ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွက် တစ်လစာ ဟောစာတမ်း 🍁တနင်္ဂနွေသားသမီးများအတွက်🍁 အိမ်အသစ်ဆောင်မည့်ကိစ္စ အဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှာ သတင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်း များ လုပ်ရ ကိန်း ရှိပါတယ်။ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ် များ ကူညီစောင့် ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေဝယ်မည့်ကိစ္စပျက် တတ်ပါသည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး / လူမျိုးခြားတစ်ဦး ကြောင့် စိတ် အနှောက်အယှက်များ ကြုံရတတ်ပါသည်။ လက်အောက်ငယ်သား ၊ အလုပ်သမား များရှိလျှင် ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ဝင်ကိန်း ရှိပါသည်။ လုပ်ငန်းရှင်များ ကားအသစ် ချိန်းဖြစ်တတ်ပါသည်။ ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။ သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။ ဖြစ်နိုင်လျှင် ဒီတစ်လ လုံး စနေ၊ ဗုဒ္ဒဟူးနေ့များတွင် နာရေး လုံး၀ လိုက်မပို့ပါနှင့် ။ စနေ ၊ ဗုဒ္ဒဟူးနေ့တွင် တောင်အရပ် ခရီး ရှောင်ပါ ။ အရေးကြီး ကိစ္စ သွ...