းပိုင်ရှင်ကို ငွေညှစ်တာမရလို့ ဖုန်းလုနေပါတယ်လို့ ပြန်ပြီး စွပ်စွဲအော်ဟစ် (ရုပ်သံ) ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ဖုန်းပျောက်သွားတယ်။ ကောက်ရတဲ့ အမျိုးသမီးက ဖုန်းကို ပြန်လိုချင်ရင် ငွေ (၆၀၀၀၀) နဲ့ ပြန်ရွေးခိုင်းတယ်။ ဖုန်းပြန်ရွေးဖို့ ဖုန်းပိုင်ရှင်က သူတို့ချိန်းတဲ့နေရာကိုသွားတော့ ကောက်ရတဲ့ အမျိုးသမီးနဲ့ သူ့ယောက်ျားလာတယ်။ ဖုန်းပိုင်ရှင်နဲ့တွေ့ ဖုန်းပိုင်ရှင်က ကျွန်တော့်ဖုန်းမှာ အရေးကြီးတာလေးတွေပါလို့ပါလို့ ပြောလိုက်တော့ (၇၀၀၀၀) ရမှ ပြန်ပေးမယ်ပြောတယ်။ ဖုန်းပိုင်ရှင်က မလုပ်ပါနဲ့ ဗျာလို့ ပြောတော့။ စျေးဆစ်လို့ဆိုပြီး ဖုန်းမပေးပဲ ဆိုင်ကယ်ပေါ်တက်ပြီး ပြန်မောင်းပြေးကြတယ်။ နောက်နေ့ ထပ်ချိန်း ပြန်တယ်။ ဖုန်းက ပက်တန်လော့ ချထားတာကို ဖုန်းပိုင်ရှင်ကတွေ့တယ်။ ဖုန်းပိုင်ရှင်က ဖုန်းကို လှမ်းယူတဲ့အခါ ဖုန်းလုပါတယ်ဗျို့ဆိုပြီး ဖုန်ကောက်ရသူ အမျိုးသမီးက အော်တယ်။ ပြောချင်တာက မြန်မာပြည်မှာ ဒီလို စိတ်ဓာတ်မျိုးတွေရှိနေတာကိုပါ။ ဖုန်းတစ်လုံးရဲ့တန်ကြေး ဘယ်လောက်ပဲရှိရှိ စိတ်ဝင်စားစရာမဟုတ်ပါဘူး။ ကောက်ရတယ် ပိုင်ရှင်ထံက ငွေညှစ်တယ်။ ငွေ (၇၀၀၀၀) ဆိုတာ ဒီခေတ်ကြီးမှာ ဘယ်လောက်တန်ဖိုးရှိလဲ။ ဘ...

ကောက်ရထားသော ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံ ပြန်ပေးခဲ့တဲ့အတွက် လက်ဖက်ရည် စားဖွယ်စုံ တစ်သက်တာ အခမဲ့ သုံးဆောင်ခွင့်ရ

၂၉.၂.၂၀၂၀ ညနေ ၆:၃၀ အချိန်ဝန်းကျင်တွင် ညောင်ဦးမြို့ အမှတ်(၁)ရပ်ကွက် သီရိမဂ်လာရပ်တွင် နေထိုင်သော မောင်သာခွါး(ခ)မောင်နန်းဇေယျာဦး ( AYA Bank ညောင်ဦးဘဏ်ခွဲ လုံခြုံရေးဝန်ထမ်း)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြား ရောက်ရှိလာခဲ့ပြီး ၎င်းကောက်ရထားသော ပိုက်ဆံအိတ်တစ်လုံးကို ပိုင်ရှင်အားဆက်သွယ်ပေးရန် အပ်နှံခဲ့သောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အိတ်တွင်းပါ နိုင်ငံသားကတ် နှစ်ခု ယာဉ်မောင်းလိုင်စင်နှစ်ခု ဘဏ်ATMကတ် နှစ်ခု အခြားစာရွက်စာတမ်းများနှင့် ငွေကျပ်နှစ်သိန်းနီးပါးတို့ကို ကြည့်ရှု့စစ်ဆေးပြီး လိပ်စာအမည်နဲ့တကွ ချက်ချင်းအကြောင်းကြားခေါ်ယူကာ ကောက်ရထားသူနဲ့ ပိုင်ရှင်တို့အား စစ်ဆေးလွှဲပြောင်းပေးအပ်စေခဲ့သည်။ ပိုင်ရှင်မှ ကျေးဇူးတုန့်ပြန်ခဲ့သော်လည်း ရိုးသားဖြောင့်မတ်သူ မောင်နန်းဇေယျာဦးမှ လက်ခံပေးခြင်း မရှိခဲ့၍ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိသားစုကိုယ်ပိုင်လုပ်ငန်းဖြစ်သော ခိုင်ဝါ 7 လက်ဖက်ရည်နှင့်စားဖွယ်စုံ သို့ တစ်သက်တာ အခမဲ့သုံးဆောင်နိုင်ရန် ဂုဏ်ပြုပေးခဲ့ပါသည်။ ဂုဏ်ပြုထိုက်သူကို ချီးမြှောက် ဂုဏ်ပြုပေးခြင်းသည် မဂ်လာတစ်ပါး ဖြစ်၏။ Ko Htay Nyu

အမြန်လမ်းမှာ သားအမိ နှစ်ယောက် ကားကိုတားလို့ ရပ်ပေး လိုက်မိသောအခါ

28.2.2020 ရက်နေ့ နေပြည်တော်ကနေ မန်းလေးကို အမြန်လမ်းကနေအသွား နတ်မောက်လမ်းခွဲအကျော် မိုင်တိုင် 262-6 မှာ သားအမိ နှစ်ယောက် ကားကို တားတော့ ရပ်ပေးလိုက်ပြီး အကျိုးအကြောင်း‌ မေးတော့ မန်းလေးကို သွားချင်တာ မန်းလေးကတဆင့် မြစ်ကြီးနားကို သွားဖို့ လမ်း စရိတ်ပြတ်လို့ ပျော်ဘွယ်ကနေ လမ်းလျှောက်လာတာလို့ပြောတယ်။ ကားကလည်း လူ (4)ယောက်နဲ့ ပစ္စည်းတွေများနေလို့ ရေသန့်တဗူး မုန့်ရယ် လမ်းစရိတ် (20000) ပေးခဲ့ပြီး ကားကို ဆက်မောင်းခဲ့တယ်။ ကားမောင်းရင်း သူတို့သားအမိ လိုင်းကားတွေကို မတားရဲရင် ကလေးလည်း ပါနေတော့ သားသမီးချင်း ကိုယ်ချင်းစာပြီး မိုင်တိုင် 266 ကနေ ကားကို ပြန်လှည့်ပြီး သွားခေါ်ခဲ့တယ်။ မိတ္ထီလာယာဉ်ရပ်နားကွင်းမှာ မန်းလေးသွားမဲ့ မန္တလာမင်းကားမှ ကားဆရာတွေကို မန်းလေးအထိ ခေါ်သွားပေးဖို့ ကားခ (4000) နဲ့အတူ သေချာ ပြောပြအပ်ပေးခဲ့တယ်။ သူတို့သားအမိကို ကြည့်ပြီး တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်။ ဒီနေ့လည်း နေပြည်တော်ကနေ့ မုံရွာကို သွားတော့ သူတို့ သားအမိက အရင်နေ့က တွေခဲ့တဲ့ နေရာမှာပဲ ကားကို တားတယ် ဟို့တနေ့က ကိစ္စကို အကျိုးအကြောင်း မေးကြည့် ကားဆရာက မတင်သွားလို့ ဆိုင်ကယ် ကယ်ရီနဲ့ ဒီနေရာကို ပြန်လာတယ်လို့ ‌‌‌ ပြောတယ်။ အဲ့ဒါနဲ့ ...

အဆုတ် အတွင်းရှိ အဆိပ်အသောက်များကို သန့်စင်စေသော ကန်စွန်းရွက်ပြုတ် ဟင်းချို

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။ လိုအပ်သောပစ္စည်းများ ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။ ပျားရည် (၄၀၀) ဂရမ်၊ ရေ (၄)လီတာမျှ၊ ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး။ ပြုလုပ်နည်း အထက်ပါ ပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။ အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက္ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။ ကန်စွန်းရွက် ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။ အကျိုးသက်ရောက်ပုံများမှာ (၁) အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။ ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်၀န်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။ (၂) အာပုပ်နံ့ နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။ (၃) ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူမ်ားသူမ်ား သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။ (၄) အဆုတ် သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်က...

သူစိမ်းကောင်းရင် ဆွေမျိုးထက် သာတယ်ဆိုတာလဲ အမှန်ပါ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းထက် သာတယ်ဆိုတာလဲ လက်တွေ့ပါ

ဆွေမျိုးတိုင်း မကောင်းဘူး မဟုတ်ပါဘူး ဒါပေမယ့် ကိုယ်နဲ့ပတ်သက်တဲ့ ဆွေမျိုးတွေကတော့ တော်တော် ငွေခင်တတ်တဲ့ အမျိုး။ ငွေလေးမြင်ရင် ဟိုးအဝေးကြီးရောက်နေလဲ ပြေးပြီးလာနှုတ်ဆက်ဖော်ရတယ် ။ အမျိုးဘယ်လိုတော်တာ ဘယ်ညာတော်တာ လာပြီးစပ်ပြတယ် ။ ဘူးသီးကို မြင်နေပြီပဲ အရီးခေါ်ဖို့လဲ ဝန်မလေးဘူးလေ ဒါပေမယ့် လက်ထဲမှာ ငွေမရှိတဲ့အခါလို့ ဆက်ပြီးပြောဖို့တောင် အချိန်မရဘူး။ အနီးအနားမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိတော့ဘူး ကိုယ်များနိမ့်ကျနေရင် အရင်ဦးဆုံး အပုတ်ချတာ ကိုယ့်အမျိုးအရင်း ခေါက်ခေါက်ကြီးတွေကပဲ။ သူစိမ်းတွေက နဲနဲအပြစ်ပြောရင် သူတို့က ပိုပိုသာသာလေး ထည့်ပြီးပြောတတ်ကြတယ် ကိုယ်များအဆင်မပြေရင် ငဲ့ကြည့်ဖို့မပြောနဲ့ အကူအညီတောင်းမှာကြောက်လို့။ လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်မပြောနိုင် ဖြစ်နေကြတာမျိုးလေ။ ကိုယ့်ကို ဘယ်အချိန်မှားမလဲလို့ မျက်လုံးဒေါက်ထောက်ကြည့်တဲ့လူတွေထဲမှာ သူစိမ်းတွေထဲ အမျိုးတွေများတယ်။ ဒါပေမယ့် ဆွေမျိုးတွေက ကိုယ့်အပေါ် စေတနာတော့ထားပါ သူတို့သားသမီးတွေကိုသာ နိုင်ချင်မှ နိုင်တာ။ ကိုယ်အမှားများတွေ့လို့ကတော့ ဆုံးမတာလိုလို သြဝါဒခြွေတာလိုလိုနဲ့ ပိုပိုသာသာလေး အပြစ်ပြောတတ်ကြတာလေ။ ကိုယ်မရှိရင် ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိ...

ကလေးတွေ ချောင်းဆိုးတဲ့အခါ လျင်လျင် မြန်မြန် ပျောက်ကင်းစေမည့် နည်းလမ်း

ကလေးတွေ ချောင်းဆိုးတဲ့အခါ အချိန်မကုန်ဘဲနဲ့ ချောင်းဆိုးပျောက်စေတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နွားနို့ ကြက်သွန်နီက အအေးမိပြီးချောင်းဆိုးတာ၊ ဖျားတာ၊ လည်ချောင်းနာတာတွေအတွက် ထိရောက်တဲ့ဆေးပါပဲ။ တောက်တောက်စင်းထားတဲ့ ကြက်သွန်နီ၃လုံး၊ ကြက်သွန်ဖြူတစ်တက်၊ နွားနို့တစ်လီတာကို ရောကြိုပါ။ အရသာရှိချင်ရင် ပျားရည်ထည့်လို့ရပါတယ်။ ဒီနည်းက အဆက်မပြတ်ဆိုးတဲ့ချောင်းအတွက် ထိရောက်ပါတယ်။ ၂။ နွားနို့၊ နနွင်း နွားနဲ့ နနွင်းရောဖျော်ထားတဲ့အရည်က ချောင်းဆိုးပျောက်စေတဲ့ သဘာဝဆေးပါပဲ။ နွားနို့နွေးနွေးလေးထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်မွှေပြီး ကလေးကို အိပ်ရာမဝင်ခင် တိုက်ပေးနိုင်ပါတယ်။ ၃။ ဆား ခြေထောက်က နွေးနေတဲ့အခါ ချောင်းဆိုးသက်သာပါတယ်။ ဆားကို သင့်တော်ရုံအပူပေးပါ။ ပြီးရင် ကလေးရဲ့ခြေထောက်မှာ လက်ကိုင်ပုဝါ သို့မဟုတ် ပတ်တီးစလေးစည်းပေးပြီး ဆားကို နင်းပေးရုံပါပဲ။ ဆားတွေ အေးသွားပြီဆိုမှ နင်းတာ ရပ်လို့ရပါပြီ။ ၄။ ဆားရည်နဲ့ ပလုပ်ကျင်းခြင်း ဆားရေနဲ့ပလုပ်ကျင်းခြင်းက လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။ ဆား စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ရေကို ရောမွှေပြီး ပလုပ်ကျင်းပါ။ ပိုပြီးအာနိသင်ရှိချင်ရင...

ကြောက်စရာ ကောင်းလာပြီ ဖြစ်သော ကသာ-ဗန်းမော် ကားလမ်း

ကသာ - ဗန်းမော် ကားလမ်း မဲဟင်း ကျေးရွာအဝင် လမ်းခွဲအနီး မိုင်တိုင်အမှတ် 6/7 အကြား မှာ ၁၈.၂.၂၀၂၀ ရက် နေ့ ညနေ ၅း၃၀ နာရီခန့် က မင်လယ်ကျေးရွာ ဘက်က နေပြန်လာတဲ့ လူတစ်ဦးကို MASK အနက်ရောင်များ တပ်ထားတဲ့ လူငယ် လူလတ်ပိုင်း ၄ ဦးအဖွဲ့ က ပဆိုးကွင်းကို ကြိုးသဖွယ် လိမ်ကျစ်ပြီး လူ ၂ ဦးမှ ဟိုဘက် ဒီဘက် ဆန့့်ဆွဲ ကိုင်ထားကာ လမ်းမပေါ်မှာ အကြမ်းဖက် လုယက်ဖို့ တားဆီးခဲ့သော ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။ လူ ၄ ဦးအနက် ဗလကောင်းကောင်း ၂ ဦးက ကျောက်ခဲကို အသင့်ကိုင်ထားပြီး လမ်းဘေး တစ်ဖက် တစ်ချက် စီကနေ အသင့်စောင့်ဆိုင်းနေခဲ့တာဖြစ်လို့ လမ်းကောင်းကောင်း မှာ အရှိန်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်ဟာ နောက်ပြန်လှည့်ဖို့ အချိန်မရတော့ပါဘူး ။ သေချာပေါက် ခဲနဲ့ ထုခံရမှာပါ ။ အရင်ကဒီနေရာမှာ ဆိုင်ကယ် မတော်တဆလို ဘာလိုလိုနဲ့ လက်သည်မပေါ်ပဲ လူတစ်ယောက် သေဆုံးခဲ့ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာလည်း သွေးရိုးသားရိုးဖြစ်ပုံ မပေါ်ပါဘူး ။ ဒီနေရာမှာ ပိတ်ဆို့ တားဆီးခဲ့တဲ့ လူတွေကို အကယ်၍ အရှိန်နဲ့ ဝင်တိုက်ပြီး ထွက်ပြေးမယ် ဆိုရင်လည်း ဆိုင်ကယ်လှဲပြီး အခြေနေမကောင်း ဖြစ်သွားနိုင်ပါတယ် ။ ဒီတော့ ဝါးတစ်ပြန်လောက် အရောက်မှာ ဆိုင်ကယ်ကို အရှိန်လျော့ ရပ်လိုက်ပြီး " ဟေ့ယ...