ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် နို၀င်ဘာလအတွက် တစ်လစာ ဟောစာတမ်း တနင်္ဂနွေ သားသမီးများ လုပ်ငန်းစီးပွားနဲ့ပတ်သက်ပီး အောင်မြင်မည့်ကာလပါ။ လုပ်ငန်းသစ်၊ နေရာသစ် တိုးချဲ့ပြောင်းရွှေ့လုပ်ကိုင်ရတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ဆုံတွေ့ပီး မိတ်ဆွေအသစ်တို့ရဲ့ကူညီမစခြင်းတွေရပါလိမ့်မယ်။ အိမ်၊ခြံ၊မြေ အသစ်ဝင်ကိန်းရှိသည်။ ရွှေထည်ငွေထည် တန်ဖိုးရှိပစ္စည်းများ ထွက်ပါလိမ့်မည်။ စက်ပစ္စည်းအဟောင်းများထွက်ပီး အသစ်ပြန်ဝင်ကိန်းရှိပါတယ်။ အဝယ်မမှားဖို့တော့ လိုပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ် ဝမ်းဗိုက်နဲ့ပတ်သက်ပီး အထူးဂရုစိုက်ပါ။ အရက်၊ ဘီယာသောက်တတ်သူများ အသည်းရောဂါ မထင်မှတ်ပဲ ခံစားရတတ်ပါတယ်။ ချစ်သူရည်းစားများကတော့ အဆင်ပြေနေတာကနေ ဘေးသွေးထိုးစကားတွေကြောင့် အထင်မြင်မှား နားလည်မှုတွလွဲတတ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း ခေတ္တခဏတိုင်း စကားများရန်ဖြစ်နေရတတ်ပါတယ်။ ကွဲကိန်း၊ ပြတ်ကိန်းတော့မရှိပါ။ ထီဝါသနာပါသူများ ၃အစ ၉အပိတ် ကံစမ်းပေးပါ။ အထူးဟော - ကံအရမ်းမြင့်မားနေချိန်ပါပဲ ယတြာ - မွေးနံဂြိုလ်ထောင့်မှာ ရေသက်စေ့လောင်းပေးပါ။ တနင်္လာ သားသမီးများ ဘုရားဖူးခရီး (သို့) အပျော်တန်းခရီးများ မမျှော်လင့်ပဲ ထွက်ရတတ်ပါတယ်။ ပိုက်ဆံတွေအကု...